သာသနာတော်နှစ် ၂၅၅၅ခု ကောဇာသက္ကရာဇ် ၁၃၇၄ ခု၊ ပထမ ဝါဆိုလဆန်း (၁) ၊ အင်္ဂါနေ့ ၁၉.၆.၂၀၁၂
အရုဏ် ကြက်သား ကြာဇံဟင်းခါး ဆွမ်း ကုသိုလ်ရှင်
ကိုထွန်းမြင့်အောင် + မဆုဝေဖြိုး (စင်္ကာပူ)မှ မဆုဝေဖြိုး၏ မွေးနေ့အလှူ ဖြစ်ပါတယ်။
နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်များကတော့
ဇွန်(၆)ရက်မွေးနေ့ရှင် မရီရီသင်း(စင်္ကာပူ)၏ မွေးနေ့အလှူ ဖြစ်ပါတယ်။
သံဃာတော်များ နေ့ဆွမ်းဘုန်းပေးနိုင်ရန်အတွက်

အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။

ဆွမ်း
ဝက်သားဟင်း
ကုလားပဲနှပ်
ပဲတီချဉ်သုပ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။
ယနေ့ အလှူရှင်တို့ အားလုံး နှင့် မွေးနေ့ရှင် အားလုံး တို့သည် အခုလို ဆွမ်းလောင်းလှူရသော ကုသိုလ်ကံစေတနာတို့ကြောင့် ဆွမ်းအကျိုးငါးပါးပြည့်စုံပြီးလျှင် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အစစအရာရာအဆင်ပြေအောင်မြင် ပြည့်စုံ၍ သာသနာအကျိုး လောကကောင်းကျိုးများ သယ်ပိုးဆောင်ရွက်နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်းမှ ဆုတောင်း ပေးလိုက်ပါတယ်။

အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။
1 comments:
ဒီလို ဓာတ်ပုံလေးတွေနဲ့ ကြည့်ရတာ ကြည်နူးစရာ :D
Post a Comment