သာသနာတော်နှစ် ၂၅၅၆ ခု ကောဇာသက္ကရာဇ် ၁၃၇၄ခု ၀ါခေါင်လပြည့်ကျော် (၈)ရက် တနင်္ဂနွေနေ့ ၉.၉.၂၀၁၂
အရုဏ် အုန်းနို့ ခေါက်ဆွဲ ကုသိုလ်ရှင်
ကိုဇင်အောင်+မခိုင်ဆုရည်စိုး(စင်္ကာပူ)တို့၏ စက်တင်ဘာ (၁၀) ရက်နေ့ တွင်ကျရောက်သော (၃)နှစ်ပြည့် နှစ်ပတ်လည်အလှူ ကောင်းမှု ။
နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်
ကိုရာဇာလတ် + Drနန္ဒာခင်ဝင်း - သမီး ချမ်းမြေ့ ရာဇာ မိသားစု(စင်္ကာပူ)မှ Drနန္ဒာခင်ဝင်း
မွေးနေ့ အထိမ်းအမှတ်အလှူ ကောင်းမှု ။
သံဃာတော်များ နေ့ဆွမ်း ဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ကြက်သားဟင်း
ပုဂံပဲနှပ်
သရက်ချဉ်သုပ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။
ယနေ့ လှူဒါန်းကြသော အရုဏ်ဆွမ်းအလှူရှင် မိသားစု နှင့် နေ့ဆွမ်းအလှူရှင် မိသားစုတို့အာလုံး သံဃာတော်အရှင်သူမြတ်တို့အား အရုဏ်ဆွမ်းကပ်လှူ၍ သံဃာတော်အရှင် သူမြတ်များနေ့ ဆွမ်းဘုန်းနိုင်ရန်အတွက်ဆွမ်းလောင်းရသော ကုသိုလ်ကောင်းမှုကံ စေတနာတို့ကြောင့် ဆွမ်းအကျိုး ငါးပါးပြည့်စုံ၍ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် အစစအရာရာ အဆင်ပြေ အောင်မြင်ပြည့်စုံ၍ သာသနာအကျိုး ၊လောကကောင်းကျိုးများ သယ်ပိုးဆောင်ရွက်နိုင်ကြပါစေ။














အလှူရှင် အားလုံးတို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။
0 comments:
Post a Comment