မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Wednesday, September 29, 2010

ဆေးချယ်သူ

ဖြူစင်နေတဲ့ ငါ့ရင်ကို
အရောင်တင်ဖို့ နင်ကြိုးစားတော့

ရူးသွပ်စွာနဲ့ ငါဟာ ပန်းရောင်ဖြစ်ခဲ့တယ်
တည်ညိမ်နေတဲ့ ငါ့စိတ်ကို

နင်ဖန်ဆင်းလို့ အရောင်တင်တော့
မိုက်မဲစွာနဲ့ ငါဟာ အနီရောင်ဖြစ်ခဲ့တယ်

ရောင်စုံ နင်ခြယ်လှယ်လို့
ငါ့ရင်တခုလုံး အရောင်မျိုးစုံ ပေကျံလို့ပေါ့

အခုတော့
အစိမ်းရောင် လွင်ပြင်တခု လှပစွာ 
ငါဖန်ဆင်းလို့ နင်လျှောက်လှမ်းဖို့ ထားခဲ့ပြီမို့
လွတ်လပ်စွာ လျှောက်လှမ်းပါတော့ ချစ်သူ..........

မိုးမခ(မသွယ်)

မမသွယ် ပို့ ပေးစဉ်ကတော့ သူ့ အရောင်လေးတွေနဲ့ သူ သင့်လျှော်တဲ့ အရောင်လေးတွေနဲ့ ချယ်သထားတဲ့ ပုံလေးတွေ ပါခဲ့ပါတယ်။ ဘလော့မှာ တင်ဖို့လုပ်တော့ အဲဒီပုံတွေက Word file ထဲကဆိုတော့ တင်လို့ မရတာရယ် ၊ နောက်ပြီး တခြား ပုံလေးတွေနဲ့ တွဲပြီး တင်ဖို့ကျတော့လည်း လိုင်းက ပုံကို upload တင်မရတဲ့ အတွက် သရုပ်ဖော် ပုံလေးများ နဲ့ ဖော်မပြနိုင်တာကို သည်းခံ ဖတ်ရှု ခံစားပေးကြပါလို့ ဆန္ဒပြုရင်း............။

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

3 comments:

blackcoffee said...

အရောင်မျိုးစုံနဲ့ ကဗျာလေးကို ခံစားသွားပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

အရောင်စုံခြယ်ထားတဲ့ ကဗျာလေးကို ဆေးလာခြယ်ကူပေးတာပါ။
နောက်ဆုံးတော့ အစိမ်းရောင်လွင်ပြင်လေးမှာ အဆုံးသတ်သွားတယ်ပေါ့နော်။
လွင်ပြင်လေးမှာ ထ၀ရ ပျော်ရွှင်ပါစေ........

SHWE ZIN U said...

ကဗျာလေးက အရောင်မျိုးစုံ နဲ့ တကယ်လန်းတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

 
^ထိပ်ဆုံးသို့