သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု တော်သလင်းလဆန်း (၂) ရက် ၁၇.၉.၂၀၁၂ တနင်္လာနေ့
အရုဏ် ကြက်သား ကြာဇံဟင်းခါးဆွမ်းနှင့်
နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်
ကိုရန်နိုင်ဝင်း (ဂျပန်) ၏ မွေးနေ့အလှူ ကောင်းမှု ။
သံဃာတော်များ နေ့ဆွမ်း ဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ကြက်သားဟင်း
ထောပတ်ပဲနှပ်
သရက်ချဉ်သုပ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။

အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများကုသိုလ် ယူနိုင်ကြပါစေ။

ယနေ့ အလှူရှင် ကိုရန်နိုင်ဝင်း သည် သံဃာတော်အရှင်သူမြတ်တို့အား အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းလောင်းလှူရသော ကုသိုလ်ကောင်းမှုကံ စေတနာတို့ကြောင့် ဆွမ်းအကျိုး ငါးပါးပြည့်စုံ၍ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် အစစအရာရာ အဆင်ပြေ အောင်မြင်ပြည့်စုံ၍ သာသနာအကျိုး ၊ လောကကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်။

အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများကုသိုလ် ယူနိုင်ကြပါစေ။
0 comments:
Post a Comment