ဗုဒ္ဓတက္ကသိုလ်၊ မန္တလေး ရဲ့ (၁၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင်ပူဇော်ပွဲ ကျင်းပခြင်း အခမ်းအနားကို ယနေ့ ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၁၄) ရက်၊ သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ခရစ်နှစ် ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ (၈) ရက် ဗုဒ္ဓဟူးနေ့ နေ့လည် (၁) အချိန်တွင် မန္တလေးမြို့ ဗုဒ္ဓတက္ကသိုလ်တည်ရှိရာ မြိ့လယ်ဆူးခါးတိုက်၊ ၈၃ လမ်း၊ ၃၂ လမ်းနှင့် ၃၃လမ်းကြား၊ တွင် ကျင်းပ ပြုလုပ်ခဲ့ရာ ၂၀၁၀ ခုနှစ်အတွက် အတန်းစုံ၌ စာမေးပွဲအောင် ရဟန်း၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များ ၃၄၁ ပါး အား အောင်လက်မှတ် နှင့် ဘွဲ့လက်မှတ်များအသီးသီး ဆက်ကပ်ပေးအပ်ခဲ့ပါသည်။
ထိုဘွဲ့နှင်းသဘင်ပူဇော်ပွဲတွင် တက်ရောက်ပူဇော်ကြသော ဆရာတော်ကြီးများနှင့် ဘွဲ့လက်မှတ်နှင့် အောင်လက်မှတ် အသီးသီး တို့ ပေးအပ်ခဲ့သော အရေအတွက်မှာ အောက်မှာအတိုင်း ဖြစ်ပါသည်။
· ဤဘွဲ့နှင်းသဘင်ပူဇော်ပွဲတွင် သြဝါဒါစရိယ ဆရာတော် ၁၀ - ပါး၊
· M.A ကထိက ဆရာတော် ၁၇ - ပါး
· ၂၀၁၀ ခုနှစ် အတန်းစုံ၌ စာမေးပွဲအောင် ရဟန်း၊ သီလရှင်နှင့်လူပုဂ္ဂိုလ်များ
၁။ M. A. (Indo-Aryan) မဟာဝိဇ္ဇာ (အပိုင်း-၃)မှ ၄ - ပါး
၂။ M. A. (Indo-Aryan) မဟာဝိဇ္ဇာ (အပိုင်း-၂)မှ ၅ - ပါး
၃။ M. A. (Indo-Aryan) မဟာဝိဇ္ဇာ (အပိုင်း-၁)မှ ၆ - ပါး
၎။ M. A. (Buddhism) မဟာဝိဇ္ဇာ (အပိုင်း-၂)မှ ၃ - ပါး
၅။ M. A. (Buddhism) မဟာဝိဇ္ဇာ (အပိုင်း -၁)မှ ၂ - ပါး
၆။ B. A. (Indo-Aryan) ဝိဇ္ဇာစတုတ္ထနှစ်မှ ၂၁ - ပါး
၇။ B. A. (Indo-Aryan) ဝိဇ္ဇာတတိယနှစ်မှ ၂၄ - ပါး
၈။ B. A. (Buddhism) ဝိဇ္ဇာစတုတ္ထနှစ်မှ ၇ - ပါး
၉။ B. A. (Buddhism) ဝိဇ္ဇာတတိယနှစ်မှ ၇ - ပါး
၁၀။ Diploma (P. S. E.) ဒုတိယနှစ်မှ ၆၀ - ပါး
၁၁။ Diploma (P. S. E.) ပထမနှစ်မှ ၁၆၆ - ပါး
၁၂။ Diploma (P. A. B. E.) မှ ၃၅ - ပါး
2 comments:
kztk ရေ
စေတနာ အကျိုးဆောင်မှု့ ကို သာဓုခေါ်ပါတယ်... ပညာတတ် ဘုန်းဘုန်းများကို ဂုဏ်ယူဝမ်းသာ စွာကြည့်ရှု့ သွားပါတယ်ဗျာ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
မျှဝေပေးတဲ့အတွက် ကျေးဇူးအထူးပါ
ဘုန်းဘုန်းများကို ကြည့်ရှု၍ ၀မ်းသာဂုဏ်ယူမိပါတယ်.. ခုထက်ပိုပြီး ပညာ့အလင်းဆောင်နိုင်သော ရဟန်းသံဃာများ ပိုမို များပြားလာနိုင်ပါစေရှင်။
Post a Comment