မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Thursday, August 18, 2011

မျိုးဆက်ဟောင်း သူရဲကောင်း မောင်စိန်ဝင်း(ပုတီးကုန်း)


မိုးမခ ဆိုဒ်ကို ဝင်ဖတ်ကြည့်လိုက်တဲ့ အခါမှာ ကိုကျော်သူရဲ့ မျိုးဆက်ဟောင်း သူရဲကောင်း မောင်စိန်ဝင်း(ပုတီးကုန်း) ဆိုတဲ့ ခေါင်းစဉ်လေး တွေ့လို့ ဖတ်ကြည့်လိုက်တာ အဲဒီထဲမှာ ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ လက်ရေးမူရင်းနဲ့ ကဗျာလေး နှစ်ပုဒ်ပါလာတာတွေ့လို့ အရမ်းသဘောကျ နှစ်သက်မိတဲ့ အတွက် ထိုကဗျာလေး နှစ်ပုဒ်ကို သူ့ရဲ့ မူရင်း လက်ရေးဖိုင်လေး နဲ့ အတူ ပြန်လည် မျှဝေ ပေးလိုက်ပါတယ်။


"ငှက်တို့၏တေး"

မ လိုက်ရဲရင်တော့

အ သိုက်ထဲမှာပဲကျန်ခဲ့လေ . . . ။

တနေ့နီးမှာပေါ့

ရှေ့ခရီးမျှော် မာန်တင်းပါကွယ့်

ငှက်ဆိုတာက ပျံရင်းသေ . . . ။

ခြင်္သေ့က မြက် မစား

ကျားက ကြွက် မချောင်း

ဖွတ်တွေက မိချောင်းလို့ မနေ

အိုးဝေ အိုးဝေ တွန်သံနှောလေတဲ့

စိမ်းမြညို ဟောဟိုတောဆီသို့

အမောခံ ဇောမာန်တင်း

ပျံရင်းသေ ခရီးဆက်မယ်တဲ့

အဲဒါ … ငှက်တို့ရဲ့သမိုင်း။

6346430.jpg

(မောင်စိန်ဝင်း - ပုတီးကုန်း)


"မြစ်ကော"

မြစ်မကောအောင်လို့၊
သစ်တောတို့ စိမ်းရပေမည်။
ရေဝေတောတွေ ဆိုင်းစို့စို့၊
မှိုင်းညို့ညို့မှုန်ရီ။
ချင်းတွင်းနှင့်ဧရာဝတီ၊
ရေပြာကြည်သမျှ မြန်မာ့သွေးဟေ့။
တတောလုံးပြောင်၊
တတောင်လုံးလင်း၊
မြစ်ကျဉ်းကာသောင်တွေပေါ်တော့၊
နောင်အရှည်မမျှော် မြန်မာပျောက်အောင်လို့၊
ကိုယ့်သွေးကို ကိုယ်ပြန်သောက်နေကြ၊
စိုးကြောက်ဖွယ် အပြစ်သဘောနဲ့၊
မြစ်ကောမယ့်နေ့။ ။
6346429.jpg

မောင်စိန်ဝင်း (ပုတီးကုန်း)

--
ခင်မင်စွာဖြင့်...
ကိုဇော်သိင်္ခ
************
http://www.zawtk.com
www.everyoneit.com

1 comments:

8Yar said...

အရမ်းကောင်းတဲ့ ဆရာမောင်စိန်ဝင်း - ပုတီးကုန်း ရဲ့ကဗျာလေးတွေကို မျှဝေပေးတဲ့ အတွက်ကျေးဇူးပါ။ မြစ်ကော ကိုတော့အရမ်းကြိုက်ရပါတယ်။

 
^ထိပ်ဆုံးသို့