မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Saturday, February 12, 2011

BarCamp Mandalay2011 ပထမနေ့ဖွင့်ပွဲ အမှတ်တရ


ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ BarCamp Mandalay2011 ရဲ့(ပထမနေ့) ကျင်းပခြင်း အစီအစဉ်များကို အောင်မြင်စွာ ကျင်းပသွားနိုင်ခဲ့ပါတယ်။ ဒီနေ့ ပွဲမှာ နည်းပညာ သာမက စာပေ၊ ဝါသနာ၊ သဘာဝပတ်ဝန်းကျင်၊ ဥပဒေ၊ စီးပွားရေး၊ လူမှုရေး၊ အင်ဂျင်နီယာပညာ၊ အနုပညာ ၊ ဓာတ်ပုံပညာ စတာတွေကို အရောင်အသွေးစုံ အမယ်စုံ လှပစွာနဲ့ ဟောပြောကြပြီး နားထောင်သူဦးရေမှာလည်း မြောက်များစွာ လာရောက်နားထောင်ပြီး ဝင်ရောက်ဆွေးနွေး ဟောပြောသွားကြတဲ့အတွက် ဝမ်းသာ ပိတီဖြစ်ရပါတယ်။ ယနေ့ ဖွင့်ပွဲမှာ အမှတ်တရ ရိုက်လာခဲ့တဲ့ ဓာတ်ပုံလေးများကို အမှတ်တရအနေနဲ့ ဖော်ပြပေးသွားပါ့မယ်။
5055751.jpg
ယနေ့ ဟောပြောဆွေးနွေးသွားသော မနက် ၉နာရီမှ ညနေ ၅ နာရီထိ အခန်းရှစ်ခန်းရှိ ဟောပြောပို့ချသော အကြောင်းအရာများနှင့်
ဟောပြောသူတို့၏နာမည်များကို အချိန်ဇယားအလိုက် နို့တစ် ဘုတ်တွင် ဖော်ပြထားပုံ။

5055711.jpg

5055771.jpg

5055844.jpg


5055912.jpg
Organizer အဖွဲ့များ။

5055919.jpg
ကွန်ပျူတာပညာရှင်များအသင်း ဥက္ကဌ ဦးသိန်းထွဋ် မှ အမှာစကား ပြောကြားစဉ်။

5055920.jpg
ဘလော့ဂါ မောင်လှ မှ ဘားကမ့် ကျင်းပရခြင်းအကြောင်း ပြောကြားစဉ်။

5055931.jpg

5055937.jpg
မန္တလေးဘားကမ့် 2011 ဖွင့်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်စဉ်

5056005.jpg


5056030.jpg

5056018.jpg

5056014.jpg

5056054.jpg

ပထမနေ့ အမှတ်တရ ဓာတ်ပုံများကို အောက်မှ ဖေ့ဘုတ်လင့်ခ်တွင်လည်း ပြည့်စုံစွာ သွားရောက်ကြည့်ရှု့ နိုင်ပါသည်ခင်ဗျ။


ခင်မင်စွာဖြင့်
ဇော်သိင်္ခ

2 comments:

ကောင်းမွန်ဝင်း said...

သတင်းကို ပြည့်ပြည့်စုံစုံရေးတင်ပေးထားတာ
ကျေးဇူးပါ။

ချော(အစိမ်းရောင်လွင်ပြင်) said...

မန္တလေးရောက်တုန်း ကြော်ငြာထားတာ တွေ့ခဲ့တယ်
ဒါပေမဲ့ ပွဲကျင်းပတဲ့ရက်က မန္တလေးမှာ မရှိတော့ဘူးဖြစ်နေတယ်
ဒါကြောင့် မရောက်ဖြစ်ခဲ့ဘူး
သတင်းပေးဖိတ်ခေါ်တာ ကျေးဇူးပါနော်။
ဒါနဲ့ ဘလော်ဂါကိုဇော်သိင်္ခတော့ မတွေ့မိပါလား
ဘယ်နားမှာလဲ :)

 
^ထိပ်ဆုံးသို့