မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Monday, September 6, 2010

မင်းကို သိစေချင်တယ်













  • သူငယ်ချင်းရယ်......
  • မင်းကိုချစ်ခဲ့မိတဲ့
  • ငါ့ အချစ်တွေက
  • မင်းကို ဒဏ်ရာတွေပေးနေခဲ့သလို
  • ဖြစ်နေမိတယ်ဟာ
  • ငါ တကယ်စိတ်မကောင်းဘူး
  • မင်း နဲ့ ပက်သက်ပြီး
  • ဦးနှောက်က နောက်ဆုတ်ဖို့ အချက်ပြခဲ့ပေမယ့်
  • နှလုံးသားက ရှေ့ဆက်တိုးနေမိတယ်ဟာ
  • ငါ့ ဘယ်လိုအင်အားမျိုးနဲ့
  • နှလုံးသားရဲ့ အလိုကို တားမြစ်ရမှာလဲ
  • မင်းကို စွန့်လွှတ်ဖို့ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်ဘူး
  • ပိုင်ဆိုင်ခွင့်ဆိုတာလည်း မဖြစ်နိုင်
  • ခက်တော့ခက်နေပြီဟာ
  • မထင်မှတ်ပဲ မင်းရင်ထဲမှာ
  • ငါရှိနေတယ် ငါအရမ်းပျော်တယ်ဟာ
  • မင်းရင်ထဲမှာ ငါ့အတွက် မြူမှုန်တမှုန်လောက်ပဲ
  • အချစ်တွေရှိနေပါစေ ငါကျေနပ်တယ်ဟာ
  • မင်းကို ချစ်ခဲ့မိတာ တကယ်ပါ
  • ခဏတာစိတ်ကစားခဲ့တာ မဟုတ်ပါဘူး
  • အခြေအနေတွေ ဘယ်လိုဖြစ်နေနေ
  • ဘယ်လို အမြင်မျိုးနဲ့ ဖြစ်ဖြစ်ပေါ့
  • ငါ့ ကိုနားလည်ပေးပါနော်
  • တခုတော့ မင်းကို သိစေချင်တယ်
  • ငါ့ အတွက် ၀င်သက်ထွက်သက်ရှိနေတဲ့
  • မနက်ဖြန်တိုင်းမှာ
  • မင်းကိုပဲ သတိရနေမယ့်နေ့ ရက်တွေ
  • ဖြစ်နေတယ်ဆိုတာကိုပေါ့.........

ညီမလေး မိုး ကလည်း သူ့ရဲ့ ခံစားချက် ပြင်းထန်မှုတွေနဲ့ ထွက်လာတဲ့ ကဗျာတွေပို့ပေးထားတယ်။ ကျွန်တော်ကလည်း အခုတလော သိပ်မအားတာနဲ့ ဘာမှ မရေးဖြစ်တော့.... ခံစားချက် ကဗျာလေး တွေကိုပဲ  ပြန်ပြီး မျှဝေပေးနေရပါတော့တယ်။ ဒီကဗျာလေးကတော့ မိုး ရဲ့ ခံစားချက်နဲ့ အတူ တစ်ချို့စာကြောင်းတွေက ကျွန်တော်ရဲ့ ခံစား ချက်လေးတွေနဲ့လည်း နည်းနည်း တိုက်ဆိုင်နေတယ်ထင်လို့ ဒီကဗျာလေး ကိုလည်း သဘောကျ နှစ်သက်မိပါတယ်။  ဒါကြောင့် အပြင်မှာ မမြင်ဖူးမတွေ့ဖူးပေမယ့် အွန်လိုင်းကနေ ကဗျာလေးတွေ ပို့ပို့ပေးနေသော ညီမလေး မိုး တစ်ယောက် ညီမလေး ရဲ့ ခံစားချက် အစစ်အမှန်တွေကို သက်ဆိုင်သူ သူငယ်ချင်းတစ်ယောက် အမြန်ဆုံး သိစေပြီးတော့ ညီမလေးရဲ့ အချစ်တွေကို အမြန်ဆုံး ပြန်လည် တုံ့ပြန်သက်ရောက်မှုများ ရရှိနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်............။ 

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

4 comments:

SHWE ZIN U said...

ကိုဇော်သိက္ခ ရေ

ညီမလေး ကဗျာတွေ ကြီးဘဲလည်း မလုပ်နဲ့ အုန်းလေဗျာ ကိုယ်ပိုင် လေးတွေလည်း လုပ်ပါအုန်း

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Word Verification ဖြုတ်ပေးရင် ကောင်းမှာဘဲနော်

Anonymous said...

လာမယ်ဆရာမရေ..ကိုယ်ပိုင် ခံစားချက် ကဗျာတွေ ရေးနိုင်အောင်လို့ အမြန်ဆုံး နည်းလမ်းနဲ့ ကြိုးစားနေပါတယ်.. မကြာမီ ကိုယ်ပိုင်ခံစားချက် ကဗျာတွေ ထွက်လာတော့မှာပါ......
:)

ဇော်သိင်္ခ

ကိုအောင် said...

သိတော့ သိမှာပါ။

ချော(အစိမ်းရောင်လွင်ပြင်) said...

သက်ဆိုင်သူများ သိပါစေ။
သူများနံမည်ခံပြီး ကိုဇော်သိင်္ခက သူပြောချင်တာတွေ ကဗျာနဲ့ ပြောနေတာများလား မသိနော်..း)

 
^ထိပ်ဆုံးသို့