သာသနာတော်နှစ် ၂၅၅၆ ခု ကောဇာသက္ကရာဇ် ၁၃၇၄ ခု ဒုတိယ၀ါဆိုလဆန်း (၄)ရက် တနင်္ဂနွေနေ့ ၂၂.၇.၂၀၁၂
အရုဏ် ကြက်သား ကြာဇံဟင်းခါး ဆွမ်း နှင့် နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်
ဦးသန်းမြင့်+ဒေါ်စံပယ်မိသားစု (ရန်ကုန်မြို့) ကောင်းမှု ဖြစ်ပါတယ်။
သံဃာတော်များ နေ့ဆွမ်းဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ကြက်သားဟင်း
မြေထောက်ပဲနှပ်
မုံလာဥချဉ်သုပ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။
ယနေ့ အလှူရှင်တို့ မိသားစု အားလုံးသည် အခုလို ဆွမ်းလောင်းလှူရသော ကုသိုလ်ကံစေတနာတို့ကြောင့် ဆွမ်းအကျိုးငါးပါးပြည့်စုံပြီးလျှင် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အစစအရာရာအဆင်ပြေအောင်မြင် ပြည့်စုံ၍ သာသနာအကျိုး လောကကောင်းကျိုးများ သယ်ပိုးဆောင်ရွက်နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်းမှ ဆုတောင်း ပေးလိုက်ပါတယ်။














အလှူရှင် အားလုံးတို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။
0 comments:
Post a Comment