သာသနာတော်နှစ် ၂၅၅၆ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ ဒုတိယ ဝါဆိုလဆန်း (၁) ရက်၊
၁၉.၇.၂၀၁၂ ၊ ကြာသပတေးနေ့
အရုဏ်ကြက်သား ကြာဇံဟင်းခါးဆွမ်းကုသိုလ်ရှင်
ကိုဇော်ဝင်းထွဋ် + မနှင်းယုယုဝင်း ၊ သမီးလေး - အေးချမ်းပွင့်ဖြူ မိသားစု (စင်္ကာပူ)မှ
သမီးလေး - အေးချမ်းပွင့်ဖြူ ၏မွေးနေ့အလှူ။
နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်များကတော့
"လမင်းအိမ်" စာပေ မူဆယ်မြို့ မှဖြစ်ပါတယ်။
သံဃာတော်များနေ့ဆွမ်းဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ကြက်သားဟင်း
ကုလားပဲနှပ်
သရက်ချဉ်သုပ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။

အလှူရှင် အားလုံးတို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။

ယနေ့ အရုဏ်ဆွမ်းအလှူရှင် မိသားစုများဖြစ်ကြသော
ကိုဇော်ဝင်းထွဋ် + မနှင်းယုယုဝင်း ၊ သမီးလေး - အေးချမ်းပွင့်ဖြူ မိသားစု (စင်္ကာပူ)မှ
သမီးလေး - အေးချမ်းပွင့်ဖြူ ၏မွေးနေ့အလှူအဖြစ် မြရတနာရပ်ကွက် ရှိကျောင်းသား

ကလေးသူငယ်များအား ရေခဲမုန့်အဟာရ လှူဒါန်းထားပါသည်။
သို့သော် အာဇာနည်နေ့ ကျောင်းပိတ်ရက်ဖြစ်သဖြင့် ၂၀.၇.၂၀၁၂ ရက်နေ့
တွင် လှူဒါန်းကျွေးမွေးသွားမည်ဖြစ်ပါသည်။
ယနေ့ အရုဏ်ဆွမ်း အလှူရှင် နှင့် နေ့ဆွမ်းအလှူရှင်တို့သည် အခုလို ဆွမ်းလောင်းလှူရသော ကုသိုလ်ကံစေတနာတို့ကြောင့် ဆွမ်းအကျိုးငါးပါးပြည့်စုံပြီးလျှင် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အစစအရာရာအဆင်ပြေအောင်မြင် ပြည့်စုံ၍ သာသနာအကျိုး လောကကောင်းကျိုးများ သယ်ပိုးဆောင်ရွက်နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်းမှ ဆုတောင်း ပေးလိုက်ပါတယ်။

အလှူရှင် အားလုံးတို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။
0 comments:
Post a Comment