မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Tuesday, May 3, 2011

ဖြစ်ချင်ဆုံးနှင့် ဖြစ်နေတာလေးတွေ

ကျွန်တော့်ရဲ့ ဘလော့မှာ တဂ်ပို့စ် အနေနဲ့ တစ်ပုဒ်မှ မရေးဖြစ်သေးပါဘူး။ အခု ပထမဆုံးအကြိမ် အဖြစ် ရေးသားခြင်းဖြစ်ပါတယ်။ ဒီတဂ်ပို့စ်ကို တော့ တူတော်မောင် ကိုကိုးအိမ် ကနေပြီး သူ လတ်တလော အဖြစ်ချင်ဆုံးဆန္ဒနဲ့ ဖြစ်နေတာ လေးတွေကို ရေးပြီး တော်တော်များများကို တဂ်လိုက်ပါတယ်။ အဲဒီထဲမှာ ကျွန်တော်လည်း ပါလာတော့ ပထမဆုံးအကြိမ်အဖြစ် တဂ်ပို့စ်လေး ကိုရေးပေးလိုက်ရတာပါ။

၁။ အစားချင်ဆုံး အစားအစား            - ငပိရည်နှင့် အတို့အမြှုပ် (မကောင်းတာကအရင်စလာပြီ :) )  
၂။ နေ့စဉ် စားနေရသော အစားအစာ  -  ကြုံသလို ကြက်သားနဲ့ စားလိုက် ဝက်သားနဲ့ စားလိုက် :) ။
၃။  နေချင်သော နေရာ                    -  ကိုယ်ပိုင်အိမ်လေးနဲ့ ကိုယ်ပိုင်ခြံဝင်းလေးနဲ့
၎။ အခုနေနေရသော နေရာ              -  အဆောင် နဲ့ အင်တာနက်ဆိုင်တွေမှာ ။
၅။ လုပ်ချင် သော အလုပ်                 -  အများအကျိုးပြုရတဲ့ ပရဟိတ အလုပ်တွေ ။
၆။ အခု လုပ်နေသော အလုပ်      -  လမ်းခင်းရန်အတွက် အလှူခံနေတယ်။ (သူငယ်ချင်းတို့ အားလုံးလည်း အလှူငွေ ပါဝင် လှူဒါန်းကြ အုံးနော် ။ လှူဒါန်းလိုလျှင် ဒီမှာ ဆက်သွယ်နိုင်တယ်)
၇။ သွားလာရေးအတွက် လိုချင်သော ယဉ် -  ကိုယ်ပိုင် လိုက်ထရပ်ကားလေး တစ်စီး (လန်ခရူဇာ တို့ ပါရာဒို တို့မလိုချင်ဘူး ၊ သူငယ်ချင်းတွေ လာရင် ဘုရားလေး လှည့်ပို့ ချင်လို့ လိုက်ထရပ်ကားပဲလိုချင်တယ်။ )
၈။ အခု စီးနေရသော ယဉ်                 -   ဂျာလင်း စူပါကပ် အစုတ်ကလေး :)
၉။ တန်ဖိုးအထားဆုံး အရာ                - ကိုယ်ကျင့်တရားနှင့် ရိုးသားမှု ။
၁၀။ အပြင်သွားတိုင်း ပါတဲ့ ပစ္စည်း       - ပုဆိုး နဲ့ အင်္ကျီ :) ။
၁၁။ ဖတ်ချင်ဆုံးသော စာအုပ်            - ဗဟုသုတ တွေနဲ့ အတွေး ဒဿနတွေ ပါတဲ့ စာအုပ်
၁၂။ အခု ဖတ်ဖြစ်နေသော စာအုပ်      - မေတ္တာရှင် ရွှေပြည်သာ ရဲ့ ``အရှုံးမရှိ ဒဿန`` စာအုပ် ( သူငယ်ချင်းတို့အားလုံးလည်း ဖတ်ကြည့်စေချင်ပါတယ်  )
၁၃။ ကြည့်ချင် ဆုံးသော ရုပ်ရှင်ကား    - ပျော်ပျော်ရွှင်ရွှင် ရယ်မောရသော ဟာသ ဇာတ်မြူး ကားလေး
၁၄။ ကြည့်ဖြစ်နေတဲ့ ရုပ်ရှင် ကား        - ဘာကားမှကို မကြည့်ဖြစ်ဘူးဖြစ်နေတယ်။
၁၅။ လိုအပ်နေသော အရာ                - ပိုက်ဆံ (လူတော်တော်များများ လိုအပ်နေတဲ့ အရာပါ)  ။
၁၆။  နေ့စဉ် သောက်ချင်သော အရာ   - တစ်နေ့ လက်ဖက်ရည် နှစ်ခွက်လောက်။
၁၇။ သွားချင်နေသော နေရာတွေ        - မြန်မာပြည်အနှံ့ နေရာ အစုံ လျောက်သွားချင်တယ်။
၁၈။ အခု သွားနေရသော နေရာတွေက - မန္တလေးမြို့ ၇၃ လမ်းနဲ့ ၆၉ လမ်း ကို ခေါက်တို့ ခေါက်ပြန် သွားနေရတယ်။
၁၉။ အသုံးပြုချင်ဆုံးသော ဖုန်းအမျိုးအစား -  ထွေထွေထူးထူး မရှိပါဘူး။
၂၀ အခု သုံးနေသော ဖုန်း အမျိုးအစား - Huawei  C5600 ( မော်ဒယ် အနိမ့်ဆုံး ပေါ့ )
၂၁။ သုံးချင်ဆုံးသော ရေမွှေး             - အနံ့ သင်းသင်းလေးနဲ့ တစ်နေကုန် ရနံ့ ပြယ်မသွားတဲ့ ရေမွှေး  ။
၂၂။ သုံးဖြစ် နေသော ရေမွှေး             - သူများ လက်ဆောင်ပေးထားတဲ့ ရေမွှေး လေးပဲ သုံးနေရတယ်။ (ကိုယ်တိုင် မဝယ်နိုင်လို့  J )
၂၃။ အယုံကြည်ဆုံးသော အရာ          -  ဘုရားရှင် ဟောကြားတော်မူထားခဲ့သော တရားတော် များ ။
၂၄။ မယုံကြည်ရဆုံးသော အရာ         -  လူတစ်ယောက်ရဲ့ ကံကြမ္မာ၊ ကံတရား  ။
၂၅။ နားထောင်ချင်ဆုံးသော ဂီတ       - POP ချိုချိုလေးနဲ့ မြန်မာသံစဉ် သီချင်း များ ။
၂၆။ နားထောင်နေရသော ဂီတ         -  ဟစ်ဟော့ တွေနဲ့ Rap သီချင်းတွေ ( နားမထောင်ချင် လည်း အမြဲ ကြားနေရတာကိုး )
၂၇။ ကြားချင်ဆုံး သော ဆုံးမစကား   -  ဖေဖေ့ဆီမှ အမြဲ ကြားနေရသော ဆုံးမစကားများ ( ဒီဘဝတော့ ကျွန်တော်ကြားနာခွင့် မရတော့ပါဘူးဗျာ။ )
၂၈။ အမြဲ ကြားနေရသော ဆုံးမစကား -  ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြတဲ့။
၂၉။ အမုန်းဆုံး အရာ                     -  မရှိသေးဘူး ။
၃၀။ အချစ်ဆုံး အရာ                     -  ကိုယ့်ကိုယ်ကိုယ် ပဲ အချစ်ဆုံး ။ (လူတွေအားလုံး ဒီလိုကြည့်ပဲလို့ ထင်မိပါတယ်)
၃၁။ စိတ်အညစ်ဆုံး အချိန်             - မရှိသေးဘူးလို့ ထင်တာပဲ။ တစ်ခါတလေ နည်းနည်းပါးပါးတော့ ညစ်တက်ပါတယ်။
၃၂။ အပျော်ရွှင် ဆုံးအချိန်              - ကိုယ်လုပ်ချင်တာကို လုပ်ခွင့်ရတဲ့ အချိန်ဟာ အပျော်ရွှင်ဆုံးအချိန်ပါ ။
၃၃။ တန်ဖိုးထား ဆုံးသော အရာ      - မေတ္တာတရား ။
၃၄။ ဖြစ်စေချင်သော ဆန္ဒ             - တစ်နိုင်ငံလုံး ကော်နက်ရှင်တွေ အမြန်ဆုံးကောင်းစေချင်ပါတယ်။
၃၅။ စိတ်မချရဆုံးသော အရာ        - လူတွေ အားလုံးရဲ့ စိတ် ( ကျွန်တော် အပါအဝင်ပေါ့လေ ) ။
၃၇။ အကြောက်ဆုံး                     - လူတွေအားလုံးက ကျွန်တော့်ကို မုန်းသွားမှာ အကြောက်ဆုံးပဲ။
၃၈။ပြောချင်ဆုံးသော စကား          - ဗုဒ္ဓအလိုတော်ကြအတိုင်း သတ္တဝါအားလုံးအပေါ်မှာ မေတ္တာတရား ထားနိုင်ကြပါစေလို့ ပြောချင်ပါတယ်။

ကိုကိုးအိမ် ရေ .. လတ်တလော အဖြစ်ချင်ဆုံး ဆန္ဒနဲ့ ဖြစ်နေတာ လေးတွေကိုတော့ ဒီလောက်နဲ့ပဲ  ကျေနပ် လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ 

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

3 comments:

မောင်စေတနာ said...

ဖြစ်ချင်တာလေးတွေကို လာဖတ်သွားပါတယ်ဗျာ။
ညီလေး ကိုကိုးက ကျွန်တော့်ကိုလည်း
ရေးပေးဖို့ ပြောထားသေးတယ်ဗျာ။

နောက်မှရေးပေးဖို့ စိတ်ကူးထားတယ်။
ကောင်းပါတယ်။ လာဖတ်သွားပါတယ် ခင်ဗျား

ကောင်းသော ညလေးပါ။

မဗေဒါ (၈၈) said...

ဟိုင်းမိုးကောင်ကင်ကြီးရှင့်..

နံပါတ် ၂၈ ကို သဘောကျဆုံးးးးးးးးးးးးးးးးး..။

မဗေဒါ (၈၈)

flowerpoem said...

ကိုဇော်သိင်္ခ ဖြစ်ချင်တာတွေ အကုန်ဖြစ်ပါစေရှင်. :)

 
^ထိပ်ဆုံးသို့