မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Friday, September 10, 2010

ပိုးကိုက်ပန်း




မမျှော်လင့်တဲ့ အချိန်  မထင်မှတ်ထားတဲ့ နေရာမှာ ကိုယ်ရှေ.ကို ပန်းတပွင့်ရောက်လာခဲ့တယ်.. ပန်းလေးက တကယ်ကိုနှစ်သက် မြတ်နိုးစရာကောင်းတယ်လို. ကိုယ်ထင်လိုက်တယ်…. တကယ်တော့ ကိုယ် က ပန်းချစ်သူ တယောက်မဟုတ်ခဲ့သလို ဘာပန်းကိုမှလည်း မနှစ်သက်တတ်တဲ့သူပါ….ဒီတော့လည်း ပန်းမကြိုက်တဲ့ ကိုယ်က ပန်းမပန်တာ အထူးအဆန်း မဟုတ်ခဲ့ပါဘူး….ဒီတော့လည်း ကိုယ့်နှလုံးသားက ပန်းလေးတွေနဲ. မိတ်ဆွေမဖြစ်ခဲ့ဖူးဘူးပေါ့… လာမယ့်မွေးနေကျရင် ကိုယ့်နှလုံးသားလေးအတွက် ပန်းတပွင့် လက်ဆောင်ပေးဖို. ကြိုတင် စိတ်ကူး ထားလေတော့……..
ဒီပန်းလေး ကိုယ့်ရှေ.ရောက်လာတဲ့ အချိန် နှလုံးသားလေး အတွက် လှပတဲ့ လက်ဆောင်ဖြစ်လိမ့်လို. ပျော်ရွှင်စွာနဲ.  စိတ်ကူးလိုက်မိတယ်.. နှလုံးသားလေးလည်း ဒီပန်းလေးကို မြတ်နိုးရှာတယ် ထင်ပါရဲ. သူ.ခမျာလည်း  သူ.သခင် အလိုကျနေခဲ့ရလေတော့ ပျင်းရိရှာပြီနေမှာပေါ့လေ… သူ.အတွက် အဖော်ရ တော့မယ့်ဆိုပြီး ခုန်ပေါက်နေလိုက်တာ တဒိတ်ဒိတ်နဲ.ပေါ့….. ကိုယ့်အလိုကျနေပေးခဲ့တဲ့ လိမ္မာလွန်းတဲ့ နှလုံးသားလေး အတွက် သူနှစ်သက်တဲ့ ဒီပန်းလေးကို မွေးနေ. လက်ဆောင်အဖြစ် ပေးမယ်လို. စိတ်ကူးပြီး မြတ်နိုးစွာ ကိုယ်ကောက်ယူလိုက်တဲ့အချိန်မှာတော့…
အို ပန်းကလေးက အရောင်အဆင်းတွေလှပနေပေမယ့် ပိုးကိုက်တဲ့ ဒဏ်ရာတွေနဲ. ပြည့်နေတဲ့ ပန်းလေးတပွင့် ဖြစ်နေပါရောလား…… အဆင်းလှတဲ့ ပန်းပွင့်လေးရဲ့ ပွင်.ဖတ်တွေက ဒဏ်ရာ ဗလပွနဲ့ ဖြစ်နေလိုက်တာ… ကိုယ့်လက်ထဲက ပန်းလေးကို နှမြောတသစွာ ငေးကြည့်ရင်းဖြစ်ရလေ ပန်းကလေးရယ်….လို. သာ ရေရွတ်နေမိတယ်….
ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်ပြည့်တဲ့အထိ သူ.ရဲ.ဆန္ဒကို ထိန်းချူပ်လို. ဦးနှောက်ဆန္ဒအတိုင်း နေပေးခဲ့တဲ့ ကိုယ့်နှလုံးသားအတွက် ပိုးကိုက်ပန်းတပွင့်ကို လက်ဆောင်အဖြစ်ပေးခဲ့မယ်ဆိုရင် တရားပါ့မလား….. နှလုံးသားလေးကတော့ အဆင်းလှရှာတဲ့ ပန်းလေးကို  ပန်ဆင်ချင်တယ်ထင်ပါရဲ……. မင်းအတွက် ဒီပိုးကိုက်ပန်းကိုတော့ မပေးရက်ဘူးလို. ပြောလိုက်တဲ့ အချိန်မှာ ညိုးငယ်လို. သွားလေရဲ.   …. ကိုယ်ဘာလုပ်ရမလဲ ပန်းကလေးရယ်…… ကိုယ့်မေးခွန်းကို ကြားလို. ကိုယ့် ဦးနှောက်က အပြေးအလွှား အဖြေပေးရှာတယ်…….. မရူးချင်ပါနဲ. တဲ့လေ…….
ကိုယ့်နှလုံးသားမွေးနေ.အတွက် လက်ဆောင်ပေးမယ့် ပန်းတပွင့်က အဆင်းမလှရင်တောင် အချင်းလှတဲ့ ပန်းတပွင့်တော့ မဖြစ်သင့်ဘူးလား…… နှလုံးသားလေးက ဒီပန်းလေးကို  မရရှာလေတော့ ဆန္ဒပြတယ် ထင်ပါရဲ….. ညိုးငယ်စွာနဲ. မစားမသောက်နေလေတော့ ကိုယ့် ဦးနှောက်လည်း ဘာလုပ်လို.လုပ်ရမှန်း မသိဖြစ်လို.ပေါ့…. ကဲ လိမ္မာတဲ့ နှလုံးသားရေ မင်းအတွက် မွေးနေ.လက်ဆောင်အဖြစ် မင်းလိုချင်တဲ့ ဒီပိုးကိုက်ပန်းလေးကိုဘဲ လက်ဆောင်အဖြစ် ပေးပါ့မယ်ကွာလို. ဆုံးဖြတ်ပြီး ပန်းလေကို တဖန် ကောက်ယူ ကြည့်မိလိုက်တဲ့ အချိန်မှာတော့….
 ဘုရားရေ….. ပန်းလေးက မတော်တဆ ပိုးကိုက်ခံရတာ မဟုတ်ဘဲ ပန်းလေးကိုယ်တိုင်က ပိုးတွေ မွေးမြူထားခဲ့တာပါလား…… ပိုးမွေးထားတဲ့ ပန်းတပွင်.ကို ကိုယ့်နှလုံးသားလေး တခဏ စိတ်ချမ်းသာ ဖို.အတွက်  လက်ဆောင်အဖြစ် ပေးခဲ့မယ်ဆိုရင် ကိုယ့်အတွက် လိမ်မာလွန်းတဲ့ ကိုယ့်နှလုံးသားလေးလည်း ပိုးကိုက်ခံရမှာ သေချာနေပြီပေါ့….. ဘာလုပ်ရမလဲ ပန်းကလေးရယ် ကိုယ့်နှလုံးသားလေး အတွက်……သူက မင်းကို မြတ်နိုးနေရှာတယ်…..
နှလုံးသားလေးကို အမြဲအနိုင်ယူတတ်တဲ့ ဦးနှောက်က ပြောတယ်….. မင်းမြတ်နိုးလို. ပန်ဆင်မယ်ဆိုရင် မင်းလည်း မကြာခင်မှာဘဲ ပိုးကိုက်ခံရလိမ့်မယ်  တဲ့.. မင်းခဏဘဲ စိတ်ချမ်းသာရမှာပါ နှလုံးသားလေးရယ်တဲ့… ပိုးကိုက်ခံခဲ့ရတဲ့ ပန်းတပွင့်ကို ပန်ဆင်လို.ရနိုင်ပေမယ့် ပိုးမွေးထားတဲ့ ပန်းတပွင့်ကို ပန်းဆင်ဖို.အထိတော့ မစွန်းစားပါနဲ့တဲ့ …… ဒီစကားကို ကြားလိုက်တော့ နှလုံးသားလေးက ရုတ်တရက် ညိမ်သက်လို. သွားတယ်…..
အော် ဒီတကြိမ်လည်း ဦးနှောက်က အနိုင်ရ သွားခဲ့ပြန်ပြီဘဲ…….
 ပိုးမွေးထားတဲ့ ပိုးကိုက်ပန်း ကို နှလုံးသားလေး ပန်ဆင်ဖို. အတွက် လက်ဆောင် အဖြစ် မပေးလို. မင်းစိတ်ကောက်မယ်ဆိုရင်လည်း ခွင့်လွတ်ပါတော့ နှလုံးသားလေးရယ်…..
 မင်းနှစ်သက်တဲ့ ပန်းက ပိုးကိုကြိုက်တဲ့ ပိုးကိုက်ပန်း တပွင့်မို.ပါ………
ဒီ ပိုးကိုက်ပန်း ဆိုတဲ့ ခံစားချက် စာစုလေးများကတော့ ဂျပန်ပြည်ရောက် မမသွယ်မှ  အွန်လိုင်းမှ တဆင့် ပို့ပေးထားခြင်းဖြစ်ပြီး သူ့ရဲ့ ခံစားချက်နဲ့ တိုက်ဆိုင်မှုလေးများကို ရေးဖွဲ့ ထားခြင်းဖြစ်ပါတယ်။ စာဖတ်သူတို့ လည်း ဒီခံစားချက်လေး များနဲ့ တစ်ထပ်ထဲ တူနေတဲ့ တိုက်ဆိုင်မှု လေးများ ရှိခဲ့မယ်ဆိုလျှင်ဖြင့် နှလုံးသားကပဲ ဦးနှောက်ကို အနိုင်ယူမလား ဦးနှောက်ကပဲ နှလုံးသားကို အနိုင်ယူနိုင်မလား ဆိုတဲ့ အချက်လေးများကို သေချာ စဉ်းစား သုံးသပ် နိုင်ပြီးတော့ စစ်မှန်တဲ့ ဆုံးဖြတ်ချက်လေးများ ချနိုင်ကြပါစေလို့ ဆန္ဒပြုရင်း........။
ခင်မင်စွာဖြင့်
ဇော်သိင်္ခ

11 comments:

SHWE ZIN U said...

ပိုးကိုကြိုက်တဲ့ ပိုးကိုက်ပန်းလား ပိုးကကြိုက်တဲ့ ပိုးကိုက်ပန်း လား

ခံစားစရာစာစုလေးကို ဖတ်သွားပါတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ချော(အစိမ်းရောင်လွင်ပြင်) said...

အင်း ပိုးကိုက်နေတဲ့ပန်းတဲ့လား
မွေးထားတဲ့ပိုးက ပန်းတင်မက
ကိုယ့်နှလုံးသားကိုပါ ကိုက်ဝါးသွားနိုင်တာမို့
လက်ဆောင်အဖြစ် မရွေးချယ်သင့်တဲ့ပန်းလို့ဘဲ အကြံပြုလိုက်ပါရစေ..
စင်းလုံးချော ပန်းမဟုတ်ရင်တောင် ပန်းတစ်ပွင့်ရဲ့ အင်္ဂါနဲ့ ပြည့်စုံနေမှသာ ပန်ဆင်ဖို့ တင့်တယ်တယ် မဟုတ်လားလေ။

လသာည said...

ပိုးကိုကြိုက်တဲ့ ပန်းတဲ့လား..။ ရင်နာစရာ ပန်းပုံပြင်လေးပါ။

လာအားပေးတာ ကျေးဇူးတင်ပါတယ်။ ဒီဘလော့မှာ ရေးထားတွေ သဘောကျပါတယ်။ အခုရက် အလုပ်များနေလို့ ဖြည်းဖြည်းအေးအေး ဖတ်မယ်ဆိုပြီး မရောက်ဖြစ်ဘူး..။ ဆောရီး.

စကားမစပ် မမသွယ်? တို့အသိ မမသွယ်များလား (သစ်တောက)

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

အစ်မရေ

အချိန်လေးရမယ်ဆိုရင် တခြားဆောင်းပါးတွေ ရေးနေတာရပ်ထားပါဦး။ ဒီမိုယောကျားတွေ အခြောက်စိတ်ဝင်နေတဲ့ ကိစ္စကို ဆုံးမဖို့ ဆောင်းပါးလေးတွေရေးပေးဖို့ မေတ္တာရပ်ခံပါတယ်။ သူတို့က အွန်လိုင်းမှာတောင် စစ်သားတွေကို ချေးထွက်မတတ် ကြောက်နေကြတယ်။ ဒေါက်တာလွမ်းဆွေး ဘလော့ဆိုရင် တစ်နေ့ကို လူတစ်သောင်းဝန်းကျင်အထိ ဖတ်ရှုပါတယ်။ ပဲခူးလူသတ်တဲ့ကိစ္စကို စစ်ဗိုလ်တွေက ဒေါက်တာလွမ်းဆွေဘလော့ရဲ့ ကော်မန့်မှာ ပြောင်ပြောင်တင်းတင်းကို ထောက်ခံနေပါတယ်။ ဒီမိုယောကျား ၃ ယောက်လောက်ကပဲ စစ်ဗိုလ်တွေကို ယှဉ်ပြီးပြောရဲပါတယ်။ တစ်သောင်းမှာ ၃ ယောက်ကပဲ စစ်ဗိုလ်တွေကို ယှဉ်ပြီးပြောရဲတဲ့သူပဲ ရှိတဲ့အဖြစ်ဟာ အစ်မတို့ ဒီမိုတွေအပေါ် အထင်သေးစရာဖြစ်နေပါတယ်။ပိတောက်မြေနဲ့ ကျေးစေတမန် ဘလော့မှာလည်း ဒီမိုယောကျားတွေ အသံမထွက်ရဲပါဘူး။ အွန်လိုင်းပေါ်မှာ အမှန်တရားအတွက် နည်းနည်းပါးပါးလေးတောင် မပြောဆိုရဲဘူးဆိုရင် ဘယ်လိုလုပ်ပြီး အပြင်မှာ သေနတ်ကိုင်ထားသူတွေကို ရင်ဆိုင်ရဲမှာလဲ? ဒါ့ကြောင့်.. စစ်သားတွေရဲ့ကွယ်ရာမှာ နအဖကို ဒေါသထွက်နေတဲ့ ဒီမိုယောကျားတွေကို … အွန်လိုင်းမှာ စစ်သားတွေနဲ့ ယှဉ်ပြိုင်ပြီးပြောဖို့ တိုက်တွန်းပေးပါဗျာ။ စစ်သားတွေဆဲမှာကို ကြောက်လို့ ဘာမှ မပြောတာဆိုရင်တော့ ဒင်းတို့ကို သနတ်ခါးလေးလူး… ထမိန်လေးဝတ်ပြီးနေဖို့ပြောပေးပါဗျာ။

လေးစားလျက်
ဇော်မျိုး

မဗေဒါ (၈၈) said...

ဟလို... မိုးကောင်းကင်ကြီး ..


အင်း.. တကယ်တော့ တခါတလေ ဦးနှောက်ကို ဦးစားပေးသင့်သလို တခါတလေတော့လည်း နုလုံးသားကို ဦးစားပေးသင့်တယ်လို့ ယူဆတာမျိုး ရှိတာကောင်းမယ်ထင်တာပဲ..။

မဗေဒါ (၈၈)

ဘရာဗို said...

း)
ိပိုးမွေးထားတဲ့ ပန်းဆိုရင်တော့ မဟန်ဘူးဗျ

သိင်္ဂါကျော် said...

မှန်တာပေါ့.. ပိုးကိုက်ပန်းကိုတော့ သွားနမ်းလို့ မဖြစ်ချေဘူး.. :)

မြသွေးနီ said...

ပိုးကိုက်ပန်းမှန်းသိလို့ နောက်ဆုတ်လိုက်တာ
မှန်ကန်တဲ့ရွေးချယ်မှုပါ..။
နောက်တစ်ကြိမ် အပြစ်ကင်းစင်တဲ့ပန်းလေးနဲ့
ဆုံဆည်းပါစေရှင်..။

blackcoffee said...

နောက်တခါ ပိုးကိုက်တဲ့ ပန်းနဲ့ မတွေ့ ပါစေနဲ့ လို့ ဆုတောင်း ပေးလိုက်ပါတယ် သူငယ်ချင်း.....

ခိုင်နုငယ် said...

အင်း ပန်းကိုယ်တိုင်က ပိုးကိုက်တာနှစ်သက်နေတယ်ဆိုရင်တော့
နှလုံးသားအတွက်...ဦးနှောက်က ပန်းအင်္ဂါနဲ့ပြည့်စုံတဲ့ ပန်းမျိုးကိုပဲရွေးချယ်သင့်တယ်လို့ အကြံပြုပါရစေ။

လှယမင်း said...

အင်း... အကြောင်းကတော့ မတိုက်ဆိုင်ပါဘူး။ ဒပေမယ့် စဉ်းစားစရာတော့ ရခဲ့တယ်။ ပန်းလေးကိုယ်တိုင်က ပိုးကိုမှ နှစ်သက်ပြီး မွေးမြူထားတယ်ဆိုတော့ ပန်းချစ်သူလည်း ပိုးကိုပါ ချစ်တတ်အောင် လေ့ကျင့်ထားသင့်တယ် ထင်တာပါပဲ။
ခင်မင်လေးစားစွာဖြင့်
လှယမင်း

 
^ထိပ်ဆုံးသို့