သာသနာတော်နှစ် ၂၅၅၆ ခု ကောဇာသက္ကရာဇ် ၁၃၇၄ခု ၀ါခေါင်လပြည့်ကျော် (၉)ရက် တနင်္လာနေ့ ၁၀.၉.၂၀၁၂
အရုဏ် မုန့်ဟင်းခါးဆွမ်း နှင့် နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်
မိဘများကို အမှူးထား၍ သမီး - မဆုမြတ်မွန် (စင်္ကာပူ) ၏ မွေးနေ့အလှူ ကောင်းမှု။
သံဃာတော်များ နေ့ဆွမ်း ဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ဝက်သားဟင်း
ကုလားပဲနှပ်
မုံလာဥချဉ်သုပ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။
ယနေ့ မွေးနေ့ အလှူရှင် မဆုမြတ်မွန် သည် သံဃာတော်အရှင်သူမြတ်တို့အား အရုဏ်ဆွမ်းကပ်လှူ၍ သံဃာတော်အရှင် သူမြတ်များနေ့ ဆွမ်းဘုန်းနိုင်ရန်အတွက် ဆွမ်းလောင်းလှူရသော ကုသိုလ်ကောင်းမှုကံ စေတနာတို့ကြောင့် ဆွမ်းအကျိုး ငါးပါးပြည့်စုံ၍ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် အစစအရာရာ အဆင်ပြေ အောင်မြင်ပြည့်စုံ၍ သာသနာအကျိုး ၊ လောကကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်။
















အလှူရှင် အားလုံးတို့နှင့်အတူ ကြည်ညို သဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။
0 comments:
Post a Comment