သာသနာတော်နှစ် ၂၅၅၅ခု ကောဇာသက္ကရာဇ် ၁၃၇၄ခု နယုန်လပြည့်ကျော် (၉) ရက် ဗုဒ္ဓဟူးနေ့
အရုဏ် ကြက်သား ကြာဇံဟင်းခါးဆွမ်း ကုသိုလ်ရှင်
မအေးအေးစော(ဂျပန်)၏ မွေးနေ့အလှူ ဖြစ်ပါတယ်။
နေ့ဆွမ်း ကုသိုလ်ရှင်များကတော့
ရာသက်ပန်ထာဝငွေပဒေသာပင်တွင် လှူဒါန်းထားကြသော အလှူရှင်များ အတွက်
ငွေပဒေသာပင်မှ သီးပွင့်သော အသီးအပွင့်များဖြင့် လောင်းလှူခြင်း ဖြစ်ပါတယ်။
သံဃာတော်များ နေ့ဆွမ်း ဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ဝက်သားဟင်း
ကုလားပဲနှပ်
ပဲတီချဉ်သုပ်
ပါလချောင်ကြော်
ဘယာကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။
ယနေ့ အရုဏ်ဆွမ်း အလှူရှင် မွေးနေ့ရှင် မအေးအေးစော နှင့် နေ့ဆွမ်းအလှူရှင်များ ဖြစ်ကြသော ရာသက်ပန်ထာဝရ ငွေပဒေသာပင်တွင် ပါဝင် လှူဒါန်းထားကြသော အလှူရှင်များအားလုံးတို့သည် ယနေ့ ဆွမ်းလောင်းလှူရသော ကုသိုလ်ကံစေတနာတို့ကြောင့် ဆွမ်းအကျိုးငါးပါးပြည့်စုံပြီးလျှင် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အစစအရာရာအဆင်ပြေအောင်မြင် ပြည့်စုံ၍ သာသနာအကျိုး လောကကောင်းကျိုးများ သယ်ပိုးဆောင်ရွက်နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်းမှ ဆုတောင်း ပေးလိုက်ပါတယ်။
















အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။
0 comments:
Post a Comment