မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Sunday, October 24, 2010

ဇာတိမြေသို့ အလည်တစ်ခေါက်


ဒီတစ်ခေါက် မွေးဖွားရာ ဇာတိမြေသို့ အလည်တစ်ခေါက် ပြန်သွားရာမှာ မော်တော်ကားလမ်းက ပြန်လျှင် လမ်းမှာ ရေကျော်နေသဖြင့် ကားလမ်းမှ သွားလို့ မရသည့် အတွက် ရေလမ်းမှ မော်တော်ယာဉ် ဖြင့် ပြန်သွားခဲ့ရပါတယ်။ ဒီတစ်ခေါက်ပြန်တာဖြင့် ကျွန်တော်၏ ဖေဖေ ဘဝတပါးသို့ ကူးပြောင်းသွားတာ တစ်နှစ်ပြည့်သဖြင့် နှစ်ပတ်လည် ဆွမ်းကျွေးကုသိုလ်ပြု လုပ်ရန် ပြန်သွားခြင်းဖြစ်သည့် အပြင် မရောက်တာ လည်း ကြာပြီဖြစ်သဖြင့် ရွာသို့လည်း အလည် ပြန်ရင်း ပြန်သွားခဲ့ပါတယ်။ ထို့အတူ ဖေဖေ၏ တစ်နှစ်ပြည့် ဆွမ်းကပ်မှု ပြုလုပ်ပြီး တော့ ကျွန်တော်တို့ ကျေးရွာရှိ စာသင်ကျောင်းမှ လည်း ကျောင်းသူ ကျောင်းသားလေး များအား ... ဖေဖေ ကိုရည်ဇူး၍ ဗလာစာအုပ် ၊ ခဲတံ နှင့် ခဲဖျက်များ လည်း ပေးဝေ လှူဒါန်းခဲ့ဖြစ်ပါတယ်။ အဲဒီလို လှူ ဒါန်းဖို့ အတွက် သိတဲ့ အခါမှာ ဒေါ်ရွှေဇင်ဦး မှလည်း ဗလာစာအုပ် ၁၀ ဒါဇင် ပါဝင်ကုသိုလ်ပြု လှူဒါန်း လိုက်ပါတယ်။ ဒါ့ အပြင် ဆွမ်းလောင်းအသင်းမှ ဦးဇင်း ဦးကောဝိဒ မှလည်း ဗလာစာအုပ် ၁၇ ဒါဇင် ပါဝင်ကုသိုလ်ယူ လှူဒါန်းလိုက်ပါတယ်။ ထိုသို့ လှူဒါန်းမှု အားလုံးအတွက်  ဘဝတစ်ပါးသို့ ပြောင်းသွားသော ဖေဖေ နှင့် တကွ နတ်လူ အပေါင်း သာဓု ခေါ်စေနိုင်ရန်အတွက် ဒီပို့လေးဖြင့်.... ကုသိုလ်ထပ် ပြုလိုက်ရပါတယ်...။ ဒါအပြင် ရွာသို့ ရေလမ်းမှ သွားသော ခရီးစဉ်အား မှတ်တမ်း ဓာတ်ပုံလေးများဖြင့် ဗဟုသုတ အနေနဲ့ လေ့လာ ဖို့ တင်ပြပေးသွားပါမယ်...
 မန္တလေးမြို့၊ မြို့တော်ဥယဉ်ထိရှိ မရမ်းခြံ ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော အထက်အညာပိုင်းသို့ ဆန်တက်သွားလာကြသော မော်တော်ယဉ်များ အားတွေ့ရစဉ်....

ဒီ မော်တော်ယဉ် ဖြင့် လိုက်ပါ စီးနင်း  သွားရသည်။
မန္တလေးမြို့ အနောက်ဘက်ကမ်းတွင် တဲထိုး နေထိုင်ကြသော လူနေအိမ်လေးများ မြစ်ရေ တိုးနေသဖြင့် အိမ်လေးများ ရေဖြင့် မြုပ်တော့မည့် အနေအထား၊ သို့ သော် ရေသည် ထပ်၍ မတိုးတော့သဖြင့် သူတို့သည်လည်း ပြောင်းရွှေ့ နေထိုင်ခြင်းမပြုကြတော့ပဲ ထိုနေရာ တွင်သာ ဆက်လက်နေထိုင်ကြပြီး လုပ်ကိုင် စားသောက်နေကြခြင်းဖြစ်သည်။ 
မန္တလေးမြို့ ဆိပ်ကမ်းအား အဝေးမှ လှမ်းမြင်ရသော အနေအထားအပြင် ဆိပ်ကမ်းအနီးတွင် တည်ဆောက်ထားသော တိုက်တစ်လုံးနှင့် မန္တလေးမြို့ ဈေးချိုတော် တွင် တည်ဆောက်လျှက်ရှိသော ၂၅ ထပ်ရှိ အဆောက်အဦးအား ဧရာဝတီမြစ်အတွင်းမှ လှမ်း၍ မြင်ရပုံ
မန္တလေးတောင် အား ဧရာဝတီမြစ်အတွင်းမှ လှမ်းယူ ရိုက်ကူးထားပုံ

ထိုမှတဆင့် မြစ်ကြောင်းဖြင့် ဆန်တက်သွားရာ တွင် ဧရာဝတီမြစ် အနောက်ဘက်ကမ်း ရှိတောင်ရိုးပေါ်တွင် တည်ထားသော ဘုရားကျောင်းကန်များနှင့် တောတောင် အနေအထားများကို မော်တော်ယဉ်ပေါ်မှ လှမ်းယူ ရိုက်ကူးထားသော မြင်ကွင်းများ....
ရှိမ္မကားရွာ အောက်နားတွင် တည်ရှိသော စဥ့်ကိုင်ရွာတွင် တည်ထားကိုးကွယ် ထားသော မြစ်ကမ်းဘေးရှိ ဘုရား အား ဖူးမျှော်ရစဉ်
 မန္တလေးမြို့မှ မနက်စောစော ထွက်ခွာသွားသော မော်တော်ယဉ်သည် ခရီးတစ်ဝက်ကျော်ကျော်သို့ ရောက်၍  နေ့လည်ပိုင်း အချိန်သို့ ရောက်လျှင် ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ရှိမ်းမကား ရွာ သို့ ရောက်၍ ခေတ္တမျှ နားပြီးလျှင် ထိုရွာ၌ပင် ထမင်းစား မုန့်စား နားရခြင်း ဖြစ်သည်။ ထိုမှ ပြန်၍ ဆန်တက်လာလျှင် မွေးရပ်မြေသို့ ရောက်ခါနီးလျှင် မွေးရပ်မြေ၏ အောက်ဘက်အရပ်နား မြစ် အနောက်ဘက်ကမ်းတွင် တည်ထားကိုးကွယ်သော သစ္စာရ မြတ်စွာဘုရား တောင်တော်သို့ ရောက်ရှိ၍ ဝင်ရောက်ဖူးမျှော် ကြည်ညို နိုင်ပါတယ်။ ထိုဘုရားပွဲတော် အား ကဆုန်လပြည့်နေ့ တွင် ဘုရားပွဲတော် ပြုလုပ်၍ ထိုဘုရား အနီးဝန်းကျင်မှ ရွာများသည် သူတို့ လုပ်ကိုင်စားသောက်ကြသော သီးနှံများအား ဘုရားပွဲ လာရင် အနည်းငယ်စီ ထည့်ယူခဲ့ကြ၍ ဘုရား အား ထိုသီးနှံများဖြင့် လှူဒါန်း ပူဇော်၍ ဘုရားပွဲ အား စည်ကား သိုက်မြိုက်စွာ ကျင်းပ လေ့ ရှိကြပါသည်။
သစ္စာရ ဘုရား
ညနေစောင်း အချိန်တွင် ရွာသို့ ရောက်ရှိသွားပါတယ်။
ရွာဦး ဘုန်းတော်ကြီး ကျောင်းတော်ကြီးကို ဖူးမျှော်ရစဉ်


ရွာရှိ စာသင်ကျောင်းကလေး အား တွေ့မြင်ရစဉ်။ ကျွန်တော်တို့ ငယ်စဉ်က တက်ခဲ့သော စာသင်ကျောင်းသည် ဤကျောင်းဆောင်မျိုး မဟုတ်ပဲ ခြေတန်ရှည် အိမ်ပုံစံမျိုးကျောင်းဆောင်ဖြစ်ပြီး နှစ်ရှည်လများ ကြာမြင့်လာ၍ ခိုင်ခံ့မှု မရှိသဖြင့် ကျွန်တော်၏ ဖေဖေ မဆုံးခင်တွင် ဖေဖေ ဦးဆောင်၍ ပြန်လည်  အသစ် တည်ဆောက်သွားသော အခြေခံ ပညာ မူလတန်းကျောင်းဆောင်အား တွေ့မြင်ရစဉ်။


ကျောင်းရှိ ကျောင်းသားကျောင်းသူလေးများအား ဆရာကြီးမှ ဗလာစာအုပ်များ၊ ခဲတံ များနှင့် ခဲဖျက်များပေးဝေ နေစဉ်....

ကျောင်းရှိ တတိယတန်း ကျောင်းသား ကျောင်းသူလေးများ ပေးဝေထားသော စာအုပ်များနှင့် အတူ တွေ့ရစဉ်....

အားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာ ခြင်းများနှင့် ပြည့်စုံကြပါစေလို့ ဆန္ဒပြုရင်း........

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

5 comments:

Anonymous said...

kztk ရေ

ချစ်စရာ ဇာတိမြေ လေးပါလား ကျနော် ကရေလမ်းခရီးနဲ့ အဲလိုသွားရရင် သိပ်သဘောကျတာဘဲ ချစ်စရာ ဇာတိမြေမှာ ကိုယ်တတ်နိုင်သလောက် လှူဒါန်းရတဲ့ ကုသိုလ် ကို သာဓုခေါ်ပါတယ်ဗျာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ချော(အစိမ်းရောင်လွင်ပြင်) said...

ဧရာဝတီမြစ်ကြီးနဲ့ ရှုခင်းက လှလိုက်တာ
ခရီးသွားရင် ရေလမ်းကနေ သွားရတာလည်း တစ်မျိုး စိတ်ဝင်စားဖို့ ကောင်းတယ်နော်
စိတ်လှုပ်ရှားဖို့လည်းကောင်းတယ်..
အလှူအတန်းပြုနေပုံလေးတွေတွေ့တော့ စိတ်ကြည်နူးမိသလို ပီတိလည်းဖြစ်မိပါတယ်..
ကိုယ့်ဇာတိကို မမေ့မလျော့ ကုသိုလ်ကောင်းမှု ပြုနိုင်ခဲ့တာ ချီးကျူးပါတယ်.. ကိုဇော်သိင်္ခ

Anonymous said...

အစ်ကိုရေ
ဇာတိမြေကို သတိရပြီး စောင့်ရှောက်တဲ့စိတ်
အရမ်းကို အားကျမိပါတယ်ဗျာ...

လေးစားလျှက်
အုပ်ကြီး

NINIWIN said...

အလည်တခေါက်ရောက်ပါတယ်။ မန္တလေးဝန်းကျင်နဲ့ဧရာဝတီမြစ်ကြောင်းတလျှောက် အခုလို တခုတ်တရ ဓာတ်ပုံတွေဝေငှပေးတာကော ကလေးငယ်တွေအတွက် အလှူပြုပေးတာတွေကို ဝေမျှပေးတာကော အတွက် ကျေးဇူးတင်ပါတယ်။

Unknown said...

ကိုဇော်သိင်္ခခင်ဗျား....
ကျွန်တော်က ဟိန်းတင့်ဇော်ပါ။ အွန်လိုင်းစာကြည့်တိုက် တစ်ခုလောက် တည်ဆောက်ရာတွင် ကိုဇော်သိင်္ခ၏ အကြံညာဏ်များကို ရယူလိုပါသဖြင့် ကိုဇော်သိင်္ခ၏ အီးမေးလေးကို တစ်ချက်လောက် ပေးဖို့ တောင်းပန်ပါတယ်ဗျာ။
ကျွန်တော် အီးလ်မေးကတော့ sayaheintintzaw@gmail.com ဖြစ်ပါတယ် ခင်ဗျာာ
လေးစာခင်မင်စွာဖြင့်
ဟိန်းတင့်ဇော်

 
^ထိပ်ဆုံးသို့