မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Thursday, September 8, 2011

မန္တလေး ဗုဒ္ဓတက္ကသိုလ် (၁၆) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနား ဖိတ်ကြားခြင်း

6495310.jpg

မန္တလေးမြို့ပေါ်ရှိ ပရိယတ္တိအကျော်အမော်ဆရာတော်ကြီးများ၏ သြဝါဒကို ခံယူ၍ ပြည်တွင်းပြည်ပ သာသနာပြု သံဃာတော်များပေါ်ထွန်းရေးအတွက် (၁၉၉၄) ခုနှစ်က စတင်တည်ထောင် ဖွင့်လှစ်ခဲ့သော ‘’ဗုဒ္ဓတက္ကသိုလ်‘’ မြန်မာနိုင်ငံတွင် ခေတ်မှီ-စံချိန်မှီဖြင့် တမူထူးခြားစွာဖြင့် ပါဠိ၊ သက္ကတ၊ ပြာကတ၊ ဘာသာဗေဒ၊ အင်္ဂလိပ်၊ ဗုဒ္ဓဒေသနာတော်များကို သင်ကြား ပေးလျှက်ရှိရာ ယခု (၂၀၁၁) ခုနှစ် ဤဘွဲ့နှင်းသဘင်ပူဇော်ပွဲတွင်…

သြဝါဒစရိယဆရာတော်ကြီး ၁၀-ပါး

M.A. ကထိကဆရာတော် ၁၈-ပါး

၂၀၁၁-ခုနှစ် အတန်းစုံ၌ စာမေးပွဲအောင် ရဟန်း၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များ

1. M.A. ( Indo-Aryan ) မဟာဝိဇ္ဇာ (အပိုင်း-၃) မှ ၄-ပါး

2. M.A. ( Indo-Aryan ) မဟာဝိဇ္ဇာ (အပိုင်း-၂) မှ ၄-ပါး

3. M.A. ( Indo-Aryan ) မဟာဝိဇ္ဇာ (အပိုင်း-၁) မှ ၈-ပါး

4. M.A. ( Buddhism ) မဟာဝိဇ္ဇာ (အပိုင်း-၃) မှ ၃-ပါး

5. M.A. ( Buddhism ) မဟာဝိဇ္ဇာ (အပိုင်း-၂) မှ ၂-ပါး

6. M.A. ( Buddhism ) မဟာဝိဇ္ဇာ (အပိုင်း-၁) မှ ၅-ပါး

7. M.A. ( Indo-Aryan ) ဝိဇ္ဇာ စတုတ္ထနှစ် မှ ၂၈-ပါး

8. M.A. ( Indo-Aryan ) ဝိဇ္ဇာ တတိယနှစ် မှ ၃၄-ပါး

9. M.A. ( Buddhism ) ဝိဇ္ဇာ စတုတ္ထနှစ် မှ ၁၀-ပါး

10. M.A. ( Buddhism ) ဝိဇ္ဇာ တတိယနှစ် မှ ၁၀-ပါး

11. Diploma ( PSE ) 2nd yr- ဒုတိယနှစ် မှ ၉၉-ပါး

12. Diploma ( PSE ) 1st yr- ပထမနှစ် မှ ၁၁၉-ပါး

စုစုပေါင်း ၃၄၅-ပါး

တို့အား ၁၆-ကြိမ်မြောက်ဘွဲ့နှင်းသဘင် အောင်လက်မှတ် ဆက်ကပ်ပူဇော်ပွဲကို (၁၂.၉.၂၀၁၁)နေ့တွင် ကျင်းပပူဇော်မည်ဖြစ်ပါ၍ ကိုယ်တိုင်ကြွရောက် ချီးမြှင့်တော်ပူပါရန် ရိုသေစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

နေ့ရက်။ ။ ၁၃၇၃-ခုနှစ်၊ တော်သလင်းလဆန်း(၁၅)ရက်

၂၀၁၁-ခုနှစ်၊ စက်တင်ဘာ (၁၂)ရက်-တနင်္လာနေ့။

အချိန်။ ။ နေ့လည်(၁) နာရီ။

နေရာ။ ။ ဗုဒ္ဓတက္ကသိုလ်တည်ရှိရာ “မြို့လယ်ဆူးခါးတိုက်”

၈၃-လမ်း၊ ၃၂-၃၃ လမ်းကြား၊ မန္တလေးမြို့။ ဖုန်း ၀၂-၃၉၇၄၀

ခင်မင်စွာဖြင့်..

ဇော်သိင်္ခ

0 comments:

 
^ထိပ်ဆုံးသို့