မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Friday, August 20, 2010

ရင်ခုံသံရဲ့ နောက်ဆုံး




ကောင်လေးရယ်
မတူညီနိုင်တဲ့ အခြေအနေနှစ်ခုကြားမှာ
ငါတို့ နှစ်ယောက်တွေ့ခဲ့ကြတယ်နော်
မင်းမပေးခဲ့တဲ့ပျော်ရွင်မူထက်
ပေးခဲ့တဲ့ဒဏ်ရာတွေက 
ပိုများနေမယ်ထင်တယ်
မင်းအနားမှာနေပြီး စကားလက်ဆုံပြောနေကြတဲ့
အချိန်မှာဆိုရင် မင်းကတော့ သူငယ်ချင်းတစ်ယောက်အနေနဲ့
ရိုးသားစွာပေါ့ ငါကတော့ လိုရာဆွဲတွေးပြီး ပျော်နေမိတယ်
ဘယ်သူတွေ ဘယ်လိုပြောပြော
ငါ့နှလုံသားထဲမှာ မင်းကိုအချိန်တိုင်း
တမ်းတနေဦးမှာပဲ
ဒါကို ရူးတယ်ပြောလည်းငါ လက်ခံပေမယ့် မင်းကတော့ ငါ့ကို
ရူးကြောင်ကြောင်တွေးတယ်လို့  မသတ်မှတ်လိုက်ပါနဲ့နော်
ငါ့နှလုံးသားထဲက ကြေကွဲစွာနဲ့
မင်းကို တမ်းတစွာနဲ့ ခေါ်နေသံကို
မင်းကြားမယ်ဆိုရင်
အချစ်စစ်မဟုတ်တောင် 
အချစ်အတုယောင်လေးဖြစ်ဖြစ်ပေးရင်တောင်
ငါ ကျေနပ်စွာ လက်ခံမိမှာပဲ သူငယ်ချင်းရယ်
ရင်ခုန်သံရဲ့ နောက်ဆုံး
အချိန်တိုင်း မင်းဆီက
မျှော်လင့်ထားတဲ့
အချစ်တွေ ပြန်မရတဲ့အခါ 
ကွဲကြေသွားတဲ့
ရင်ထဲက တစုံတရာရဲ့
အတိုင်းအတာက
မျှော်လင့်ထားတဲ့ လူထက်
ဘယ်သူပိုပြီးသိနိုင်မှာလဲ
အတွေးနဲ့ တောင် ငါမခံစားနိုင်ပေမယ့်
မျှော်လင့်ချက်တွေကို ငါ့ဘ၀နောက်ဆုံးချိန်ထိ
အသက်သွင်းနေမိမှာပဲ
နောက်ဆုံး အိပ်မက်လေးအဖြစ်
မင်းအချစ်တွေကို ငါ ပိုင်ဆိုင်ခွင့်ရတဲ့အထိပေါ့...။

ဒီကဗျာလေးကတော့ အွန်လိုင်းမှ ညီမလေး မိုး ကနေမှ သူကိုယ်တိုင် ပထမဆုံး ရေးထားတဲ့ သူ့ရဲ့ ခံစားချက်ကဗျာလေးကို တင်ပေးပါဆိုလို့ တင်ပေးလိုက်တာပါ။  ညီမလေး မိုး က သူ့ရဲ့ ခံစားချက် ၊ မျှော်လင့်ချက်လေးတွေနဲ့ ရေးဖွဲ့ ထားတဲ့ အတွက် သူ့ ရဲ့ မျှော်လင့်ချက်များ အမြန်ဆုံး ပြည့်ဝနိုင်ပြီးတော့ စစ်မှန်တဲ့ အချစ်တွေကိုလည်းအမြန်ဆုံး ပိုင်ဆိုင်ခွင့် ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ...။ သူငယ်ချင်းတို့ အားလုံးလည်း စစ်မှန်သော ချစ်ခြင်း မေတ္တာများ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း.........။
ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

3 comments:

Anonymous said...

လူသားအားလုံး မျှော်လင့်ချက်ပြည့်ဝနိုင်ပါစေဗျာ

ခင်တဲ့
ရွှေစင်ဦး

သဒ္ဓါလှိုင်း said...

ခံစားချက်အစစ်အမှန်နဲ့ချစ်ကြတဲ့သူတိုင်းစစ်မှန်တဲ့
ချစ်ခြင်းတရားတွေကိုအတူတကွပိုင်ဆိုင်နိုင်ကြပါစေ..
မျှော်လင့်ချက်တွေအမြန်ဆုံးပြည့်စုံလာပါစေ..

ခင်မင်စွာ
သဒ္ဓါ

မဗေဒါ (၈၈) said...

ညီမလေး `မိုး` ရေ..

ပြည့်စေချင်ပါတယ်.. ဖြစ်ချင်တဲ့ ဆန္ဒများရယ်ကို ..။

မဗေဒါ (၈၈)

 
^ထိပ်ဆုံးသို့