မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Thursday, August 25, 2011

မေတ္တာသစ္စာဟူသော သူတော်ကောင်းဓာတ်

မေတ္တာအလင်းတောက်ပခြင်းဟာ

ကမ္ဘာ့မိသားစုကြီးတစ်ခုလုံးအတွက်

ထာဝစဉ်အားထားမြတ်နိုးရမည့်

လျှို့ဝှက်ကယ်တင်ရှင်ဖြစ်ပေမယ့်….


မေတ္တာတရားခေါင်းပါးမှုနတ်ဆိုးက

ကမ္ဘာ့မိသားစုကြီးတစ်ခုလုံးအတွက်

ယနေ့ မျက်ရည်နှင့်သွေးများ

စနစ်တကျဖန်တီးပေးနေတယ်…။


သစ္စာအလင်းပျံ့နှံ့ခြင်းဟာ

ကမ္ဘာ့မိသားစုကြီးတစ်ခုလုံးအတွက်

ထာဝစဉ်ဆောင်ရွက်ရမည့်

လျှို့ဝှက်အင်အားဖြစ်ပေမယ့်…


သစ္စာတရားခေါင်းပါးမှုနတ်ဆိုးက

ကမ္ဘာ့မိသားစုကြီးတစ်ခုလုံးအတွက်

ယနေ့ သဘာဝဘေးအန္တရာယ်ဆိုးများ

စနစ်တကျဆောင်ကြဉ်းပေးနေတယ်…။


မေတ္တာ၊သစ္စာရောင်ခြည်တို့သည်သာ

ကမ္ဘာ့မိသားစုကြီးတစ်ခုလုံးအတွက်

ငြိမ်းချမ်းရေးနိဗ္ဗာန်ဘုံများ

ဖန်ဆင်းပေးနိုင်ပေမယ့်…


စစ်ဆိုတဲ့ စစ်ပွဲဆင်နွှဲမှုတွေက

ကမ္ဘာ့မိသားစုကြီးတစ်ခုလုံးအတွက်

ကြေကွဲဖွယ်ငရဲခန်းများ

စနစ်တကျ ဖန်တီးပေးနေတယ်…။


ရေးသားသူ - မောင်ရဲမြင့် (မေတ္တာရှင်(ရွှေပြည်သာ) ဆရာတော်၏ အရှုံးမရှိဒဿန စာအုပ်ထဲမှ ပါသော မေတ္တာသစ္စာဟူသောသူတော်ကောင်းဓာတ်လေးကို ပြန်လည် မျှဝေဖော်ပြကုသိုလ် ယူသည်။


ခင်မင်စွာဖြင့်…

ကိုဇော်သိင်္ခ

2 comments:

Anonymous said...

အစ်ကိုရေ..
ကဗျာလေးလာဖတ်သွားပါတယ်ရှင်။
အင်း..memory က512သာဆိုတယ်။
ရေးထားတဲ့ကဗျာက 8G လောက်ရှိပါလားရှင်။
ခင်မင်စွာဖြင့်
ညီမ/သမီးစံ

8Yar said...

မှတ်သားသွားပါတယ် အစ်ကို။ ကျေးဇူးပါ ခင်ဗျာ။ :)

 
^ထိပ်ဆုံးသို့