မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Friday, February 4, 2011

“နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း”

4994847.jpg


ညရိပ်ခို၍
နုပျို ဆန်းတင့်၊ နှင်းဆီ ပွင့်မည်။

နှင်းနှင့် ဆွတ်လိမ်း၊ ည ပိန်းပိန်းမှာ
အစိမ်း ရောင်ကြား၊ ဖွံ့ထွားထွားနှင့်
ကားကား စွင့်စွင့်၊ ပွင့်လိမ့် နှင်းဆီ
ရဲရဲနီ။

ညယံ ၌ ပင်၊ ပန်ဆင် လိုက
ပန်နိုင်ကြ၏
ဘဝနှင်းဆီ ရဲရဲနီ။

အမှောင်ကြားတွင်
ဝိုးဝါး ပျံကူး၊ ပိုးစုန်းကြူးတို့
စူးစူး စမ်းစမ်း၊ မအိပ်တမ်းလျှင်
လမ်းသစ် ရှာကြ၊ တီထွင်ကြ။

အိုဘဲ့ဘယ်…အိုဘဲ့ မနှင်းဆီ
သင်သည် ဘယ်မှာနည်း။

အပြိုင်း အရိုင်း၊ နှင်းဆီ ကိုင်းတို့
ဝိုင်းဝိုင်း လည်မျှ၊ ဆူးချွန် ထလျက်
မြနှင်းဆီတွေ၊ သည်မှာလေ ဟု
သောင်ခြေ တလွှား၊ ကျောင်းနား တချို့
မြို့ပေါ် ရွာပေါ်၊ တောင်ပေါ် မကျန်
ဖူးတံ စီစီ၊ ဦးခေါင်း ချီလျက်
နီလျက် ရဲလျက်၊ တခဲနက် ပင်
လက်နှင့် ခြွေလည်း၊ ခြွေ၍ မနိုင်
လှိုင်၍ မဆုံး၊ ဤ တောင်ကုန်းမှာ
အားလုံး နှင်းဆီ နှင်းဆီတကား။

ကဗျာဆရာကြီး  တင်မိုး ရဲ့ "နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း" ကဗျာစာအုပ်ရဲ့ အဖွင့်ကဗျာဖြစ်တဲ့ "နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း" ကဗျာလေး တစ်ပုဒ်ထဲမှာ ပါတဲ့ ကဗျာ စာပိုဒ်လေး တစ်ချို့ဖြစ်ပါတယ်။ ကဗျာ တစ်ပုဒ်လုံး မဟုတ်ပေမယ့် ဒီကဗျာလေးရဲ့ ဒီတစ်စိတ် တစ်ပိုင်းကို  ကို ဧရာဝတီရဲ စာအုပ်စင် ကဏ္ဍမှာ ဖတ်လိုက်ရတော့ သဘောကျ နှစ်သက်မိတဲ့ ကဗျာလေး ဖြစ်တဲ့ အတွက်ကြောင့်မို့ ကဗျာ ချစ်သူ စာဖတ်ပရိသတ်တွေအတွက် စာအမည်းလေး အနေနဲ့ ပြန်လည် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။

ခင်မင်စွာဖြင့်
ဇော်သိင်္ခ



0 comments:

 
^ထိပ်ဆုံးသို့