သာသနာတော်နှစ် ၂၅၅၆ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ ပထမ ဝါဆိုလပြည့်ကျော် (၄) ရက်၊ ၇.၇.၂၀၁၂ ၊ စနေနေ့
နံနက် ၅ နာရီအချိန် တွင် အလှူရှင် ကိုအောင်ဝင်းထွဋ် မိသားစု (စင်္ကာပူ) မှ အရုဏ် ကြက်သား ကြာဇံဟင်းခါး ဆွမ်း ကပ်လှူခဲ့ပြီး။
၇.၇.၂၀၁၂ စနေနေ့ နံနက် ၅ နာရီအချိန်တွင် မေတ္တာရှင်ဖောင်ဒေးရှင်း၊ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း သုံးနှစ်ပြည့် အထိန်းအမှတ်အဖြစ် စစ်ကိုင်းတောင်ရိုးရှိ သံဃာ အပါး ၁၃၀၀ ကျော် တို့အား နတ်သုဒ္ဓါ ဒံပေါက်ဆွမ်းများ လောင်းလှူ၍ မလာမပါ စာရေးတံမဲများ နှင့် လှူဖွယ် ပစ္စည်းမျိုးစုံတို့ကို လှူဒါန်း ခဲ့ကြပါသည်။ ထို့အပြင် နံနက်ပိုင်းတွင် သြဝါဒ ဆရာတော်ကြီးများအား အရုဏ် နတ်သုဒ္ဓါ ဒံပေါက်ဆွမ်းများ ကပ်လှူခဲ့ပါတယ်။
နေ့ (၁၁း၀၀) အချိန်တွင် မေတ္တာရှင်ဖောင်ဒေးရှင်း၊ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း သြဝါဒစရိယ ဆရာတော်ကြီးများအား နေ့ဆွမ်း ကပ်လှူခဲ့ကြပါတယ်။
၇.၇.၂၀၁၂ ည (၇း၀၀) အချိန်တွင် စစ်ကိုင်းမြို့ ဆင်များရှင်ဘုရား ဓမ္မာရုံတွင် မေတ္တာရှင်ဖောင်ဒေးရှင်း၊ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း နာယကဆရာတော်ဖြစ်တော်မူသော စစ်ကိုင်းတောင်ရိုး မြစင်္ကြာကျောင်းတိုက် ဦးစီးပဓါန နာယကဆရာတော် အရှင်ဣန္ဒကာဘိဝံသ အရှင်သူမြတ်မှ ဆွမ်းလောင်းအသင်း (၃)နှစ်ပြည့်နှင့် ထရန်စဖော်မာ အလှူ ရေစက်ချ တရားချီးမြှင့် ခဲ့ပါသည်။
၈.၇.၂၀၁၂ ရက်၊ တနင်္ဂနွေနေ့ ည (၇း၀၀) အချိန်တွင် အရှင် ဝိစိတ္တာဘိဝံသ (ဝီရသူ) မစိုးရိမ်တိုက်သစ်၊ မန္တလေးမှ တရားရေအေးအမြိုက်ဆေးတိုက်ကျွေးချီးမြှင့် ခဲ့ပါတယ်။
ဆွမ်းလောင်းအသင်း သုံးနှစ်ပြည့် အလှူပွဲတွင် လောင်းလှူသော လှူဖွယ်ပစ္စည်းများနှင့် အလှူရှင်များမှာ-
သင်္ကန်းအစုံ နှစ်ရာ၊ ထီး၊ ဖိနပ် ၊ ခန့်မှန်းတန်ဖိုး အလှူငွေ သိန်းခြောက်ဆယ်ခန့် အလှူရှင်မှာ
မေတ္တာရှင် ဆရာတော် ဦးဇဝန နှင့် ဦးဇင်း ဦးကောဝိဒ တို့ ဖြစ်ပါသည်။
ဆပ်ပြာ အမွှေးခဲ အလှူရှင် မခင်ငြိမ်းချမ်းဦး (မလေးရှား) ။
ခေါင်းရိပ်ချုပ် ၊ လက်သည်းညှပ် အလှူရှင်မှာ မေတ္တာရှင်ဖောင်ဒေးရှင်း (မူဆယ်မြို့) ။
လက်ကိုင်ပဝါ အလှူရှင်မှာ - ဦးဇော်မင်း+ဒေါ်ဝင်းပြုံး မူဆယ်မြို့ ။
ဗလာစာအုပ် ကုသိုလ်ရှင် - ရွှေမြန်မာ ဆိုင်ကယ်အပိုပစ္စည်းရောင်း ဝယ်ရေး မန္တလေးမြို့ ။
ဆပ်ပြာမှုန့် အလှူရှင် - ဦးဇော်သောင်း + ဒေါ်အေးသန်း စစ်ကိုင်းမြို့ ။
ခေါက်ဆွဲခြောက်ထုပ် အလှူရှင် - ဦးသောင်းဌေး+ဒေါ်ခင်ထွေး "သောင်း" စက်မှု လက်မှု မန္တလေးမြို့။
ခေါင်းရိပ်ဓါး ကုသိုလ်ရှင် - ကိုထက် "မန္တလေး မိုဘိုင်း" ရောင်းဝယ်ရေး မန္တလေးမြို့။
တဘက် ၊ ဘီစကစ်မုန့်ကုသိုလ်ရှင် "လမင်းအိမ်စာပေ" မူဆယ်မြို့။
တို့မှ ဖြစ်ပါတယ်။
ဆွမ်းလောင်းအသင်း သုံးနှစ်ပြည့်အတွက် လှူဒါန်းကြသော အလှူရှင်များ စာရင်းကို ဤနေရာတွင် သွားရောက်ကြည့်ရှု နိုင်ပါသည်။










Portable DVD ကံစမ်းမဲ ပေါက်သွားသော ကိုရင်လေး




အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။
1 comments:
ပုံတွေကြည့်ပြီး ၀မ်းသာကြည်နူးရပါတယ်။ ကျေးဇူးပါ ကိုဇော်သိင်္ခ
Post a Comment