မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Wednesday, February 16, 2011

ဆွမ်းလောင်းအသင်း အနီးလမ်းခင်းခြင်း နှင့် နောက်ထပ်အလှူရှင်များစာရင်း

5083275.jpg

လမ်းခင်းခြင်း လုပ်ငန်းများ လုပ်ဆောင်နေပုံ
5083297.jpg

စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းအနီး၊ လပြည့်ဝန်းလမ်း သီလရှင်ကျောင်းတိုက်များ အနီးရှိ ပေ ၅၀၀ ခန့်အရှည်ရှိ လမ်းသွယ်လေးသည် မြေသားလမ်း ဖြစ်နေ၍ မိုးရာသီတွင် ရေအိုင်များရေစီးကြောင်းများ ဖြစ်နေခြင်းကြောင့် ဆွမ်းခံကြွတော်မူကြသော ရဟန်းသံဃာတော်များနှင့် သီလရှင်များအတွက် ရေအိုင်နှင့် ရေးစီးကြောင်း များကြောင့် အခက်အခဲ ဖြစ်ကြရပါသည်။ ထို့ကြောင့် သံဃာတော်များနှင့် သီလရှင်များအတွက် အဆင်ပြေစွာ ဆွမ်းခံကြွတော်မူနိုင်ရန် အတွက် အဆိုပါ လပြည့်ဝန်း လမ်းသွယ်အား ယခင်ကတ္တရာလမ်းရန် စီစဉ်ထားရာမှ မိုးရေစီးကြောင်းများကြောင့် ကွန်ကရစ်လမ်းခင်းလျှင် ပိုပြီး အဆင်ပြေနိုင်သည်ဟု မေတ္တာရှင်ဆရာတော်နှင့်မြစကြာဆရာတော်ကြီးများ၏ မိန့်ကြားချက်အရ ယခုလမှ စ၍ ကွန်ကရစ်လမ်းခြင်း လုပ်ငန်းများ စတင်လုပ်ဆောင်နေပါသည်။ ယခု ၁၂ ပေ စတင် ခင်းထားရာတွင် ဖောင်ဒေးရှင်း သုံးပေ အနက်ထား၍ ခင်းရာ တစ်သိန်းကျော် ကုန်ကျသွားပါသည်။ ထို့ကြောင့် ယခင်ကတ္တရာလမ်းခင်းလျှင် သိန်းနှစ်ဆယ်ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားသည်ထက် နှစ်ဆ ကျော် ကုန်ကျ နိုင်ပါသည်။ အဆိုပါလမ်း ပြီးမြောက်ရန်အတွက် နောက်ထပ် အလှူရှင်များလည်း အိုအပ်လျက်ရှိပါသည်။ ထို့ကြောင့် လှူဒါန်းလိုသူများအနေဖြင့် အောက်ပါ လိပ်စာများ တွင် ဆက်သွယ် လှူဒါန်း နိုင်ပါသည်။ ယခု လှူဒါန်းထားသူများ စာရင်းကိုလည်း အောက်တွင်ဖော်ပြပေးသွားပါမယ်။
5083870.jpg

5083896.jpg
၁။  နော်ဝေးနိုင်ငံမှ မောင်နိုင်းနိုင်း မှ အလှူငွေ  လေးသောင်းကျပ် ။
၂။  ကိုထွန်းဝင်းလတ် မှ အလှူငွေ သုံးသောင်းကျပ် ။
၃။ စစ်ကိုင်းမြို့ ဘိုသု ကွမ်းယာဆိုင်မိသားစု နှင့် အလှူရှင် သုံးဦးတို့မှ လေးသိန်းကျပ်။ (ဇန်ဝါရီလနှင့် ဖေဖော်ဝါရီလအတွက် နှစ်သောင်းကျပ် လက်ခံရရှိပြီး။)
၎။ မန္တလေးမြို့မှ မနီလာအေးမှ တစ်သိန်းကျပ်။ (ဇန်ဝါရီလအတွက် တစ်သောင်းကျပ် လက်ခံရရှိပြီး။)
၅။ ဒေါ်ရွှေဇင်ဦး (SS DTP & Copy မန္တလေးမြို့) မှ တစ်သိန်းကျပ်။ (ဇန်ဝါရီလနှင့် ဖေဖော်ဝါရီလအတွက် နှစ်သောင်းကျပ် လက်ခံရရှိပြီး။)
၆။ ကိုဇော်သိင်္ခ (မိုးကောင်းကင်ဘလော့) မှ တစ်သိန်းကျပ်။ (ဇန်ဝါရီလနှင့် ဖေဖော်ဝါရီလအတွက် နှစ်သောင်းကျပ် လက်ခံရရှိပြီး။)
၇။ MKK1 အင်တာနက်ဆိုင်(မန္တလေးမြို့)မှ တစ်သိန်းကျပ်။ (ဇန်ဝါရီလနှင့် ဖေဖော်ဝါရီလအတွက် နှစ်သောင်းကျပ် လက်ခံရရှိပြီး။)
၈။ Wai Yan အင်တာနက်ဆိုင်(မန္တလေးမြို့)မှ တစ်သိန်းကျပ်။ (ဇန်ဝါရီလနှင့် ဖေဖော်ဝါရီလအတွက် နှစ်သောင်းကျပ် လက်ခံရရှိပြီး။)
၉။ စင်ကာပူ မှ အလှူရှင် ဒကာမကြီး တစ်ဦးမှ ခုနစ်သိန်း(၇၀၀၀၀၀)ကျပ်။
၁၀။ကိုကျော်သူရ စင်ကာပူမှ တစ်သိန်းကျပ်။
၁၁။ကိုအားဝေ(GTC မန္တလေးမြို့) မှအလှူငွေ တစ်သိန်းကျပ်။
၁၂။ Top အင်တာနက်ဆိုင်(မန္တလေးမြို့)မှ အလှူငွေ တစ်သောင်းကျပ်။
၁၃။ ချောအိမာန်(မန္တလေး)မှ တစ်သောင်းကျပ်။
၁၄။ငြိမ်းအိဖြိုး ၊မြတ်နိုး ၊သီတာမျိုး ၊လူပျိုကြီးတင်မျိုး(မန္တလေးမြို့) တို့မှ အလှူငွေ ၂၇၀၀၀ကျပ်။
၁၅။ နတ်ဆိုးလေး ဘလော့ဂါမှ အလှူငွေ ငါးထောင်ကျပ်။
၁၆။T&D အင်တာနက်ဆိုင် စစ်ကိုင်းမြို့မှ အလှူငွေတစ်သောင်းကျပ်။ 

5083236.jpg
စတင်ခင်းထားသော ၁၂ပေခန့်ရှိ ကွန်ကရစ်လမ်းပိုင်းလေး

5083222.jpg

လစဉ် တစ်လကို တစ်သောင်းနှုံး၊ ဒါမှမဟုတ် နှစ်သောင်းနှုံး ဖြစ်ဖြစ် မိမိတို့ တက်နိုင်သလောက်လည်း ပါဝင်လှူဒါန်းနိုင်ကြပါသည်။ ယခု စုစုပေါင်း ရရှိ အလှူငွေ မှာ တစ်ဆယ့်ကိုးသိန်းနှစ်သောင်းနှစ်ထောင်(၁၉၃၂၀၀၀) ဖြစ်ပါသည်။
စေတနာရှင်များအနေဖြင့်လည်း ထိုလမ်းလေးဖြစ်မြောက်သွားနိုင်ရန်အတွက် ကိုယ်တက်နိုင်သလောက်လေး ပါဝင် လှူဒါန်းလိုပါက အောက်ပါ အီးမေးလ် လိပ်စာများနှင့်ဖုန်းနံပါတ်များမှ တဆင့် ဆက်သွယ် လှူဒါန်းနိုင်ကြောင်း ၊ နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော် သတင်ပေးလိုက်ပါတယ်ခင်ဗျာ….။

ဆက်သွယ်လှူဒါန်းရန်...

Kovida9@gmail.com  ဦးဇင်း ဦးကောဝိဒ (စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း  ဖုန်း-09-2110202)
Zawtk07@gmail.com   ကိုဇော်သိင်္ခ ( မန္တလေး ၊ ဖုန်း 029-91041540 )
Yadanarbon.2010mdy@gmail.com ( မန္တလေးမြို့)


ခင်မင်စွာဖြင့်
ဇော်သိင်္ခ

0 comments:

 
^ထိပ်ဆုံးသို့