မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Friday, June 8, 2012

ဦးထွန်းအောင်ကျော်+ဒေါ်ခင်မာလာဝေ၊ သမီး- ရွှန်းမြတ်ဆုလာဘ် (စင်္ကာပူ) ၏ မွေးနေ့အလှူ

သာသနာတော်နှစ် ၂၅၅၅ခု ကောဇာသက္ကရာဇ် ၁၃၇၄ခု နယုန်လပြည့်ကျော် (၄)ရက်  ၈.၆.၂၀၁၂ သောကြာနေ့

အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်

ဦးထွန်းအောင်ကျော်+ဒေါ်ခင်မာလာဝေ၊
သမီး- ရွှန်းမြတ်ဆုလာဘ် (စင်္ကာပူ) ၏ မွေးနေ့အလှူ
ဖြစ်ပါတယ်။

အရုဏ် ကြက်သား ကြာဇံဟင်းခါး ကပ်လှူခဲ့ပြီး
သံဃာတော်များ နေ့ဆွမ်း ဘုန်းပေးနိုင်ရန်အတွက်

ဆွမ်း
ကြက်သားဟင်း
ကုလားပဲနှပ်
သရက်ချဉ်သုပ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။

ယနေ့  အလှူရှင် မိသားစုတို့နှင့်အတူ မွေးနေ့ရှင်သမီးလေး မရွှန်းမြတ်ဆုလာဘ် တို့သည် ယခုလို ဆွမ်းလောင်းလှူရသော  ကုသိုလ်ကံစေတနာတို့ကြောင့်  ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီးလျှင် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အစစအရာရာအဆင်ပြေအောင်မြင် ပြည့်စုံ၍ သာသနာအကျိုး လောကကောင်းကျိုးများ သယ်ပိုးဆောင်ရွက်နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်းမှ ဆုတောင်း ပေးလိုက်ပါတယ်။

Inline image 1

Inline image 2

Inline image 3

Inline image 4

Inline image 5

Inline image 6

Inline image 7

Inline image 8

Inline image 9

Inline image 10

Inline image 11

Inline image 12

Inline image 13

Inline image 14

Inline image 15

Inline image 16

အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

1 comments:

စံပယ်ချို said...

ဒီဆိုဒ်လေးကိုလာပြီး
အလှူပုံတွေကြည့်-စာတွေဖတ်ရတာ
ပီတိတွေဝေဖြာစေတယ်
အလှူရှင်များလဲ ဒီထက်လှူနိုင်ပြီး
လိုအင်ဆန္ဒတွေပြည့်ဝကြပါစေရှင်

 
^ထိပ်ဆုံးသို့