မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Friday, October 30, 2009

Folder Option ပျောက်နေလျှင်

ကျွန်တော်တို့ ကွန်ပျူတာတွေမှာ folder option ကို ရှာ မတွေ့ဘူး ဆိုရင် ပြန်ဖော်တဲ့နည်း လေး ကိုပြော ပါမယ့်။ အဲ့ဒီလို ပြန်ဖော် တဲ့ နည်းတွေ ကတော့ တစ်ယောက်နဲ့တစ်ယောက်တော့ မတူကြဘူးလို့ထင်ပါတယ်။ ကွာ ရင်တော့ နည်းနည်း ပဲ ကွာလိမ့်မယ်လို့ ထင်ပါတယ်။  အား လုံး  အဆင်ပြေကြရင် ကောင်းပါတယ်။ ပထမဆုံး လုပ်ရမှာကတော့ .
Start Menu => Run => အဲဒီ ဘောက်လေးပေါ်လာပြီဆိုရင် regedit လို.ရိုက်ပြီး Enter ခေါက်။ Registry Editor ပေါ်လာပါလိမ့်မယ်။ အဲဒီအခါမှာ ကျွန်တော်ပြောတဲ့ လမ်းကြောင်းအတိုင်း ဆက်သွားပါ။ Registry Editorထဲက My computer => HKEY_CURRENT_USER => software => Microsoft => windows => Current version => Policies => Explorer မှာ ညာဘက်ကလစ်နှိပ်ပြီး New => DWORD Value ဆိုတာကိုရွေးပေးပါ။ New value တစ်ခု ညာဘက်ချမ်းမှာ ပေါ်လာပါလိမ့်မယ်။ အဲဒီပေါ်မှာ ညာဘက်ကလစ်နှပ်ပြီး Modify ဆိုပြီးပြောပါ။ Value data မှာ 0 ဆိုရင် ရပါပြီ။ အဲဒါမှ Folder Option ပြန်မပေါ်လာသေးဘူး ဆိုရင် ၀င်းဒိုး Restart ချလိုက်ရင် ပြန်တက်လာတဲ့ အခါ Folder Option ကိုပြန်တွေ.ရပါလိမ့်မယ်။


နောက်တစ်နည်းကတော့...

အခု တစ်ခါ ပြော မယ့်နည်းလေးကတော့ တော်တော်လေး လွယ်ပြီးတော့ လုပ်ပြီးတိုင်းလည်း ပြန်ပေါ် လာတာများတယ်။   Group Policy ခေါ်ပြီးတော့ လုပ်ရတာပါ။

==> Run ဘောက်ထဲမှာ gpedit.msc လို့ ရိုက်ထည့်ပြီးတော့ OK ပေးလိုက်ပါ။
==> User Configuration အောက်က Administrative Templates ကိုမလစ်လုပ်လိုက်ရင် ညာဘက်မှာ
==> Window Component ကို နှစ်ချက်နှိပ်လိုက်ပြီးရင်
==> Window Explorer ကို နှစ်ချက်ဆက်နှိပ်ပါ။ပြီးတော့
==> Removes the Folder Option menu item form the tools menu ကိုနှစ်ချက်နှိပ်လိုက်ရင်
ဘောက်ကလေး တစ်ခုကျလာပါလိမ့်မယ်။ အဲဒီထဲက Disable ကို On ပေးလိုက်ပါ။
ပြီးရင် Apply , Ok ပေး ပြီးတော့ ပြန်ပိတ်လိုက်ပါ။ ပြီးတော့ Window Explorer ပြန်ခေါ်ကြည့်လိုက်ရင်
Folder Option ကို ပြန်တွေ့ရမှာ ဖြစ်ပါတယ်။အောက်က ပုံလေး အတိုင်းပါ။



zawtk...

1 comments:

naing gyi said...

view ထဲက Advanced settings ‌ပြောင်းလို့ မရဘူး..

 
^ထိပ်ဆုံးသို့