သာသနာတော်နှစ် ၂၅၅၅ခု ကောဇာသက္ကရာဇ် ၁၃၇၄ ခု၊ ပထမ ဝါဆိုလဆန်း (၂) ၊ ဗုဒ္ဓဟူးနေ့ ၂၀.၆.၂၀၁၂
အရုဏ် မုန့်ဟင်းခါးဆွမ်း နှင့် နေ့ဆွမ်း လောင်းလှူခြင်း ကုသိုလ်ရှင်
ကွယ်လွန်သူ ဦးမှိုင်း အားရည်စူး၍ ဒေါ်အေးမိ မိသားစု (မြောက်ဒဂုံ) မှ ဖြစ်ပါတယ်။
သံဃာတော်များ နေ့ဆွမ်းဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ကြက်သားဟင်း
ကုလားပဲနှပ်
သရက်ချဉ်သုပ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။
ယနေ့ အလှူရှင်တို့သည် အခုလို ဆွမ်းလောင်းလှူရသော ကုသိုလ်ကံစေတနာတို့ကြောင့် ဆွမ်းအကျိုးငါးပါးပြည့်စုံပြီးလျှင် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အစစအရာရာအဆင်ပြေအောင်မြင် ပြည့်စုံ၍ သာသနာအကျိုး လောကကောင်းကျိုးများ သယ်ပိုးဆောင်ရွက်နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်းမှ ဆုတောင်း ပေးလိုက်ပါတယ်။
















အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။