မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Monday, July 26, 2010

ဝါဆိုလပြည့် ဓမ္မစကြာနေ

















လောင်းလျာစိန္တေ၊ သန္ဓေတောထွက်
ဓမ္မစကြာ၊ ဒေသနာမြွက်
ပုန်းညက်ကြာခိုင်၊ ပျံ့လှိုင်ကြိုင်သင်း
ပဉ္စင်းတော်ပွဲ၊ ဝှဲချီးကျင်းပ
ဝါဆိုလခါ၊ ဗြုဗ္ဗာနက္ခတ်
ကရကဋ်ရာသီ၊ ဆင်တာရာကြည်ရွှန်း
တင့်ထွန်းဝင်းပ၊ ဗုဒ္ဓအမွေ
ရွှန်းဝေဖြာလှစ်၊ ဝေဿန္တလျှင်
ကြည်လင်သာမော၊ တောမိဂဒါဝုန်
ရဂုံကြိုင်လျှမ်း၊ စုံမြိုင်နန်းတွင်
ပဉ္စဝဂ္ဂီ၊ ငါးလီထေရ်အား
တရားဦးမွန်၊ ဟောလှစ်ညွှန်ပြ
မဇ္ဈိမ, ပဋိပဒါ၊ သစ္စာလေးဝ
ဒုက္ခ, သမုဒယ၊ နိရောဓနှင့်
မဂ္ဂတစ်ဖန်၊ မှန်တရားတို့
လက်ဖဝါးတွင်၊ ပတ္တမြားတင်အလား
ထင်ရှားပေါ်လွင်၊ မြင်သာအောင်ပြ
လောကသုံးသွယ်၊ ဝဋ်ပင်လယ်မှ
လွတ်လွယ်စေရာ၊ ဗြဟ္မာနတ်လူ
ကျွတ်ဆုယူလျက်၊ ဓမ္မစကြာ
ချိန်အခါကျ၊ ဓမ္မပူဇာ
ဒေသနာကို၊ ဘာဝနာသဘော
အာရုံစောညွှတ်၊ ပူဇော်ဝပ်တွား
ကြည့်ညိုအားဖြင့်၊ ရွတ်ပွားသရဇ္ဈာယ်ကြပါကုန်။    ။

ဦးအောင်မွန်(မဟာဝိဇ္ဇာ) 
26.7.2010 ရက် ဝါဆိုလပြည့်နေ့ ကြေးမုံ သတင်းစာ ပါ...

3 comments:

သဒ္ဓါလှိုင်း said...

မှတ်မှတ်ရရ၀ါဆိုလပြည့်နေ့အတွက်ရေးဖွဲ့ထားတဲ့ကဗျာစာစုလေးအတွက်
ကျေးဇူး...။

ခင်မင်စွာ
သဒ္ဓါ

ခိုင်နုငယ် said...

ပါဠိလိုအနက်မပြန်တတ်တော့
တစ်ချို့ပါဠိတွေနားလည်ပေမယ့်
တစ်ချို့ပါဠိလိုတွေကြနားမလည်ပြန်ဘူး။
ဖတ်ခွင့်ရတာကျေးဇူးပါ။

ခင်မင်စွာဖြင့်
ခိုင်နုငယ်

Myanmar Good Knowledg Co., Ltd said...

ဒီလိုမျိုးကဗျာကို ဖတ်ဖြစ်ဘို့မလွယ်ဘူးလေ။
အခုလို ဖတ်ရတာ ကျေးဇူးတင်တယ်နော်။

 
^ထိပ်ဆုံးသို့