မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Monday, August 2, 2010

ရယ်ရယ်ပြုံးပြုံး ဟာသများ ၂


ဘယ်ရမလဲ

ဂျွန်နီကလေး ယနေ့ကျောင်းစတက်ရသည်။ အဖေဖြစ်သူက ဆရာမအား ``ကျွန်တော့်သားက အလောင်းအစားလုပ်တာ အရမ်းဝါသနာပါတယ်။ သူ့ကို သတိထားပါ`` ဟုပြောရာ ဆရာမက ``စိတ်မပူပါနဲ့၊ ကျွန်မငယ်ငယ်က သူ့ထက်တောင်ဆိုးသေးတယ်။ ကျွန်မ သူ့ကို ထိန်းနိုင်ပါတယ်`` ဟု ဆိုသည်။
ညနေကျောင်းဆင်းချိန်တွင် ဆရာမက ဂျွန်နီကလေး၏ဖခင်အား ဂုဏ်ူယူစွာဖြင့် ``ဒီနေ့ အလောင်းအစားလုပ်တာ ကျွန်မ နိုင်လိုက်တယ်။ နောက်ဆို သူကျွန်မကို စိန်ခေါ်ရဲတော့မှာ မဟုတ်ဘူး။ ကျွန်မ တင်ပါးမှာ မှဲ့ရှိရမယ်လို့ သူက ငါးဒေါ်လာကြေး လာလောင်းလို့ မရှိဘူးဆိုတဲ့ အကြောင်း သူ့ကို သက်သေပြလိုက်တယ်လေ`` ဟု ဆိုရာ ဂျွန်နီလေး၏ ဖခင်က စိတ်ပျက်စွာဖြင့် ဆိုလိုက်သည်က ``အဲဗျာ…. ဒါဆို ကျွန်တော်တော့ ရှုံးပြီ။ သူက ဒီနေ့ နေ့မကူးခင် ဆရာမရဲ့ တင်ပါးကို ရအောင် ကြည့်ပြမယ်ဆိုပြီး ကျွန်တော်နဲ့ ဒေါ်လာ ၁၀၀ ကြေး လောင်းထားတာလေ…`` ။

ကဲ…. ရှင်းပြီလား

မနက်စောစောမှာ မိခင်ဖြစ်သူက သားကို ကျောင်းသွားဖို့ နှိုးတယ်။
``ထတော့… သား။ ကျောင်းသွားဖို့ အချိန်ရောက်နေပြီ``
``ဘာဖြစ်လို့လဲ အမေရဲ့ ။ မသွားချင်ဘူးဗျာ``
``မင်းက ဘာကိစ္စ မသွားချင်ရတာတုံး။ အကြောင်းပြချက် နှစ်ခုလောက် ပေးစမ်းပါဦး``
``တစ်အချက် ကျောင်းသားတွေက ကျွန်တော့်ကို ကြည့်မရကြဘူး။ နှစ် အချက် ဆရာတွေကလည်း မကြိုက်ကြဘူး။ ကဲ….``
``မရဘူးဟေ့… မရဘူး။ ဘာအကြောင်းပဲ ရှိရှိ မင်းကျောင်းတော့ သွားကို သွားရမယ်``
``ကွိုင်ပဲ အမေရာ၊ ကျွန်တော့် ဘာဖြစ်လို့ ကျောင်းသွားသင့်တယ်ဆိုတဲ့ အကြောင်းပြချက်လေး နှစ်ခုလောက် ပေးပါဦး``
တွေ့ကြသေးတာပေါ့ဆိုတဲ့ မျက်နှာထားနဲ့ မိခင်ဖြစ်သူ ပြောလိုက်တာကတော့
``တစ်အချက်က မင်းအသက် ၅၃ နှစ်ရှိနေပြီ။ နှစ်အချက်က မင်းက ကျောင်းအုပ်ဆရာကြီး ဖြစ်နေလို့ပဲ``

ပြတ်စဲတာလောက်တော့ မဆိုးပါဘူး

ဇနီးမောင်နှံနှစ်ယောက် ကားမောင်းလာစဉ်မှာ ခင်ပွန်းဖြစ်သူက တစ်နာရီ မိုင် ၆၀ နှုန်းနဲ့ မောင်းနေတဲ့ ဇနီးကို ``အချစ်ရေ.. ဒို့နှစ်ယောက် ပေါင်းသင်းလာတာ နှစ် ၂၀ ရှိပြီ။ ဒါပေမယ့် ငါ မင်းနဲ့ ကွာရှင်းချင်တယ်`` လို့ ရုတ်တရာက် ပြောလိုက်တယ်။
ဇနီးက ဘာမှ ပြန်မပြောဘဲ ကားအရှိန်ကို မြှင့်လိုက်တယ်။ ခင်ပွန်းဖြစ်သူက ဆက်ပြီး ``ဒါကို မငြင်းစေချင်ဘူး။ ဘာကြောင့်လဲဆိုရင် မင်းရဲ့ အရင်းနှီးဆုံးသူငယ်ချင်းနဲ့ ငါချစ်နေလို့ပဲ။ ချစ်သအနေနဲ့ သူဟာ မင်းထက်သာတယ်`` လို့ ပြောပြန်တယ်။ ဒီတစ်ခါမှာလည်း ဇနီးက ဆိတ်ဆိတ်နေပြီး သူ့ဒေါသနဲ့အညီ ကားကိုလည်း ပိုမြန်မြန် မောင်းလာတယ်။ ``ငါ အိမ်ကို လိုချင်တယ်`` လို့ ခင်ပွန်းက တောင်းဆိုတယ်။ နောက် ကားကိုလည်း တောင်းပြန်တယ်။ ဇနီးကတော့ ခပ်ဆိတ်ဆိတ်နဲ့ ကားအမြန်နှုန်းကို တိုးပြီးရင်းတိုးလို့ပေါ့။ ``ဘဏ်စာရင်းရော၊ အကြွေးဝယ်ကတ်ပါ လိုချင်တယ်``လို့ ခင်ပွန်းက လောဘဇောနဲ့ တဆင့်တက်လာပြန်တယ်။ ဇနီးက ကားကို တံတားတစ်ခုဆီ ဦးတည်လိုက်တယ်။ ဒီအခါ ခင်ပွန်းက ထိတ်လန့်လာပြီး ``မင်းရော ဘာလိုချင်လဲ`` လို့ မေးလိုက်တယ်။ ``မလိုဘူး။ ကျွန်မလိုအပ်တာ ကျွန်မမှာ ရှိပါတယ်။ လို့ ဇနီးက ပြန်ပြေားတယ်။ ``ဟုတ်လား၊ ဘာလဲ`` လို့ ခင်ပွန်းက မေးလိုက်တဲ့အခါ တံတားကို မိုင်တစ်ရာနှုန်းနဲ့ ဝင်မတိုက်မီမှာ ဇနီးက ပြုံးပြီး ပြန်ဖြေလိုက်တာက…. ``အသက်ကယ် လေအိတ်လေ`` တဲ့။

ဉာဏ်ကြီးရှင်

လယ်သများတစ်ယောက် ပြစ်မှုတစ်ခုဖြင့် အချုပ်ကျနေစဉ် ဇနီးသည်က လယ်စိုက်ပျိုးရေးကိစ္စ အဝဝကို ဆောင်ရွက်နေရလေ၏။ လယ်ယာကိစ္စ မကျွမ်းကျင်သူ ဇနီးသည်က ယောက်ျားထံ အီးမေးလ် လှမ်းပို့သည်။
``ယောက်ျားရေ… ကျွန်မ အာလူးစိုက်ချင်လို့ ဘယ်အချိန်စိုက်ရင် ကောင်းမလဲ။
လယ်သမားက စာပြန်သည်။
``မိန်းမရေ.. လယ်ထဲမဆင်းနဲ့နော်။ ငါ့သေနတ်တွေ မြှုပ်ထားလို့ မင်းအတွက် အန္တရာယ်ရှိ``
အကျဉ်းထောင်အတွင်းမှ ပို့သော မေးလ်များကို ရဲများက ထုံးစံ အတိုင်းစစ်ဆေးပြီးနောက် လယ်သမား၏ လယ်မြေတစ်ခုလုံးကို တူးဆွ၍ ၎င်း၏ သေနတ်များကို ရှာဖွေကြသည်။ သေနတ်နှင့် တူသောအရာပင် ရှာမတွေ့ချေ။
ထို့နောက် လယ်သမားက မိန်းမထံ စာတစ်စောင် ထပ်ပို့သည်။
``မိန်းမရေ… အာလူးစိုက်မယ်ဆို စိုက်တော့ဟေ့။``

ရေများများလောင်းလေ ကောင်းလေ

မဂ်လာအခမ်းအနားအတွက် အစမ်းလေ့ကျင့်နေစဉ် သတို့သားဖြစ်သူက ဘိသိက်ဆရာထံ ချဉ်းကပ်ပြီး ``ဆရာကြီး ကျွန်တော်တို့ မင်္ဂလာဆောင်တဲ့နေ့မှာ ကျွန်တော့်ကို ကတိသစ္စာ ဆိုခိုင်းတဲ့အခါကျရင် သူ့ကို ချစ်ခင်တန်ဖိုးထားပြီး သစ္စာရှိရှိနဲ့ ရိုးမြေကျပေါင်းသင်သွားပါ့မယ်ဆိုတဲ့ အပိုဒ်ကို ချန်ထားခဲ့ပေးပါခင်ဗျာ။ ကျွန်တော် ဆရာကြီးကို ဒေါ်လာ ၁၀၀ ကန်တော့ပါတယ်`` ဟု ညှိနှိုင်းပြီး ကျေနပ်စွာ ထွက်ခွာသွားသည်။
မင်္ဂလာဆောင်သည့်နေ့၊ သတိုးသား သစ္စာဆိုရမည့်အလှည့်တွင် ဘိသိက်ဆရာက  သတိုးသားမျက်နှာကို စေ့စေ့ကြည့်လျက် ``ကိုင်း၊ အသင် သတိုးသားကိုယ်တိုင် သတိုးသမီးရှေ့မှောက်မှာ သူ့ရဲ့ အလိုဆန္ဒကို ဖြည့်ဆည်းပေးပါ့မယ်၊ အသက်ထက်ဆုံး ကြင်နာစွာ ပေါင်းသင်းသွားမယ့်အပြင် သူစိမ်း မိန်းမမှန်သမျှ စောင်းငဲ့လို့ မကြည့်ပါဘူးလို့ ကတိသစ္စာပြုပါသလား`` ဟုပြောလိုက်သည်။
သတိုးသားခမျာ လည်ချောင်းထဲတွင် တစ်ဆို့လာပြီး ဘေးဘီကို လှည်ပတ်ကြည့်ကာ လေသံခပ်သဲ့သဲ့ဖြင့် ``ဟုတ်ကဲ့`` ဟုဆိုလိုက်ပြီး ``ကျွန်တော်တို့ ညှိထားပြီးသားလေ ဆရာကြီးရဲ့`` ဟု ဘိသိက်ဆရာနား တိုးတိုးကပ်ပြောလိုက်သည်။ ထိုအခါ ဘိသိက်ဆရာက ဒေါ်လာ ၁၀၀ တစ်ရွက်ကို သတိုးသားလက်ထဲ ထိုးထည့်လိုက်ပြီး တိုးတိုးလေး ပြန်ပြောသည်။
``သူပေးတာက ပိုများနေလို့ပါကွာ``

ကိုယ်တွေ့ ပညာပေး

``အချစ်ရေ .. ကိုယ့်သူငယ်ချင်း တစ်ယောက်ကို ညစာစားဖို့ခေါ်လာတယ်`` လို့ ပီတာက ဇနီးကို လှမ်းပြောလိုက်တယ်။
``ဘာ… ရှင်ရူးနေလား။ တစ်အိမ်လုံးလည်း ရှုပ်ပွနေတာပဲ။ ဈေးမသွားနိုင်တာလည် ကြာပြီ၊ ပန်းကန်တွေကလည်း မဆေးရသေးဘူး။ ဟင်းကောင်းကောင်းချက်ပေးဖို့လည်း ဒီနေ့ စိတ်မပါဘူးနော်`` လို့ ဇနီးသည်က စိတ်ဆိုးမာန်ဆိုးနဲ့ ပြောလိုက်တယ်။
``ကိုယ် အဲဒါတွေ အားလုံး သိပါတယ်ကွာ``
``ဒါဖြင့် … ဘာကိစ္စ ရှင်က ခေါ်လာရသေးတာတုံး``
``အဲဒီသကောင့်သားက မိန်းမယူမယ် တကဲကဲလုပ်နေလို့ပါကွာ``

အရှက်ကြီးတက်ပုံက

ဝင်ဒီက ပျော်ပွဲစားထွက်ခဲ့သည့်အကြောင်း ယောက်ျားကို ပြောပြသည်။
``ပင်လယ်ကမ်းခြေကို ခရီးထွက်ရတာ တော်တော်ပျော်စရာကောင်းတာပဲ။ ဒါပေမယ့် ဒီပျော်ရွှင်မှုတွေ တာရှည်မခံလိုက်ဘူး။``
ယောက်ျားလုပ်သူက ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး ``ဘာတွေ ဖြစ်သေးလို့လဲ``
ဝင်ဒီက​  ``ကျွန်မရေဆင်းကူးတာ ရေကူးရင်း အောက်ပိုင်းအဝတ် ကျွတ်သွားတယ်``။
ယောက်ျားလုပ်သူက ``ဘုရားရေ.. ဒါဖြင့် မင်းဘယ်လို ဖြေရှင်း လိုက်လဲ။``
ဝင်ဒီက ``ကျွန်မလို အရှက်ကြီးတဲ့ မိန်းမတစ်ယောက်အနေနဲ့ ဘာလုပ်မယ်လို့ ရှင်ထင်လဲ။ ရှက်လွန်းလို့ မျက်နှာကို လက်ဝါးနဲ့လုပ်ပြီး ဘန်ဂလိုအထိ တစ်ချိုးတည်း ပြန်ပြေးလာခဲ့ရတာပေါ့။`` 


ရယ်ရယ်ပြုံးပြုံး ဟာသများ စာအုပ်မှ ဟာသ အပိုင်းအစလေးများကို စာဖတ်သူတို့ အတွက် စိတ်ချမ်းသာပျော်ရွှင်စေပြီး ဘဝအမောများ ပြေပျောက်စေရန်အတွက် ရေးသားဖော်ပြ ပေးလိုက်ရခြင်းဖြစ်ပါသည်။.......

ခင်မင်စွာဖြင့်....
ဇော်သိင်္ခ

5 comments:

mabaydar88 said...

မောင်သိင်္ခရေ..

အကုန်လုံးနည်းပါး သဘောကျတယ်..။ အကြိုက်ဆုံးက `ကဲ ..ရှင်းပြီလား`ပါ..။ အကုန်လုံးက တခါမှ မကြားဖူး မဖတ်ဖူးတဲ့ အသစ်တွေမို့ ၂ ခါလောက် ပြန်ဖတ်တယ်..။ သားလေးကိုလည်း ပြောပြတော့ သဘောကျနေတယ်..။
ကိုယ်တွေ့ပညာပေး ` ကျတော့ သိပ်မကြိုက်ဘူး.. မိန်းမတွေကို နှိမ်တယ်ထင်တာပဲ..။ သူ့မှာလည်း အိမ်မှုတာဝန်ရှိတာကို လက်မခံတဲ့ ယောက်ျားအကြိုက်များဖြစ်တာမို့ သိပ်မကြိုက်ချင်းပါ..။ အမြင်ကို ပြောတာပါ.. မောင်သိင်္ခရေ..။

ခင်တဲ့
မဗေဒါ (၈၈)

SHWE ZIN U said...

ဖတ်ပြီး ရီသွားပါတယ် kztk ရေ

ချော(အစိမ်းရောင်လွင်ပြင်) said...

ပြုံးပြုံးရယ်ရယ် ဖတ်သွားပါတယ်..
ရယ်ရင်အသက်ရှည်တယ်ဆိုတော့ တစ်နာရီစာလောက်တော့ အသက်ပိုရှည်သွားပြီထင်တယ်..
ကျေးဇူးပါ

Myanmar Good Knowledg Co., Ltd said...

အားလုံးကြိုက်တယ်။
ရီရတယ်။
ကျေးဇူးတင်ပါတယ်နော် မျှဝေတာ။

ပင်းတယသား said...

တကာရေ ဟာသတွေဖတ်လိုက်နော် ရိရတယ်.

 
^ထိပ်ဆုံးသို့