မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Tuesday, August 31, 2010

ကျေနပ်မိနေမှာပါ
















  • သူငယ်ချင်းရယ်
  • မင်းနဲ့ ပက်သက်တဲ့အရာအားလုံးကို
  • ငါ့မှာ မျှော်လင့်ခွင့်တောင် ပိုင်ဆိုင်ခွင့်မရှိဘူးလား
  • မင်းအတွက် မာနတွေ ခ၀ါချခဲ့တာတောင်
  • အမုန်းတချို့နဲ့
  • ဒဏ်ရာတချို့ သာပြန်ရခဲ့တယ်
  • ဒါနဲ့တောင် မင်းကို ငါမမုန်းဘူးတဲ့
  • မင်း တောင်းဆိုလိုက်စမ်းပါ
  • မင်းအတွက် ငါ အရာအားလုံးကို 
  • ပေးဆပ်ဖို့ အသင့်ရှိနေလေရဲ့
  • ငါ့ရင်ထဲက တမ်းတစွာနဲ့ခေါ်နေသံကို
  • မင်းမကြားလို့ င့ါကိုထားခဲ့တာလား
  • ငါတောင်းဆိုလိုက်ပါရစေ
  • မင်း ငါ့အချစ်တွေကို အသိအမှတ်ပြုရင်
  • တချက်လောက်ပဲ ငါ့ကို လှည့်ကြည့်ခဲ့ရင်ကို....
  • ငါ... အရာအားလုံးကို အတိုင်းအသိ
  • ကျေနပ်မိနေမှာပဲ...။

ညီမလေး မိုး ရဲ့ သူငယ်ချင်းအပေါ်မှာ ချစ်မိတဲ့ တစ်ဖက်သတ်အချစ် ကဗျာ လေးကို သူငယ်ချင်းတို့ အားလုံးလည်း မျှဝေ ခံစားပေးရင်း........ ညီမလေး မိုး  လည်း မျှော်လင့်သော အချစ်တွေ အမြန်ဆုံး ပြည့်လာ နိုင်ပါစေလို့ ဆန္ဒ ပြု လိုက်ပါတယ်.......။

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

7 comments:

SHWE ZIN U said...

ကဗျာလေး ဖတ်သွားတယ် ကိုဇော်သိင်္ခ ရေ အားလုံး လိုအင်ဆန္ဒများ ပြည့်ဝပါစေ

ခင်တဲ့
ရွှေစင်ဦး

ချော(အစိမ်းရောင်လွင်ပြင်) said...

သူငယ်ချင်းရော တင်ပေးတဲ့ ကိုဇော်သိင်္ခရော မျှော်လင့်ချက်တွေ အမြန်ဆုံးပြည့်ဝလာပါစေလို့
ချစ်စရာကဗျာလေးကို ခံစားသွားပါတယ်..

ကိုကိုးအိမ်(မန္တလေး) said...

ဦးဦးမိုးကောင်းကင်တို့ကတော့ ကဗျာအလန်းတွေနဲ့ ဗျို့ ကဗျာလေးမိုက်တယ်.. အင်းဒါမျိုးအချစ်တွေလည်း အများကြီးနေမှာပဲ... သူငယ်ချင်းပေါတဲ့သူတွေဆိုပိုဖြစ် မယ်ထင်တယ်.. ဟီး... ဘလော့ဂါကြီး ဘယ်လိုလည်း မစားရသေးဘူးလား... ကိတ်မုန့်နဲ့ရေ ခဲမုန့် ဆီဒိုးနားမှာ... အဟဲ.. ကြားဖူးတာတော့ သူများအကျိုးဆောင်ကိုယ့်ကျိုးေါအာင်တဲ့.. ခုတော့ ဘလော့ဂါကြီးက သူများအကျိုးဆောင်တာ ကိုယ့်ထိပ်တောင်ပြောင်တော့မယ် ခုထိလူပျိုသိုးကြီး ဖြစ်တော့မယ်...

ကိုကိုးအိမ်

ကိုအောင် said...

ကဗျာလေး လာဖတ်ပါတယ် ကိုဇော်သိင်္ခရေ။

မြစ်ကျိုးအင်း said...

အမြဲတမ်း မဟုတ်ရင်တောင် တခါတလေတော့ တိတ်တခိုး အရသာက ကောင်းတယ်။
ဖြူစင်တဲ့စိတ်နဲ့ အချစ်စစ်ရင် ကိုယ့်အတွက် ပျော်ရွှင်ချိန် ပြန်ရနိင်တာ အားပေးလိုက်ပါဗျာ။

ရေသန့် said...

မျှော်လင့်သော အချစ်တွေ အမြန်ဆုံး ပြည့်လာ နိုင်ပါစေ လို့ ကျွန်တော်လည်း ဆုတောင်းလိုက်ပါတယ်။

♣☺တောသူမလေး☺♣ said...

ညီမလေးမိုးဆို နာမည်တူနေတယ်ဟ..အဟိ
အားပေးတွားပါတယ်ရှင့်..:)

 
^ထိပ်ဆုံးသို့