သာသနာတော်နှစ် ၂၅၅၅ခု ကောဇာသက္ကရာဇ် ၁၃၇၄ခု နယုန်လပြည့်ကျော် (၁၄) ရက် ၊ တနင်္လာနေ့ ၁၈.၆.၂၀၁၂
အရုဏ် နို့ ယာဂုဆွမ်း နှင့် နေ့ဆွမ်း လောင်းလှူခြင်း ကုသိုလ်ရှင်
လမင်းအိမ်စာပေနှင့် ဓမ္မမိတ်ဆွေများ (မူဆယ်မြို့) ဖြစ်ပါတယ်။
သံဃာတော်များ နေ့ဆွမ်း ဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ငါးကြော်
ချဉ်ပေါင်ချက်
ပဲသီးကြော်
ပါလချောင်ကြော် စသည့် ဟင်းလျာများ ဖြင့် လောင်းလှူပေးခဲ့ပါတယ်။
ယနေ့ အလှူရှင်တို့ အားလုံး ဆွမ်းလောင်းလှူရသော ကုသိုလ်ကံစေတနာတို့ကြောင့် ဆွမ်းအကျိုးငါးပါးပြည့်စုံပြီးလျှင် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အစစအရာရာအဆင်ပြေအောင်မြင် ပြည့်စုံ၍ သာသနာအကျိုး လောကကောင်းကျိုးများ သယ်ပိုးဆောင်ရွက်နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်းမှ ဆုတောင်း ပေးလိုက်ပါတယ်။
















အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။
1 comments:
သာဓု.သာဓု.သာဓု..ပါ။
အလှူရှင်များအားလုံး..
စိတ်ရောကိုယ်ပါချမ်းမြေ့ရွှင်လန်းကြပါစေ..။
ဘာသာ၊သာသနာအကျိုးကိုဒီ့ထက်မက
သယ်ပိုးဆောင်ရွက်နိုင်ကြပါစေ..။
အန်ကယ်လည်း..ကျန်းမာပါစေ :)
ချစ်ခင်လေးစားလျှက်
Post a Comment