သာသနာတော်နှစ် ၂၅၅၅ခု ကောဇာသက္ကရာဇ် ၁၃၇၄ခု နယုန်လပြည့်ကျော် (၁)ရက် ၅.၆.၂၀၁၂ အင်္ဂါနေ့
အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်
ကိုကျော်ဇင်မောင် + မလှမြတ်သူ၊ သား- အောင်ထက်ဦး (စင်္ကာပူ)မှ
သား-အောင်ထက်ဦး ၏ (၇)နှစ်ပြည့် မွေးနေ့အလှူ ဖြစ်ပါတယ်။
အရုဏ် ကြက်သား ကြာဇံဟင်းခါး ကပ်လှူခဲ့ပြီး။
သံဃာတော်များ နေ့ဆွမ်း ဘုန်းပေးနိုင်ရန် အတွက်
ဆွမ်း
ကြက်သားဟင်း
ကုလားပဲနှပ်
သရက်ချဉ်သုပ်
ပါလချောင်ကြော်
စသည့် ဟင်းလျာများဖြင့် အလှူရှင် မိသားစုများမှ ကိုယ်တိုင်လာရောက် ဆပ်ကပ်၊ လောင်းလှူခဲ့ကြပါတယ်။
ယနေ့ အလှူရှင် မိသားစုတို့နှင့်အတူ မွေးနေ့ရှင် မောင်အောင်ထက်ဦးတို့သည် ယခုလို ဆွမ်းလောင်းလှူရသော ကုသိုလ်ကံစေတနာတို့ကြောင့်  ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီးလျှင် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အစစအရာရာအဆင်ပြေအောင်မြင် ပြည့်စုံ၍ သာသနာအကျိုး လောကကောင်းကျိုးများ သယ်ပိုးဆောင်ရွက်နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်းမှ ဆုတောင်း ပေးလိုက်ပါတယ်။
















အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။
ခင်မင်စွာဖြင့်...
ဇော်သိင်္ခ
2 comments:
အလှူမြင်ကွင်းလေးကြောင့်ပီတိဖြစ်ရပါတယ်
မွေးနေ့ရှင် မောင်အောင်ထက်ဦးနှင့် ဖေဖေ မေမေ ဘိုးဘိုး ဘွားဘွား အမေကြီး အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာကြပါစေ။
htun & htun
Post a Comment