မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Friday, July 15, 2011

ဝါဆိုလပြည့် ဓမ္မစကြာနေ့

28bzc68.jpg

လောင်းလျာစိန္တေ၊ သန္ဓေတောထွက်
ဓမ္မစကြာ၊ ဒေသနာမြွက်
ပုန်းညက်ကြာခိုင်၊ ပျံ့လှိုင်ကြိုင်သင်း

ပဉ္စင်းတော်ပွဲ၊ ဝှဲချီးကျင်းပ

ဝါဆိုလခါ၊ ဗြုဗ္ဗာနက္ခတ်

ကရကဋ်ရာသီ၊ ဆင်တာရာကြည်ရွှန်း

တင့်ထွန်းဝင်းပ၊ ဗုဒ္ဓအမွေ

ရွှန်းဝေဖြာလှစ်၊ ဝေဿန္တလျှင်

ကြည်လင်သာမော၊ တောမိဂဒါဝုန်

ရဂုံကြိုင်လျှမ်း၊ စုံမြိုင်နန်းတွင်

ပဉ္စဝဂ္ဂီ၊ ငါးလီထေရ်အား

တရားဦးမွန်၊ ဟောလှစ်ညွှန်ပြ

မဇ္ဈိမ, ပဋိပဒါ၊ သစ္စာလေးဝ

ဒုက္ခ, သမုဒယ၊ နိရောဓနှင့်

မဂ္ဂတစ်ဖန်၊ မှန်တရားတို့

လက်ဖဝါးတွင်၊ ပတ္တမြားတင်အလား

ထင်ရှားပေါ်လွင်၊ မြင်သာအောင်ပြ

လောကသုံးသွယ်၊ ဝဋ်ပင်လယ်မှ

လွတ်လွယ်စေရာ၊ ဗြဟ္မာနတ်လူ

ကျွတ်ဆုယူလျက်၊ ဓမ္မစကြာ

ချိန်အခါကျ၊ ဓမ္မပူဇာ

ဒေသနာကို၊ ဘာဝနာသဘော

အာရုံစောညွှတ်၊ ပူဇော်ဝပ်တွား

ကြည့်ညိုအားဖြင့်၊ ရွတ်ပွားသရဇ္ဈာယ်ကြပါကုန်။    ။


ဦးအောင်မွန်(မဟာဝိဇ္ဇာ) 

26.7.2010 ရက်  ကြေးမုံ သတင်းစာ ပါ... ဝါဆိုလပြည့်နေ့ ကဗျာလေးကို မနှစ်ကလည်း ဖော်ပြခဲ့ပေးခဲ့ဖူးပါတယ်။ ဒီနှစ် ဝါဆိုလပြည့်နေ့မှာလည်း ဝါဆိုလပြည့်အမှတ်တရအနေနဲ့ ပြန်လည် ဖော်ပြပေးလိုက်ရပါတယ်။

ခင်မင်လေးစားစွာဖြင့်...
ဇော်သိင်္ခ

1 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ဝါဆိုလပြည့်ကဗျာလေးဖတ်သွားပါတယ်။ ဖော်ပြပေးတာ ကျေးဇူးပါ

 
^ထိပ်ဆုံးသို့