မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Wednesday, September 21, 2011

သာသနာ့အောင်မြေ ဘုန်းကြီးကျောင်းအတွက် အလှူရှင်များစာရင်း

မကွေးတိုင်း၊ စလင်း-ဆင်ဖြူကျွန်းမြို့နယ်၊ ဆင်မကျွန်းကျေးရွာအုပ်စု၊ချင်းပြစ်ရွာမှ ဧရာဝတီမြစ်ကမ်းပါးပြိုမှုကြောင့် နေရာပြောင်းရွှေံ့ ပြန်လည်တည်ဆောက်ရန် အခက်တွေ့နေသောသာသာနာ့အောင်မြေဘုန်းကြီးကျောင်းအတွက် (၁၉၊ စက်တင်ဘာလ၊ ၂၀၁၁)အထိ လက်ခံရရှိပြီးသောအလှူရှင်များစာရင်းမှာ

မေတ္တာရှင်(ရွှေပြည်သာ) ဆရာတော် - ၁၀ သိန်း ၈ သောင်း

(ကာယကံမြောက်အလှူအဖြစ် မေတ္တာရှင်(ရွှေပြည်သာ) ဆရာတော်၏ ညွှန်ကြားချက်ဖြင့် မေတ္တာရှင် ဖောင်ဒေးရှင်းအဖွဲ့(စစ်ကိုင်း) နှင့် ကာယကံမေတ္တာရှင်အဖွဲ့(မန္တလေး)တို့မှ တာဝန်ရှိသူများ ကိုယ်တိုင် (၂၀.၈.၂၀၁၁) နေ့က ချင်းပြစ်ရွာသို့ သွားရောက် လှူဒါန်းခဲ့ပါသည်။)

ပုလဲဆရာတော် ဦးပညာဝံသ - ၂ သိန်း

ရွှေဆံနွယ်ဆရာတော် ဦးဝါယမာနန္ဒ - ၂ သိန်း

တောင်တန်းသာသနာပြုဆရာတော် ဦးတိက္ခ(မန္တလေး) - ၁ သိန်း

သီတဂူကြယ်တစ်ပွင့် ဦးပညာနန္ဒ - ၁ သိန်း

ဓမ္မဓရ၀ါဆိုကျောင်းတိုက်ဆရာတော် ဦးကုမာရ - ၁ သိန်း

ဦးဥာဏ်ဝင်း + ဒေါ်နန်းမြင့်မြင့်မေ(မန္တလေး) - ၅ သောင်း

ဒေါ်ခင်အေး (နောင်ပိုအောင်၊ ဟုမ္မလင်းမြို့နယ်) - ၁ သောင်း

စုစုပေါင်းလက်ခံရရှိသောအလှူငွေ (ကျပ်)ပေါင်း - ၁၈ သိန်း၊ လေးသောင်း ကျပ်တိတိ လက်ခံရရှိပါသည်။


6594608.jpg

ကာယကံမြောက်အလှူအဖြစ် မေတ္တာရှင်(ရွှေပြည်သာ) ဆရာတော်၏ ညွှန်ကြားချက်ဖြင့် မေတ္တာရှင် ဖောင်ဒေးရှင်းအဖွဲ့(စစ်ကိုင်း) နှင့် ကာယကံမေတ္တာရှင်အဖွဲ့(မန္တလေး) တို့မှ တာဝန်ရှိသူများ ကိုယ်တိုင် (၂၀.၈.၂၀၁၁) နေ့က ချင်းပြစ်ရွာသို့ သွားရောက် လှူဒါန်းခဲ့မှု မှတ်တမ်းများ


6594600.jpg

မန္တလေးမြို့၊ နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ်၊ အဆောင်(၁၈)အဆောင်မှူး၊ မြန်မာစာဌာန (နည်းပြ) ဓမ္မဓရ အရှင် ၀ါယမာနန္ဒ က ချင်းပြစ်ရွာ၊ သာသနာ့အောင်မြေဘုန်းတော်ကြီးကျောင်း ပြန်လည်တည်ဆောက်ရေးအတွက် အလှူငွေ ကျပ် ၂ သိန်း လှူဒါန်းရာ ဆရာတော်ကိုယ်စား ဒေါက်တာထူးမြင့်ဆွေက အကျိုးတော်ဆောင် ကိုသန်းလင်းထံ (၁၃၊ စက်တင်ဘာ၊ ၂၀၁၁)နေ့က လှူဒါန်းပေးအပ်စဉ်

6594604.jpg

ဆရာတော် ဘဒ္ဒန္တ ဦးပညာဝံသ တည်ထောင်သော ပုလဲ ပရဟိတ ဖောင်ဒေးရှင်း(မန္တလေး)က
ချင်းပြစ်ရွာ၊ သာသနာ့အောင်မြေဘုန်းတော်ကြီးကျောင်း ပြန်လည်တည်ဆောက်ရေးအတွက် အလှူငွေ ကျပ် ၂ သိန်း ကို အကျိုးတော်ဆောင် ကိုသန်းလင်းထံ (၁၀၊ စက်တင်ဘာ၊ ၂၀၁၁)နေ့က လှူဒါန်းပေးအပ်စဉ်

---------------------------
ဆက်သွယ်လှူဒါန်းရန်

ဦးပညာဒီပ

ဖုန်း - ၀၉ ၄၃၀၂၆၃၈၉

သာသာနာ့အောင်မြေ ဘုန်းကြီးကျောင်း

ချင်းပြစ်ရွာ၊ ဆင်မကျွန်းကျေးရွာအုပ်စု၊ စလင်းမြို့နယ်၊ မင်းဘူးခရိုင်၊

မကွေးတိုင်း။

အကျိုးတော်ဆောင် ကိုသန်းလင်း

ဒေါက်တာထူးမြင့်ဆွေ

ဖုန်း - ၀၉ ၉၁၀၂၁၇၈၅

လက်ထောက်ဆရာဝန်၊ ကလေးဆေးရုံကြီး(အဟောင်း)၊ မန္တလေး။

ဦးကောဝိဒ kovida9@gmail.com (Ph: 092110202)

ကိုဇော်သိင်္ခင်္ zawtk07@gmail.com (Ph: 0991041540)

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ




3 comments:

mstint said...

ကြည်ညိုသဒ္ဓါစိတ်ပွားစေအောင် အခုလိုမျှဝေပေးတဲ့အတွက် ကျေးဇူးပါ။
ပြုပြုသမျှသော ဒါန သီလ ဘာဝနာ ကုသိုလ်အစုစုတို့အတွက် သာဓု သာဓု သာဓုပါကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

KMC@ချင်းလေး said...

မင်္ဂလာပါအစ်ကို...အပြာရောင်အကွက်နဲ့အင်္ကျီဝတ်ထားတာအစ်ကိုလားဟင်? အဟီးမမြင်ဖူးလို့ပါဗျာ။တမျိုးမထင်ပါနဲ့အစ်ကိုနော်....။ကုသိုလ်ရေးလုပ်နေတဲ့ အစ်ကိုဆိုတော့လေးစားမိလို့ပါအစ်ကို။မကြာမကြာလာလည်တာကိုလည်းကျေး ဇူးအထူးတင်ပါတယ်အစ်ကိုဇော်သိင်္ခ။...။

ဇော်သိင်္ခ said...

အပြာရောင် အကွက်နဲ့ပုံက အကို့ပုံမဟုတ်ပါဘူး ချင်းကလေးရေ.. အကို့ပုံကို တွေ့ဖူးချင်ရင် အကို့ရဲ့ ဖေ့ဘုတ် ကိုလာခဲ့လိုက်နော်..
https://www.facebook.com/media/set/?set=a.1595594855918.2080088.1417356286&type=1

 
^ထိပ်ဆုံးသို့