သာသနာတော်နှစ် ၂၅၅၅ခု ကောဇာသက္ကရာဇ် ၁၃၇၄ခု နယုန်လဆန်း(၁၅)ရက် ၄.၆.၂၀၁၂ တနင်္လာနေ့
အရုဏ် မုန့်ဟင်းခါး ဆွမ်း ကပ်လှူခြင်း ကုသိုလ်ရှင်
မခင်ငြိမ်းချမ်းဦး (မလေးရှား) မှ ဖြစ်ပြီး။
နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်များကတော့
ရာသက်ပန်ထာဝငွေပဒေသာပင်တွင် လှူဒါန်းထားကြသော အလှူရှင်များ အတွက်
ငွေပဒေသာပင်မှ သီးပွင့်သော အသီးအပွင့်များဖြင့် လောင်းလှူခြင်း ဖြစ်ပါတယ်။

အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။
ခင်မင်စွာဖြင့်....
ဇော်သိင်္ခ

သံဃာတော်များ နေ့ဆွမ်း ဘုန်းပေး နိုင်ရန်အတွက်
ဆွမ်း
ဝက်သားဟင်း
ကုလားပဲနှပ်
သရက်ချဉ်သုပ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။
ယနေ့ အရုဏ်ဆွမ်း အလှူရှင် မခင်ငြိမ်းချမ်းဦး နှင့် နေ့ဆွမ်းအလှူရှင်များ ဖြစ်ကြသော ရာသက်ပန်ထာဝရငွေပဒေသာပင်တွင် ပါဝင် လှူဒါန်းထားကြသော အလှူရှင်များအားလုံးတို့သည် ယနေ့ ဆွမ်းလောင်းလှူရသော ကုသိုလ်ကံစေတနာတို့ကြောင့် ဆွမ်းအကျိုးငါးပါးပြည့်စုံပြီးလျှင် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အစစအရာရာအဆင်ပြေအောင်မြင် ပြည့်စုံ၍ သာသနာအကျိုး လောကကောင်းကျိုးများ သယ်ပိုးဆောင်ရွက်နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်းမှ ဆုတောင်း ပေးလိုက်ပါတယ်။

အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။
ခင်မင်စွာဖြင့်....
ဇော်သိင်္ခ
0 comments:
Post a Comment