
မန္တလေးမြို့ပေါ်ရှိ ပရိယတ္တိအကျော်အမော်ဆရာတော်ကြီးများ၏ သြဝါဒကို ခံယူ၍ ပြည်တွင်းပြည်ပ သာသနာပြု သံဃာတော်များပေါ်ထွန်းရေးအတွက် (၁၉၉၄) ခုနှစ်က စတင်တည်ထောင် ဖွင့်လှစ်ခဲ့သော ‘’ဗုဒ္ဓတက္ကသိုလ်‘’ မြန်မာနိုင်ငံတွင် ခေတ်မှီ-စံချိန်မှီဖြင့် တမူထူးခြားစွာဖြင့် ပါဠိ၊ သက္ကတ၊ ပြာကတ၊ ဘာသာဗေဒ၊ အင်္ဂလိပ်၊ ဗုဒ္ဓဒေသနာတော်များကို သင်ကြား ပေးလျှက်ရှိရာ ယခု (၂၀၁၁) ခုနှစ် အတွက်ဘွဲ့နှင်းသဘင်ပူဇော်ပွဲ ကျင်းပခြင်းအခမ်းအနားကို ယနေ့ ကောဇာသက္ကရာဇ် ၁၃၇၃ ခုနှစ်၊ တော်သလင်းလပြည့်နေ့၊ သာသနာတော်နှစ် ၂၅၅၅ ခုနှစ်၊ ခရစ်နှစ် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက် တနင်္လာနေ့ နေ့လည် (၁) အချိန်တွင် မန္တလေးမြို့ ဗုဒ္ဓတက္ကသိုလ်တည်ရှိရာ မြိ့လယ်ဆူးခါးတိုက်၊ ၈၃ လမ်း၊ ၃၂ လမ်းနှင့် ၃၃လမ်းကြား၊ တွင် ကျင်းပ ပြုလုပ်ခဲ့ရာ ၂၀၁၁ ခုနှစ်အတွက် အတန်းစုံ၌ စာမေးပွဲအောင် ရဟန်း၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များ ၃၅၄ ပါး တို့အား အောင်လက်မှတ် နှင့် ဘွဲ့လက်မှတ်များအသီးသီး ဆက်ကပ်ပေးအပ်ခဲ့ပါသည်။ ထို့နောက် ကြွရောက်လာကြသော သြဝါဒ ဆရာတော်ကြီးများနှင့် သင်ကြားရေးဆရာတော်များအား အလှူရှင် အသီးသီးတို့မှ လှူဖွယ် ဝတ္ထု၊ ပစ္စည်း တို့ဖြင့် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထိုသို့ လှူဒါန်းမှု အစုစုတို့အတွက် ရွှေညဝါ ဆရာတော်မှ ရေစက်ချ တရားဟောကြား တော်မူပြီး ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပခြင်း အစီအစဉ် အောင်မြင်စွာ ကျင်းပပြီးစီးသွားခဲ့ပါသည်။



ဘွဲ့လက်မှတ် ပေးအပ်နေပုံ

(၂၀၁၁) ခုနှစ် အတွက် ဤဘွဲ့နှင်းသဘင်ပူဇော်ပွဲတွင်…
သြဝါဒစရိယဆရာတော်ကြီး ၁၀-ပါး
M.A. ကထိကဆရာတော် ၁၈-ပါး
၂၀၁၁-ခုနှစ် အတန်းစုံ၌ စာမေးပွဲအောင် ရဟန်း၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များ
1. M.A. ( Indo-Aryan ) မဟာဝိဇ္ဇာ (အပိုင်း-၃) မှ ၄-ပါး
2. M.A. ( Indo-Aryan ) မဟာဝိဇ္ဇာ (အပိုင်း-၂) မှ ၄-ပါး
3. M.A. ( Indo-Aryan ) မဟာဝိဇ္ဇာ (အပိုင်း-၁) မှ ၈-ပါး
4. M.A. ( Buddhism ) မဟာဝိဇ္ဇာ (အပိုင်း-၃) မှ ၃-ပါး
5. M.A. ( Buddhism ) မဟာဝိဇ္ဇာ (အပိုင်း-၂) မှ ၂-ပါး
6. M.A. ( Buddhism ) မဟာဝိဇ္ဇာ (အပိုင်း-၁) မှ ၅-ပါး
7. M.A. ( Indo-Aryan ) ဝိဇ္ဇာ စတုတ္ထနှစ် မှ ၂၈-ပါး
8. M.A. ( Indo-Aryan ) ဝိဇ္ဇာ တတိယနှစ် မှ ၃၄-ပါး
9. M.A. ( Buddhism ) ဝိဇ္ဇာ စတုတ္ထနှစ် မှ ၁၀-ပါး
10. M.A. ( Buddhism ) ဝိဇ္ဇာ တတိယနှစ် မှ ၁၀-ပါး
11. Diploma ( PSE ) 2nd yr- ဒုတိယနှစ် မှ ၉၉-ပါး
12. Diploma ( PSE ) 1st yr- ပထမနှစ် မှ ၁၁၉-ပါး
စုစုပေါင်း ၃၄၅-ပါး
တို့အား အသီးသီး ဆက်ကပ် ပေးအပ်ခဲ့ပါသည်။



ရွှေညဝါဆရာတော်မှ ရေစက်ချတရား ဟောကြားနေစဉ်


ဆရာတော်များ၊ ဆရာကြီး ဦးမြင့်ဆွေ နှင့် အကျိုးတော်ဆောင်များ အမှတ်တရ ပုံ


ကျောင်းဆောက်ရန်အတွက် အလှူငွေများ ပေးအပ်နေစဉ်

ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်နေပုံ
ဇော်သိင်္ခ
0 comments:
Post a Comment