
Barcamp Mandalay 2011 ကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နဲ့ ၁၃ ရက်နေ့မှာ မန္တလေးမြို့ ပုပ္ပါးဟိုတယ်မှာ မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ နေ့စဉ် ကျင်းပပြုလုပ်မှာ ဖြစ်တဲ့ အတွက်ကြောင့် ဒီနေ့ ညနေပိုင်းမှာ အသင်း Organizar များနှင့် Volunteer များ အစည်း အဝေးပြုလုပ်ပြီး မိမိတို့ နဲ့ သင့်တော်မယ့် တာဝန်များကို ခွဲဝေ တာဝန်ယူကြပြီး လိုအပ်သော ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြပါတယ်။

Volunteer နှင့် တာဝန်ခွဲဝေ ယူဖို့ရန် တိုင်ပင်ဆွေးနွေးနေပုံ

BarCamp Mandalay technical အဖွဲ့ကလည်း FTP server ထောင်ပြီး အခန်းတိုင်းရဲ့ presentation တွေနဲ့ files and application share အတွက် စီစဉ်နေသလို လိုအပ်သလိုပြန်တင်နိုင်ဖို့လည်းပြုလုပ်ထားပါတယ်။ ဒါကြောင့် BarCamp လာရင် Laptop ယူလာပြီး internet သုံးလို့ရသလို လိုတာတွေ လာကူးယူနိုင်ပါတယ်။ထို့အတူ မိမိမှာ ပါရှိတဲ့ Data များကိုလည်း ပြန်လည် မျှဝေ ပေးနိုင်ပါတယ်။ WiFi သုံးလို့ရတဲ့ မည်သည့် device မဆို အသုံးတည့်နိုင်မှာဖြစ်ပြီး Removalable Drive များနှင့် မိမိတို့ နှင့် သက်ဆိုင်သော ဒေတာများကို ယူလိုက ကူးယူ နိုင်ပါတယ်။


အမှတ်တရ အင်္ကျီရဲ့ ရှေ့ မျက်နှာစာနှင့် နောက်ကျော ပုံစံ လေးတွေပါ။

BarCamp Mandalay အတွက်လည်း အင်တာနက် WiFi အသုံးပြု နိုင်ရန်အတွက်ြ
1 comments:
ဒီအသင်းအကြောင်း ကြားဖူးနေတာ။ အခုလုပ်သွားတဲ့ နည်းပညာ ရှယ်ယာလုပ်တဲ့ပွဲလည်း တက်ချင်တယ်ဗျာ။ အဝေးရောက်နေလို့။ ဘားကမ့်အသင်း ရှေ့ဆက်အောင်မြင်ပါစေဗျာ။
Post a Comment