မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Thursday, December 31, 2009

နှလုံးသားအတွက် တစ်သက်တာ အာဟာရ

အတန်းထဲက

အမှတ်မထင်လေ့ကျင့်ခန်လေးသည်

တစ်သက်တာ မမေ့နိုင်စရာ

သင်ခန်းစာတစ်ခု ဖြစ်သွားခဲ့သည်။


သူ့နာမည် မာ့ခ် အက္ကလွန်း။ သူက တကယ့်ကို ရှားရှားပါးပါး လူစားမျိုး။

မင်နီဆိုတားပြည်နယ်။ မောရစ်မြို့ကလေးရှိ စိန့်မေရီကျောင်းမှာ တတိယတန်း ကလေးတွေ စာသင်ပေးရစဉ် သူ့ကို ကျွန်မ စတွေ့ခဲ့ခြင်းဖြစ်သည်။ အတန်းသား ၃၄ ယောက်လုံးပင် အလွန် ချစ်စရာ ကောင်းလှသည်။ သည်အထဲမှာ မှ မာ့ခ်က ပို၍ထူးထူးခြားခြား ။

လူက အလွန်သပ်ရပ်သန့်ပြန့်သည်။ အမြဲရွှင်ရွှင် ပျပျ တက်တက်ကြွကြွ ရှိသည်။ တစ်ခါတလေ သူဆိုးတက်သည်။ သို့သော် ဆိုးတာ လေးသည်ပင် ရယ်ရွှင်ချင်စရာ။

သူက စကားလည်း အလွန်များသည်။ ဘယ်တော့မှ ပါးစပ်ပိတ်မနေနိုင်။ အတန်းထဲမှာ ဆရာမ ခွင့်ပြုချက်မရဘဲ စကားပြောလျှင် အပြစ်ဖြစ်ကြောင်း သူ့ကို ခဏခဏ သတိပေးရသည်။ သို့သော် သူနှင့် ပတ်သက်၍ ကျွန်မ အထင်ကြီးမိရတာ ဆစ်ခုတော့ရှိသည်။ အဲဒါက သူ့ကို အပြစ်ဒဏ်ပေးသည့်အခါတိုင်း " ကျွန်တော့်ကို ဆုံးမတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာမ" ဟု၍တကယ်အရိုးခံနှင့် ပြန်လည်ပြောဆိုတက်ခြင်းဖြစ်သည်။ အစတွင်တော့ သူ့စကားက နားထဲမှာ တစ်မျိုးကြီးဖြစ်နေသည်။ နောက်တော့လည်း နေ့စဉ် အကြိမ်ပေါင်းများစွာ ကြားရကာ တဖြည်းဖြည်း ရိုး၍သွားသည်။

တစ်နေ့နံနက်မှာတော့ မာခ်ကို စကား မပြောဖို့ပြောရတာ အကြိမ်ပေါင်းများလွန်းသဖြင့် ကျွန်မ စိတ်မရှည်ဖြစ်ကာ ဆရာမ  ပေါက်စများ ထုံးစံအတိုင်း အမှားတစ်ခုကို ကျူးလွန်မိသည်။ မာခ့်ကို စေ့စေ့ ကြည့်ကာ " နောက်ထပ် စကားတစ်ခွန်းပြောရင်.  မင်းပါးစပ်ကို ပလာစတာနဲ့ ကပ်ထားမယ် "  ဟူ၍ ပြောလိုက်မိခြင်းပင်။

ဆယ်စက္ကန့်မျှပင် မကြာပါ။ " မာ့ခ် စကားပြောနေပြန်ပြီး " ဟူ၍ ချပ်က လှမ်းတိုင်သည်။ အတန်းသားများ အား မာ့ခ်ကို စောင့်ကြည့်ပေးရန် ကျွန်မ အကူအညီတောင်းထားသည်တော့ မဟုတ်။ သို့သော် မာ့ခ် နောက်ထပ် စကားပြောလျှင် ဘယ်လိုအပြစ်ပေးမည်ဆိုတာအားလုံးရှေ့မှာ ကျွန်မ ကြေညာမိခဲ့ပြီးဖြစ်ရာ ယခု ပြစ်မှုကျူးလွန်ပြီဆိုတော့ ကျွန်မ အပြစ်မပေးဘဲ နေ၍ မဖြစ်တော့။

အဲသည်တုန်းက  အကြောင်းကို သည်ကနေ့ မနက်မှ ဖြစ်ပျက်ခဲ့သလို ကျွန်မ အာရုံထဲတွင် ပြက်ပြက်ထင်ထင် မြင်နေဆဲ ဖြစ်သည်။ စားပွဲဆီသို့ ကျွန်မ လျှောက်သွားသည်။ အံဆွဲကို ဖြည်းဖြည်းချင်း ဖွင့်သည်။ အထဲက ပလာစတာခွေကို ယူသည်။ အစ နှစ်စ ညှပ်သည်။ ပြီးနောက် မာ့ခ်ပါးစပ်မှာ. ကြက်ခြေခတ် ကပ်ထားလိုက်ပြီး အတန်းရှေ့ ပြန်လျှောက်လာသည်။

သူ ဘယ်လိုနေသလဲ လှမ်းကြည့်လိုက်တာ့ သူက မျက်စိမှတ်ပြသည်။

" မှတ်ကရော.. အခုတော့  စကား မပြောနိုင်တော့ဘူး မဟုတ်လား " ဟု တွေးကာ သူ့ကို ကြည့်ပြီး ကျွန်မ ရယ်နေမိသည်။ ကျွန်မ သူ့ဆီပြန်သွားကာ ပလာစတာတွေ ပြန်ခွာပေးလိုက်တော့ တစ်ခန်းလုံး သြဘာသံတွေ ညံသွားသည်။ ပါးစပ်လည်း ဟ၍ ရရော သူပြောလိုက်သည့် စကားက ထုံးစံအတိုင်း " ကျွန်တော့်ကို ဆုံးမတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာမ" ဟူ၍ပင် ။

နောက်နှစ်မှာ ကျွန်မ အလယ်တန်း (Junior High) အဆင့်ကနေ တက်ကာ သင်္ချာ ဘာသာ သင်ရသည်။ နှစ်တွေက အလျင်အမြန် ကုန်လွန်ခဲ့ရာ ဘာမျှပင် ကြာသည် မထင်လိုက်ရဘဲ မာ့ခ်တစ်ယောက် ကျွန်မ အတန်းသို့ ရောက်လာပြန်သည်။ လူက အရင်ကထက် ပိုချောလာသည်။ အပြောအဆိုက ယခင်အတိုင်း ယဉ်ကျေးဆဲပင်။ သို့သော် ကိုးတန်းမှာ ကျွန်မ သင်သည့် သင်္ချာသစ်က အတော်ကြိုးစားပြီး လိုက်ရသည်ဖြစ်ရာ မာ့ခ်တစ်ယောက် အရင်ကလို စကားများများ မပြောနိုင်ခဲ့။

တစ်ခုသော သောကြာနေ့တွင်မူ အခြေအနေကနည်းနည်းပိုဆိုးနေခဲ့သည်။ အဲသည် ရက်သတ္တပတ် တစ်ခုလုံး သင်္ချာသစ်သင်ခန်းစာတစ်ခုကို အတန်းသားများ အကြိတ်အနယ် ကြိုးပမ်းတွက်ချက်ခဲ့ကြရသည်။ သင်ခန်းစာကတော်တော်

Monday, December 28, 2009

ထိုအပြုံး

ပြင်သစ်စာရေးဆရာ အန်တွိုင်း ဆန်တက်ဇူပေရီ ၏ " မင်းသားလေး " ( The Little Princes) ၀ထ္ထု ကို စာသမား အတော်များများ သိကြပါသည်။ ကလေးများ အတွက် နှစ်ခြိုက်ဖွယ် ပုံပြင်တစ်ပုဒ် ဖြစ်သကဲ့သို့ လူကြီးများအတွက် အတွေးပွားစေသော စာတစ်အုပ်လည်း ဖြစ်ကြောင်း ဖတ်မိသူတို့ လေးစားသိမှတ်ခဲ့ကြပါသည်။

"မင်းသားလေး " ကိုသိသော်လည်း ဆန်တက်ဇူပေရီ၏ အခြား ၀တ္ထုတို-ရှည်များကိုကား သိသူနည်းလှပါသည်။

ဆန်တက် ဇူပေရီသည် တိုက်လေယာဉ်မှူး တစ်ယောက်ဖြစ်၍ ဒုတိယ ကမ္ဘာစစ်အတွင်း နာဇီတို့နှင့် တိုက်ခိုက်စဉ် ကျဆုံးသွားခဲ့ပါသည်။ ဒုတိယ ကမ္ဘာစစ်မတိုင်မီကလည်း သူသည် စပိန်ပြည်တွင်းစစ်တွင် ဖက်ဆစ်များအား ဆန့်ကျင်သည့် ဘက်က ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး ယင်းစစ်ပွဲကာလ သူ့အတွေ့အကြုံတစ်ရပ်ကိုမူတည် ၍ " ထိုအပြုံး "( The Smile) အမည်ရှိ ၀တ္ထုတစ်ပုဒ် ရေးခဲ့သည်။ ၄င်းဝတ္ထုလေး အကြောင်း ကျွန်တော်ယခု ပြောလိုပါသည်။ " ထိုအပြုံး"  ကို သူသည် ကိုတွေ့ ဖြစ်ရပ်တစ်ခု အနေဖြင့် ရေးသည်လား၊  ၀တ္ထုတစ်ပုဒ်အဖြစ် ဖန်တီးခဲ့ခြင်းလား ကျွန်တော်မခွဲခြားတက်ပါ။ သို့သော် ဖြစ်ရပ်မှန် ဟူ၍ပဲ ကျွန်တော်ယူခဲ့ပါသည်။

၎င်းစာ၌ ဆန်တက်ဇူပေရီက.....

သူ့အား ရန်သူတို့ ဖမ်းမိသွားပြီး အချုပ်ခန်းတစ်ခုထဲ ထည့်ထားလိုက်ကြောင်း၊ ဖမ်းဆီးချုပ်နှောင်သူတို့၏ စက်ဆုပ်မုန်းတီးပုံ ရသောအကြည့်နှင့် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံပုံများအရ နောက်နေ့မှာတော့ သူ့အား သတ်မှာ မုချဟု သူယူဆခဲ့ကြောင်းရေးပါသည်။

သည့်နောက် သူဆက်လာက်ရေးသားပုံကို တော်မှတ်မိသလို ပြန်ပြောပြပါမည်။

*****


" ငါ့ကို သတ်ကြတော့မှာ မုချဟု ကျွန်တော် သိနေပြီ၊ လူက အကြီးအကျယ် တုန်လှုပ်ချောက်ချားကာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လာသည်။  အိတ်တွေထဲ လျှောက်နှိုက်ကာ စီးကရက်တစ်လိပ်တလေများ သူတို့ရှာတုန်း က မတွေ့ဘဲ ကျန်ရစ်လေမည်လားဟု  စမ်းကြည့်မိသည်။ ကံအားလျှော်စွာ  တစ်လိပ်ရသည်။ သို့သော် လက်တွေ အကြီးအကျယ် တုန်နေသဖြင့် စီးကရက်ကို နှုတ်ခမ်းမှာပင် ကောင်းစွာ တပ်၍ မရချင်။ ဆေးလိပ်ရပြန်တော့ မီးခြစ်က လိုလာပြန်သည်။ မီးခြစ်လည်း သူတို့ယူသွားသဖြင့် မရှိတော့။

" ကျွန်တော့်အား စောင့်ကြပ်နေသူကို သံတိုင်ကြားမှနေ၍ ကြည့်မိသည်။ သူက ကျွန်တော်နှင့် မျာက်လုံးချင်းမဆိုင်။ သေလူတစ်ယောက်နှင့် ဘယ်သူ မျက်လုံးချင်းဆိုင်ချင်မည်လဲ။ " မီးခြစ်ရှိရင် တစ်ဆိတ်လောက်ဗျာ" ကျွန်တော် လှမ်း၍ပြောလိုက်သည်။ သူ ကျွန်တော့်ကို လှမ်းကြည့်ပြီး ပခုံး တစ်ချက်တွန့် ကာ စီးကရက်မီးညှိပေးရန် လျှောက်လာသည်။

" သူအနာ်းကပ်ပြီး မီးညှိပေးနေစဉ် အမျတ်မထင် သူနှင့် ကျွန်တော်မျက်လုံးချင်းဆိုင်မိသည်။ အဲသည်အခိုက် ကျွန်တော်ပြုံးပြလိုက်သည်။ ဘာကြောင့် ပြုံးပြမိသလဲ ကျွန်တော့်ဘာသာ မသိ။ ကျွန်တော် စိတ်ဂနာမငြိမ်ဖြစ်နေတာကြောင့်လည်း ဖြစ်နိုင်သည်။ ဒါမှ မဟုတ် လူတစ်ယောက်နှင့်တစ်ယောက် အဲသည်လောက် နီးကပ်နေသည့်အခါ မျိုးမှာ ပြုံးမပြဘဲ မနေနိုင်တာလား မပြောတက်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ပြုံးပြလိုက်မိသည်။ အဲသည့်အခိုက်အတန့်မှာ သူ့နှလုံးသားနှင့် ကျွန်တော့ နှစ်လုံးသား အကြား လျှပ်စစ်ဝါယာနှစ်ခု ပူးမိသည့်အခါမှာ ဖြစ်သလို မီးပွားတစ်ခု ခုန်ကူးသွားသည် ဟု ထင်လိုက်ရသည်။ သူ့မှာ နဂိုမူလက ကျွန်တော့အား ပြန်လည်ပြုံးပြရန် ဆန္ဒမရှိဆိုတာ ကျွန်တော် သိသည်။ သို့သော် ကျွန်တော့် အပြုံးက သံတိုင်များ ကြားမှ နေ၍  သူ့ထံ ခုန်ကူးသွားပြီး သည့်နောက်တွင် သူ့နှုတ်ခမ်းပေါ်၌လည်း အပြုံးတစ်ခု ပေါ်လာသည်။ သူက ကျွန်တော့်စီးကရက်ကို မီးညှိပေးပြီးနောက် အနားမှ ခွာမသွားသေးဘဲ ကျွန်တော့်မျက်လုံးများကို စူးစိုက်စွာပင် ကြည့်ကာ ပြုံး၍ နေသည်။

" ကျွန်တော်လည်း သူ့ကို ဆက်၍ပြုံးကြည့်နေသည်။ သူသည် အချုပ်ထောင်စောင့် တစ်ယောက်မဟုတ်တော့၊ သူ့ကို လူတစ်ယောက်အဖြစ် ကျွန်တော်မြင်နေပြီ၊ ကျွန်တော့်ကို သူ ကြည့်ရှုပုံ၌လည်း အဓိပ္ပာယ်သစ်တွေ ပါလာပြီ။ " ခင်ဗျားမှာ သားသမီး ရှိလား" သူက မေးသည်။

" ရှိပါတယ်ခင်ဗျ။ ဟောဒီမှာ ဟောဒီမှာ" ကျွန်တော် ပျာပျာသလဲ ပိုက်ဆံအိတ်ကို ဖွင့်ကာ ကျွန်တော့်မိသားစု ဓာတ်ပုံကို ထုတ်ယူပြီး သူ့အား ပြသည်။ သူလည်း သူ့ကလေးများ ဓာတ်ပုံတွေ ထုတ်လာကာ သည်ကလေးတွေနှင့် ပတ်သက်သည့် သူ့အစီအစဉ်များ၊ စိတ်ကူးများ၊ သူတို့အတွက် မျှော်မှန်းထားသည်များကိုပြောပြနေသည်။ တဖြည်းဖြည်း ကျွန်တော့မျက်လုံးထဲမှာ မျက်ရည်တွေ အိုင်လာသည်။ ကျွန်တော့်မိသားစုကို ကျွန်တော်မတွေ့ရတော့မှာ စိုးရိမ်ထိတ်လန့်လှကြောင်း၊ သည်ကလေးတွေ ကြီးပြင်အောင် စောင့်ရှောက်နိုင်ခွင့် မရှိတော့မှာ ပူပန်နေသည့် အကြောင်းများ ကျွန်တော်ပြောမိသည်။ ကျွန်တော့် စကားတွေ နားထောင်ရင်ူး့မျက်လုံးများမှာလည်း မျက်ရည်တွေ ရစ်ဝဲလာသည်။

" သည့်နောက်မူ ဘာစကား တစ်ခွန်းမျှ မပြောဘဲ သူက ရုတ်တရက် ကျွန်တော့် အချုပ်ခန်းတံခါးသော့ ကို ဖွင့်ကာ ကျွန်တော့်ကို အပြင်ထုတ်သည်။ အချုပ်ထောင်ပြင်ဘက် ရောက်လာပြီးနောက် လမ်းကြိုလမ်းကြားများအကြား တိတ်ဆိတ်စွာပင် ဖြတ်သန်ခေါ်ဆောင်လာပြီး မြို့စွန်နား ရောက်သည့်အခါ ကျွန်တော့ကို လွှတ်ပေးလိုက်သည်။ ထို့နောက် နှုတ်ဆက်စကားတွေ ဘာတွေလည်း ပြောမနေတော့ဘဲ မြို့ဘက်ဆီ သူလှည့်ပြန်သွားသည်။

" ကျွန်တော့အသက်ကို အပြုံးတစ်ခုက ကယ်ဆယ်လိုက်ခြင်းပေတည်း" ။

မှန်သည်။ ဟန်ဆောင်မှု ကင်းသော ကြိုတင် ကြံရွယ်ချက် မပါသော ပင်ကို သဘ၀ အပြုါံ်၊ သို့မဟုတ် လူနှစ်ဦးအကြား အရိုးသား အပွင့်လင်း ဆုံး ပေါင်းကူး ဆက်သွယ်မှု။

*****


ဆန်တက် ဇူပေရီ၏ သည်ဝတ္ထုလေးကို အလုပ်ခွင်မှာ ကျွန်တော်ပြောပြလေ့ရှိသည်။ အဓိက ရည်ရွယ်ချက်ကတော့ ကျွန်တော့်တို့တတွေမှာ ဂုဏ်သိက္ခာတွေ၊ ဘွဲ့ထူး ဂုဏ်ထူး ရာထူး အဆင့်အတန်းတွေ ကိုယ့်ကိုအများက ဘယ်လိုမြင်စေချင်သည်ဟူသော ကိုယ်ပိုင်သတ်မှတ်ချက်တွေ အလွှာလွှာ အထပ်ထပ် ဖုံးကာ ကိုယ့်ကိုယ်ကို ကွယ်ကာထားကြသည်။ သို့သော် ဘာတွေ ဘယ်လို ဖုံးဖုံး အောက်ဆုံးမှာတော့ တကယ့် လူပုဂ္ဂိုလ် အစစ်အမှန်က ရှိနေသည်ဆိုတာ သိကြမြင်ကြစေလို၍ပဲ ဖြစ်သည်။

အဲသည်အတွင်းပိုင်း အနက်အရှိုင်းထဲက အရာကို ၀ညာဉ်ဟုပဲ ကျွန်တော်ဆိုလိုက်ပါမည်။ ကျွန်တော့်ကိုယ်တွင်းက အဲသည်ဝိညာဉ်ဟု ကျွန်တော်အမည်ပေးလိုက်သော အစိတ်အပိုင်းနှင့် သင့်ကိုယ်တွင်းက အလားတူ အစိတ်အပိုင်းဆို့ အပြန်အလှန် သိကျွမ်းသွားကြပြီ ဆိုလျှင် ကျွန်တော်တို့ ဘယ်နည်းနှင့်မျှ ရန်သူတွေ မဖြစ်နိုင်ကြတော့။ တစ်ယောက်ကိုတစ်ယောက် မမုန်းတီးနိုင်၊ မနာလိုဝန်တို မဖြစ်နိုင် ၊ ကြောက်ရွံ ထိတ်လန့်ခြင်း လည်း မရှိနိုင်တော့။

ယခုတော့ ကျွန်တော်တို့ တစ်သက်ပတ်လုံး ကြိုးစား တည်ဆောက်ထားကြသည့် အလွှာ အထပ်တွေ ရစ်ပတ်ဖုံးကွယ်နေသည့်အတွက် တစ်ယောက်နှင့် တစ်ယောက် အစစ်အမှန် မတွေ့ဆုံနိုင်ကြဘဲ ရှိနေသည်။ ဆန်တက် ဇူပေရီ၏ ၀တ္ထုက ၀ိညာဉ် နှစ်ခု အပြန်အလှန် တွေ့ထိ သိမြင်သွားကြသည့် ထူးခြားသော အခိုက်အတန့်လေးအကြောင်း ရေးဖွဲ့ထားခြင်း ဖြစ်သည်။

ကျွန်တော် ကိုတိုင်လည်း အဲသည်လို အခိုက်အတန့်လေးတချို့တော့ ကြုံဖူးပါသည်။ ဥပမာ တစ်ခုပြောရလျှင် တစ်စုံတစ်ယောက်ကို ရုတ်တရက် ချစ်ကျွမ်းဝင်သွားမိခြင်းမျိုး ဆိုပါစို့။

နို့စို့အရွယ ကလေး ငယ်များနှင့် တွေ့ရသည့်အခါ မျိုးမှာလည်း အလားတူ ဖြစ်မိတက်သည်။ သည်လို ကလေးငယ်မျိုးကို တွေ့ရသည့် အခါ ကျွန်တော်တို့ ဘာကြောင့် ပြုံးမိတက်ကြသလဲ။

အပေါ်ယံလွှာ တစ်ခု မျှ ကွယကာထားခြင်းမရှိသူ တစ်ဦးကို တွေ့လိုက်မြင်လိုက်ရ၍လား။ သူ၏ အပြုံးမှာ ဟန်ဆောင်မှု အက်ငး ဆုံး အပြုံး။ အစစ်မှန်ဆုံး အပြုံးဖြစ်ကြောင်း ကျွန်တောတို့ သိနေကြ၍လား။ ဒါမှမဟုတ် ကျွန်တော်တို့ရင်ထဲရှိ ငယ်ဝိညာဉ်က ရွယ်တူအချင်းချင်း သိကျွမ်းခင်မင်ကာ နှစ်လိုအားရစွာ ပြုံးလိုက်မိခြင်းလား။

မူရင်း။    ။ Hanoch McCarty ၏ The Smile.

ဖေမြင့်၏

နှလုံးသား အာဟာရ စာအုပ်မှ

နောက်ထပ် ခေါင်းစဉ်များကို လည်း ဆက်လက် ရေးသား ဖော်ပြပေးသွားပါအုံးမယ်ခင်ဗျာ….

zawtk...

Sunday, December 27, 2009

ရှေးရေစက်ကံဆိုတာနဲ့ ဖူးစာ

ဟိုးရှေးရှေးတုန်းကအရမ်းချစ်ကြတဲ့ကောင်လေးနဲ့ကောင်မလေးနှစ်ယောက်ဟာချစ်ကြိုက်လာကြတာချစ်သက်တမ်းသုံးနှစ်ပြည့်တဲ့အခါ
မှာလက်ထပ်ကြတော့မယ်ဆိုပြီးမင်္ဂလာရက်တစ်ရက်ရွေးချယ်သတ်မှတ်လိုက်တယ်....ကောင်းလေးကတော့ပျော်ရွှင်စရာကောင်းမယ့်သူ
တို့ရဲ့မင်္ဂလာရက်လေးကိုစိတ်ကူးယဉ်ပြီးပျော်နေရှာတာပေါ့......ဒါပေမယ့်အဲ့ဒီမင်္ဂလာဆောင်မယ့်နေ့မရာက်ခင်မှာပဲသူ့ချစ်သူကောင်မလေး
ကတခြားကောင်လေးတယောက်နဲ့မမျှော်လင့်ဘဲလက်ထပ်သွားတယ်ဆိုတဲ့သတင်းကိုကောင်လေးကြားလိုက်ရတယ်.....သူစုံစမ်းကြည့်
လိုက်တော့ကောင်မလေးကိုယ်တိုင်ကလိုလိုလားလားနဲ့လက်ထပ်လိုက်တာလို့သိလိုက်ရတယ်......အဲ့သတင်းကိုကြားတာနဲ့ကောင်လေး
လည်းအရမ်းအံ့သြပြီးအရမ်းစိတ်ထိခိုက်ဝမ်းနည်းစွာနဲ့မစားနိုင်မအိပ်နိုင်ငိုကြွေးနေတော့တယ်......မကြာခင်မှာပဲကောင်လေးလည်းစိတ်
်ထောင်းကိုယ်ကြေပြီးအိပ်ယာထဲလဲတော့တယ်....အချိန်တွေကုန်လွန်လာတာနဲ့အမျှကောင်လေးရဲ့အခြေအနေဟာပိုပိုဆိုးလာခဲ့တယ်....
ဆရာဝန်ပြလည်းမသက်သာတော့ဘူး....
တနေ့မှာတော့အသက်အရွယ်အိုမင်းနေတဲ့ဘုန်းတော်ကြီးတစ်ပါးကကောင်လေးရဲ့အိမ်ရှေ့မှာရပ်ပြီးတံခါးခေါက်လိုက်တယ်..အိမ်ဖော်
ကောင်မလေးလည်းတံခါးခေါက်သံကြောင့်ထွက်လာပြီးတံခါးဖွင့်လိုက်တော့ဘုန်းတော်ကြီးအိုတစ်ပါးကိုတွေ့တာနဲ့စိတ်ရှုပ်စွာနဲ့
"ကန်တော့ဆွမ်းပါဘုရား" လို့ပြောလိုက်တယ်...
ဘုန်းတော်ကြီးကပြုံးပြီးတော့.....
"ကိုယ်တော်ကဆွမ်းခံကြွလာတာမဟုတ်ပါဘူး..ဒီအိမ်မှာလူမမာရှိတယ်ကြားလို့ကိုယ်တော်ကလည်းဆေးနည်းနည်းကုတတ်တော့လာ
ကူညီပေးတာပါဒကာမလေး" လို့မိန့်ကြားလိုက်တယ်...
အိမ်ဖော်မိန်းကလေးကလည်းသူဆုံးဖြတ်လို့မရကြောင်းနဲ့သူမရဲ့သခင်တွေကိုပြန်ပြောကြည့်ပါမယ်ဆိုတဲ့အကြောင်းပြောပြီးအိမ်ရှင်တွေ
ကိုပြောကြည့်တော့သဘောတူခွင့်ပြုတာကြောင့်ဘုန်းတော်ကြီးကိုအိမ်ထဲကိုပင့်ဖိတ်ခဲ့တယ်.......
ဘုန်းတော်ကြီးအိပ်ခန်းထဲကိုရောက်တော့ကုတင်ပေါ်မှာဖြူဖတ်ဖြူရော်နဲ့အရိုးပေါ်အရေတင်ပိန်လှီစွာနဲ့နွမ်းနယ်နုန်းချိစွာလဲလျောင်းနေ
တဲ့လူမမာသည်ကောင်လေးကိုတွေ့လိုက်ရတယ်....အိမ်ဖော်မိန်းကလေးလည်းဘုန်းတော်ကြီးအတွက်သောက်တော်ရေတခွက်ပေး
လိုက်ပြီးလူမမာကုတင်ဘေးမှာပဲထိုင်ခုံတစ်လုံးစီစဉ်ပေးလိုက်တယ်...ဘုန်းတော်ကြီးကလည်းအခြေအနေကြည့်ပြီးတော့....
" တော်တော်အခြေအနေဆိုးနေတာပဲ "
လို့ရေရွတ်လိုက်တယ်.....လူမမာကောင်လေးကလည်းစိတ်နဲ့ကိုယ်နဲ့မကပ်စွာနဲ့ပဲဘာမှမကြား
သလိုတိတ်ဆိတ်ငြိမ်သက်စွာနေနေတယ်......ဘုန်းတော်ကြီးလည်းသူလုပ်သင့်တာတွေလုပ်ပြီးတော့...
" ဒကာလေးကတော်တော်သနားစရာကောင်းတယ်....မယုံရင်မှန်ထဲကိုကြည့်လိုက်စမ်းပါ"
လို့မိန့်တော်မူပြီးကောင်လေးအိပ်ခန်းထဲက
ကိုယ်လုံးပေါ်မှန်တစ်ချပ်ဆီကိုညွှန်ပြလိုက်တယ်...
ကောင်လေးလည်းလုံးဝစိတ်ဝင်စားမှုမရှိပဲငေးငေးငိုင်ငိုင်နေနေရာကနေတစ်ချက်မှန်ထဲကိုကြည့်လိုက်တယ်ဆိုရင်ပဲ...မှန်ထဲမှာသူ့ချစ်
သူကောင်မလေးပုံကိုတွေ့လိုက်ရတယ်....သိတ်မကြာခင်မှာပဲကောင်မလေးပုံရိပ်ကေ၀၀ါးပျောက်ကွယ်သွားပြီးပင်လယ်ကမ်းခြေတခု
ပုံပြောင်းလဲသွားတယ်....အဲ့ပင်လယ်ကမ်းခြေဟာတိတ်ဆိတ်ငြိမ်သက်နေပြီးလူအသွားအလာမရှိဘူး.....လူမမာကောင်လေးကမှန်ထဲ
ကပုံရိပ်ကိုစိတ်ဝင်စားစွာကြည့်နေစဉ်မှာပဲမိန်းကလေးအလောင်းတစ်လောင်းဟာလဲလျောင်းနေတဲ့အနေအထားနဲ့ကမ်းခြေမှာရှိနေတာ
ကိုမြင်လိုက်ရတယ်.....ခဏကြာတော့လူတစ်ယောက်ဖြတ်လျှောက်လာတယ်...သူကအလောင်းကိုရွံရှာစွာကြည့်ပြီးလျင်မြန်စွာဖြတ်
လျှောက်သွားတယ်.....အချိန်အတော်လေးကြာတော့နောက်လူတစ်ယောက်ဖြတ်လျှောက်လာပြီးအဲ့ကောင်မလေးအလောင်းကိုတွေ့
သွားပြန်တယ်...ဒီလူကတော့စိတ်မကောင်းဖြစ်ပြီးသူ့ရဲ့အပ်ါရုံအင်္ကျီကိုချွတ်လို့ခြုံပေးပြီးခရီးဆက်ထွက်သွားတယ်....အဲ့လိုနဲ့နောက်ထပ်
အချိန်တော်တော်လေးကြာလာတော့နောက်ထပ်လူတစ်ယောက်ရောက်လာပြန်တယ်...ဒီလူကအပေါ်ရုံခြုံထားပြီးလဲလျောင်းနေတဲ့ပုံစံ
ကိုစိတ်ဝင်စားပြီးခြုံထည်ကိုလှန်ကြည့်တော့မိန်းကလေးအလောင်းကိုတွေ့သွားပြီးအရမ်းသနားစိတ်ဝင်လာကာမြေမြုပ်ပေးလိုက်ဖို့ဆုံး
ဖြတ်လိုက်တယ်...ဒါပေမယ့်သူ့ဆီမှာမြေကျင်းတူးဖို့ဘာပစ္စည်းမှပါမလာဘူး....နောက်ဆုံးမှာသူ့ရဲ့လက်နှစ်ဖက်ကိုအသုံးပြုဖို့သူဆုံးဖြတ်
လိုက်တယ်....လူရွယ်ဟာသူ့လက်နှစ်ဖက်နဲ့မြေတွေကိုယက်ပြီးတဖြေးဖြေးချင်းတူးလာလိုက်တာညနေစောင်းအချိန်မှာမိန်းကလေး
အလောင်းကိုမြုပ်ဖို့လုံလောက်တဲ့ကျင်းတစ်ကျင်းကိုတူးလို့ပြီးသွားတယ်....အဲ့လူလည်းမိန်းကလေးအလောင်းကိုကောင်းမွန်စွာမြုပ်နှံ
ပေးခဲ့ပြီးခရီးဆက်ထွက်ခွာသွားတယ်...အဲ့ဒီနောက်မှာမှန်ထဲမှာမိန်းကလေးအလောင်းရဲ့မျက်နှာပုံပြန်ပေါ်လာပြီးအဲ့မျက်နှာကနေသူ့ချစ်
သူကောင်မလေးရဲ့မျက်နှာကိုပြောင်းသွားခဲ့တယ်....လူမမာကောင်လေးလည်းအလွန်အမင်းအံ့သြနေစဉ်မှာပဲမြေမြုပ်ပေးတဲ့လူရွယ်ရဲ့
မျက်နှာပြန်ပေါ်လာပြီးလူတစ်ယောက်ရဲ့မျက်နှာအဖြစ်ပြောင်းသွားပြန်တယ်...အဲ့ဒီနောက်မှာတော့မှန်ထဲကပုံရိပ်တွေအကုန်ပျောက်
ကွယ်သွားခဲ့တယ်....ကောင်လေးလည်းအံ့သြစွာနဲ့မင်သက်နေတုန်းမှာပဲဘုန်းတော်ကြီးကခုလိုပဲမိန့်ကြားတော်မူလိုက်တယ်...
"
ခုဆိုရင်ဒကာလေးလည်းသဘောပေါက်လောက်ပြီထင်တယ်...အဲ့မိန်းကလေးအလောင်းကဒကာလေးရဲ့ချစ်သူမိန်းကလေးဖြစ်တယ်..
ဘ၀တစ်ခုမှာသူမရဲ့အလောင်းကိုမြေမြုပ်ပေးတဲ့ကုသိုလ်ကံရေစက်ကြောင့်အဲ့ဒီလူငယ်ဟာဒီဘ၀မှာကောင်မလေးနဲ့လက်ထပ်ပေါင်းသင်း
ခွင့်ရခဲ့တယ်...ဒကာလေးကတော့သူမရဲ့အလောင်းကိုအပ်ါရုံနဲ့လွှမ်းခြုံပေးခဲ့တဲ့ရေစက်ကံကြောင့်ဒီဘ၀မှာသူမနဲ့
သုံးနှစ်တာချစ်ခင်ခွင့်
ရခဲ့တယ်..ခုသုံးနှစ်ပြည့်လို့ရေစက်ကုန်ချိန်မှာခွဲခွာရတယ်"
ဘုန်းတော်ကြီးရဲ့စကားအဆုံးမှာကောင်လေးလည်းအမြင်မှန်ရပြီးနားလည်သဘောပေါက်သွားခဲ့တယ်..နောက်ပိုင်းမှာကောင်လေးလည်း
ပြန်လည်ကျန်းမာလာပြီးလောကီကိုစွန့်လို့သင်္ကန်းဝတ်သွားတော့တယ်...
ပုံပြင်လေးကတော့ဒီလောက်ပါပဲ..
ဆိုလိုချင်တာကတော့ ကျွန်မတို့လူသားတွေအချင်းချင်းဒီဘ၀မှာအဖေ၊ အမေ၊
ဆွေမျိုးညီအစ်ကိုမောင်နှမ၊ သူငယ်ချင်းမိတ်ဆွေ၊
ချစ်သူ၊
ရန်သူအဖြစ်နဲ့တွေ့ဆုံတော်စပ်ပတ်သက်ခွင့်ရကြတာဟာအမှုမဲ့အမှတ်မဲ့မဟုတ်ပါဘူး....ဘ၀တစ်ခုခုကပြုခဲ့တဲ့ရေစက်ကံကြောင့်
သာဤမျှများပြားလှသောလူ့ဘောင်အဖွဲ့အစည်းအတွင်းမှာတွေ့ဆုံရင်းနှီးချစ်ခင်ခွင့်ရခဲ့ကြတာဖြစ်ပါတယ်...အဲ့လိုပဲရေစက်ကုန်ချိန်
ရောက်ရင်ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှဆွဲထားလို့မရပဲသေကွဲ၊ ရှင်ကွဲ
မျိုးစုံနဲ့ခွဲခွာကြရမှာပါ.....အဲ့ဒါကြောင့်ခုမခွဲခွာရခင်အချိန်လေး
မှာမိမိနဲ့ပတ်သက်ခွင့်ရခဲ့တဲ့သူတွေအပေါ်မှာတတ်နိုင်သလောက်စိတ်ချမ်းသာမှုတွေ..မေတ္တာတွေပေးနိုင်သလောက်ပေးနိုင်အောင်ကြိုး
စားသင့်ပါတယ်.....ဘာဖြစ်လို့လဲဆိုတော့လူတိုင်းလူတိုင်းဘယ်သူကမှဘယ်သူ့ကိုဘယ်အချိန်မှာရေစက်ကုန်လို့ခွဲခွာကြရမယ်ဆိုတာကို
မသိနိုင်ကြလို့ပဲဖြစ်ပါတယ်......

forward mail မှ ဖတ်ကြည့်မိတဲ့. ပုံပြင်လေးမှာ...  လက်ရှိဘ၀မှာ ကြုံတွေ့နေရတဲ့
တွေ့ဆုံကြုံကွဲ ဖြစ်ရပ်တွေအတွက် အသိတရားတစ်ခု ရရှိနိုင်ရန်အတွက် ပြန်လည်မျှဝေလိုက်ပါတယ်။

zawtk...

Thursday, December 24, 2009

သုံးသပ်ချက် ၂

(၂)စိတ်ဓါတ်ရေးရာအရ သုံးသပ်ချက်
-------------------------------------
> (က)
> မြန်မာတွေဟာကိုယ်ပိုင်-ကိုယ်တိုင် အသစ်အဆန်းများအားတီထွင်လိုစိတ်မရှိခြင်း ၊
> အခြားနိုင်ငံများရဲ့တီထွင်ပေးမှုများကိုသာအဆင်သင့် သုံးချင်ကြသော
> လူဖျင်းလူနုံလူအများဖြစ်နေခြင်း၊၊ ပျင်းရိခြင်း၊၊
> တော်သည့်လူများချွန်ထွက်လာပြီဆိုရင်လဲ အဲ့ဒီလူကိုဘယ်လို
> နှိပ်ကွပ်ရမလဲဆိုတာပဲစဉ်းစားကြပါတယ်၊၊
> နမူနာပြောပြမယ်၊၊ အိုင်းဆက်နယူတန်ဟာ ပန်းသီးလေးတစ်လုံးကြွေကျတာကို ကြည့်ပြီး
> ထိုင်စဉ်းစားနေလို့ အင်မတန်အသုံးဝင်တဲ့များစွာအကျိုးကျေးဇူးတွေ
> ဖြစ်လာစေမဲ့ formula တစ်ခုကို ရရှိခဲ့ပါတယ်၊၊တို့ဆီမှာ တကယ်လို့များ
> လူတစ်ယောက်က အဲ့လိုထိုင်စဉ်းစားနေရင် ခုဒီစာကိုဖတ်နေတဲ့
> လူကြီးမင်း ဘယ်လိုတွေးမလဲ၊၊ဂျက်လီဟာ ကွန်ဖူးကို တရုတ်ပြည်တစ်ပြည်လုံးမှာ
> ပထမရအောင် ယှဉ်ပြိုင်ခဲ့ပါတယ်၊၊ဒါ့ကြောင့် သူ့ကို မင်းသားတင်ရိုက်တယ်၊၊
> နာမည်ကြီးမင်းသားတစ်ယောက်ဖြစ်လာပါတယ်၊၊
> ဘရုစလီဟာ ဗိုက်ပေါ်ကိုကားနင်းတာခံပြခဲ့ပါတယ်၊၊အနီးကတ် ထိုးချက်ဆိုတဲ့
> အဇုတ္တနဲ့ ဗဟိဒ္တ ပေါင်းစပ်ထားတဲ့ထိုက်ကျိကို အခြေခံတဲ့
> သိုင်းပညာတစ်မျိုးနဲ့ အခြားတရုတ်ရိုးရာ
> သိုင်းပညာများစွာကို ဖော်ထုတ်ပြသခဲ့ပါတယ်၊၊ဒါ့ကြောင့်လဲ သိုင်းလို့ပြောရင်
> တရုတ်ကို လူတိုင်းသိကြပါတယ်၊၊အဲ့လိုမျိုး သူတို့ဆီမှာ အားပေးအားမြှောက်
> ပြုကြပါတယ်၊၊ တို့နိုင်ငံမှာ သိုင်းသင်နေတဲ့ လူတစ်ယောက်ကို ငပေါကြီး ငရူးကြီး
> စသဖြင့်ပြောကြပါတယ် နှိမ့်ချချင်ကြပါတယ်၊၊တရုတ်ကားတွေထဲမှာ ပါတဲ့
> အကြောပိတ်-အကြောနှိပ်ပညာဆိုတာ တကယ်ရှိပါတယ် အဲ့ဒါဟာ တို့မြန်မာ့ရိုးရာ
> ဗန်တိုပညာ၊ ရှမ်းကြီးသိုင်း၊ပွဲကျောင်းသိုင်း ဆိုတဲ့ပညာရပ်တွေထဲမှာ ပါပါတယ်၊၊
> တရုတ်က ဗောဓိဓမ္မ(တရုတ်လို ဆရာတော်တာမို)ဆိုတဲ့ဘုန်းတော်ကြီးတစ်ပါးက
> မြန်မာတို့ရဲ့ ပွဲကျောင်းသိုင်းနဲ့ နန်းသိမ်းခုံ(ယခု ရှမ်းကြီးသိုင်း)ကို
> တိဗက်မှာ သင်ယူခဲ့ပြီး
> သူ့နိုင်ငံကိုရောက်တဲ့အချိန်မှာကျန်းမာရေးနဲ့လဲညီညွတ်အောင်၊
> ဘုန်းကြီးတွေလဲ တရားကျင့်တဲ့အချိန်မှာမငိုက်မြည်းအောင်ဆိုပြီး
> ပုံစံတစ်မျိုးနဲ့ထွင်ပါတယ် ၊၊
> သူ့ကျောင်းရဲ့နာမည်ကိုအစွဲပြုပြီး အဲ့သိုင်းကို ရှောင်လင်လို့ခေါ်ပါတယ်၊၊
> အဲ့တော့ တို့မြန်မာတွေသိပ်ပြီးတော်ပါတယ်၊၊ အဲ့လို ကိုယ့်ဟာက
> သူများဟာဖြစ်သွားအောင်
> တော်တဲ့သူတွေကိုနှိမ့်ချနိုင်စွမ်းရှိပါတယ်၊၊ ပြီးတော့ တစ်ခုရှိသေးတယ်၊၊
> မင်းတုန်းမင်းခေတ်ကပါ၊၊ အဲ့ဒီအချိန်တုန်းက အင်္ဂလိပ်တွေက မြန်မာနိုင်ငံကို
> ကျူးကျော်နေတဲ့အချိန်ပါ၊၊ မြန်မာတွေအနေနဲ့ လက်နက်အင်အားနဲ့နည်းပညာမှာ
> အင်္ဂလိပ်ကိုမမှီလို့ သိပ်ပြီးအခက်အခဲတွေ့နေရတဲ့ အချိန်ပါ၊၊ အဲ့တုန်းက အင်္ဂလိပ်က
> မြန်မာနိုင်ငံထဲကိုဝင်ရင် ရေကြောင်းကပဲ ၀င်နိုင်ပါတယ်၊၊ အဲ့အချိန်မှာ
> ယောအတွင်းဝန်ဦးဘိုးလှိုင်နဲ့ ကနောင်မင်းသားကြီးတို့ဟာ
> ရေမြှုပ်ဗုံးထွင်နေကြတဲ့အချိန်ပါ၊၊ သူတို့ ထွင်ထားတာပြီးသွားတဲ့အချိန်မှာ
> အောင်ပင်လယ်ကန်ကို နှစ်ယောက်သားသွားပြီးစမ်းသပ်ကြပါတယ်၊၊ အရင်ဆုံး
> ကနောင်မင်းသားကြီးဟာ ဗုံးတစ်လုံးကို ကန်ထဲပစ်ချလိုက်တော့ ၀ုန်းဆိုတဲ့
> အသံကျယ်ကြီးနဲ့အတူ ပေါက်ကွဲထွက်သွားပါတယ် သူတို့အရမ်းကိုပျော်ပြီး
> ကနောင်ကဦးဘိုးလှိုင်ကို  " ကျုပ်တို့
> အင်္ဂလိပ်ကိုချောင်ပိတ်ပြီးစိစိညက်ညက်ချေပစ်နိုင်ပြီ"
> လို့ ပြောလိုက်ပါတယ်၊၊ သူတို့စမ်းသပ်နေတုန်းအချိန်က နန်းတွင်းထဲမှာ
> မင်းတုန်းမင်းက
> ဘုန်းကြီးတွေကိုဆွမ်းဖိတ်ကျွေးနေတဲ့အချိန်ပေါ့၊၊ ကနောင်နဲ့ ဦးဘိုးလှိုင်တို့
> ပျော်ရွင်စွာနဲ့ပြန်လာကြတဲ့အချိန်မှာ နန်းတော်တံခါးဝကိုရောက်တော့
> လှိုင်ထိပ်ခေါင်တင်နဲ့ တွေ့တယ် ၊၊
> ကနောင်က " နှမတော် ခုဏက အသံတွေအကိုတော်ကြားလား သူဘာပြောလဲ" လို့
> မေးလိုက်တယ်၊၊ သူကတော့မင်းတုန်းမင်းကြီးလဲပျော်မယ်ထင်တာပေါ့၊၊
> လှိုင်ထိပ်ခေါင်တင်ပြောတာက "
> အဲ့အချိန်တုန်းက မင်းတရားကြီးက ဘုန်းကြီးဆွမ်းကျွေးလုပ်နေတာတဲ့၊ ဘုန်းကြီးတွေက
> အဲ့ဗုန်းကွဲသံကို ကြားတော့ ရေထဲကသတ္တ၀ါတွေဒုက္ခရောက်တော့မယ်ဆိုပြီး
> ဆွမ်းစားတာချက်ချင်းရပ်ပြီး ပြန်ကြွသွားကြ တယ်တဲ့၊အဲ့ဒါနဲ့ မင်းတရားကြီးက
> ကနောင်နဲ့ဦးဘိုးလှိုင်ရဲ့ ရေမြှုပ်ဗုံးကိုတားမြစ်ပါမယ်ဆိုပြီး
> ကတိပေးလိုက်ရတယ်တဲ့"၊၊
> အဲ့အခါမှ ကနောင်မင်းသားကြီးက၀မ်းနည်းစွာနဲ့ ဦးဘိုးလှိုင်ကို "
> ကျုပ်တို့တွေ သူ့ကျွန်ပဲ လုပ်ကြပါစိှု့ဗျာ"
> တဲ့၊၊ ၁၂၄၀ ခုနှစ် အင်္ဂလိပ်အရာရှိမှတ်တမ်းတွင် "
> သတင်းပေးသူမှတ်တမ်း"ဆိုတဲ့စာအုပ်မှာ
> မြန်မာတို့သည် ရိုင်ဖယ်သေနတ်များနှင့်တော်ပီဒိုရေမြှုပ်ဗုံးများ
> လုပ်ကိုင်နိုင်ပြီလို့ ဖော်ပြထားပါတယ်။
> ဒါကိုကုန်းဘောင်ရှာပုံတော် ဆိုတဲ့စာအုပ်မှာ ဖတ်ရှုနိုင်ပါတယ်၊၊
> အဲ့ဒီလိုတို့မြန်မာတွေဟာ တော်တဲ့သူတွေကို အားပေးအားမြှောက်လုပ်မှု
> နည်းပါးကြပါတယ်၊၊
>
>
> (ခ)
> မိမိကိုယ်ကိုအထင်သေးသိမ်ငယ်တတ်ပြီး
> တိုင်းတစ်ပါးကိုစွတ်အထင်ကြီးတတ်သောလူဖျင်းလူနုံများ၊ဆန်ကုန်မြေလေးများ
> တစ်နေ့တစ်ခြားတိုးတက်များပြားလာခြင်း၊၊
> အဆိုတော်လောကမှာစိုင်းစိုင်းခမ်းလှိုင်တို့၊ကြက်ဖတို့ ကျော်ထွဋ်ဆွေ
> တို့ဆိုတဲ့ကောင်တွေဟာ အောက်တန်းစားတွေပါ၊၊
> စိုင်းစိုင်းခမ်းလှိုင်ဟာသူများနိုင်ငံက  သီချင်းတွေကို copy
> လုပ်ပါတယ်၊၊ပြီးရင်ဆိုတယ် ၊၊
> ဒီအထိအောင်ပြဿနာ မရှိသေးဘူး၊၊ ခုနောက်ပိုင်း သီချင်းတွေမှာ မိုက်ရိုင်းတဲ့
> အထာတွေ၊
> အောက်ပိုင်းစကားလုံးတွေ ပါလာပါပြီ၊၊ရွံစရာသိပ်ကောင်းတယ်၊၊ အဲ့ဒါကိုပဲ သူ့ရဲ့
> show ပွဲလာကြည့်တဲ့ အောက်က မိန်းမတွေက လက်ကြီးတွေကို အပေါ်ထောင်ပြီး
> ယမ်းနေကြရတာနဲ့၊တဟေးဟေးတဟားဟားနဲ့အော်ဟစ်နေလိုက်ကြတာကို၊၊
> နောက်တစ်ခုရှိသေးတယ်၊၊"
> ဒီထဲမှာဂျီဆွီးကြိုးဝတ်ထားတဲ့စော်ဘယ်နှစ်ယောက်ပါလဲဆိုတာ" လေ၊၊
> အဲ့လိုပြောလိုက်တဲ့ အချိန်မှာအောက်ကကောင်မလေးတွေ အရမ်းသဘောကျသွားကြတာ
> တဟေးဟေးတဟားဟား နဲ့၊၊ကြည့်စမ်း ဘယ်လောက်မိုက်ရိုင်းလဲ ၊၊
> ကြက်ဖတို့ ကျော်ထွဋ်ဆွေတို့ဆိုတဲ့ကောင်တွေဆိုထားတာ တရားဝင်မဟုတ်တဲ့ခွေတွေပေါ့
> ၊၊
> တကယ်ကို ညစ်ညစ်စုတ်စုတ်တွေ သီချင်းလုပ်ဆိုထားတာပါ၊၊
> သူတို့မှာအဲ့ဒါကိုဆုံးမပေးမဲ့ အဖေတွေအမေတွေ မရှိဘူးလား၊၊ ရှိတယ်ဆိုရင်ရော
> သူတို့ရဲ့မိဘတွေက မဆုံးမလို့လား သူတို့မှာ နှမတွေအမေတွေမရှိဘူးလား၊၊
> တော်တော်ပက်စက်တယ် အဲ့ကောင်တွေက လူကမွေးတဲ့ ခွေးတွေ၊၊ အဲ့တော့
> အဲ့လိုလူကမွေးတဲ့ခွေးတွေဆိုတဲ့ show ပွဲတွေမှာများ  သွားကြည့်ပြီး အောက်ကနေ
> လက်ကြီးတွေအပေါ်ကိုထောင်ပြီး
> ဝှေ့ယမ်းနေကြတာ၊ဟိုဘက်ကိုယိမ်းလိုက်၊ဒီဘက်ကိုယိမ်းလိုက်နဲ့၊၊
> ဦးထုပ်ကို ရှေ့မကျ-နောက်မကျဆောင်းတယ်၊ဘောင်းဘီကိုအပွကြီးတွေဝတ်တယ်
> အင်္ကျီလက်က လက်ဇကောဇကနဲ့၊၊ လက်တွေလည်ပင်းတွေမှာပတ်ထားတာတွေက
> လမ်းဘေးမှာချရောင်းတဲ့ ၅ရာတန် ၆ရာတန်တွေ၊၊
> သူများနိုင်ငံက ကောင်တွေက ကိုယ်လုံးကိုယ်ပေါက်က တောင့်တယ်၊၊
> အဲ့ဒီရပ်ပါဆိုတဲ့ ကပလီကြီးတွေဘာတွေကိုကြည့်ပါလား၊၊ အားကစားလဲလုပ်တယ် သူတို့က၊၊
> သူတို့ဆွဲတဲ့ သံဆွဲကြီုးတို့၊လက်မှာပတ်တဲ့ လက်ပတ်တို့ဆိုတာတွေက အနည်းဆုံး
>  ဒေါ်လာ၂၀၀၀ ကျော်တန်တယ်၊၊အဲ့ဒါကိုလိုက်တုပြီး လမ်းဘေးကဟာကိုဝတ်ကြနဲ့၊၊
> မရှိရင် မ၀တ်နဲပေါ့၊၊
> Akonဆွဲတဲ့သံဆွဲကြိုးကြီးမြင်ဖူးလား အဲ့ဒါ ဒေါ်လာထောင်နဲ့ချီတန်တယ်၊၊
> အ၀တ်အစား၊တန်ဆာဆိုတာ ဈေးကြီးမှမဟုတ်ဘူး၊ကိုယ့်ခန္ဓာကိုယ်နဲ့လိုက်အောင်
> ၀တ်ရတာ၊၊ပြီးရင် ကိုယ်က ဒီဇိုင်းတစ်မျိုးထွင်ပြီးဝတ်တယ်ဆိုရင်လဲ
> အဲ့ဒီဒီဇိုင်းနဲ့လိုက်အောင်
> ဆံပင်ကိုပြင်ရတာတွေရှိသေးတယ်၊ဘယ်ပုံစံဝတ်ရင်ဘယ်လိုမျိုးလမ်းလျှောက်မှ
> လိုက်တာဆိုတာရှိတယ်၊၊ ဥပမာ ဂျင်းထည်တွေကိုဝတ်ရင်ဂျင်းသည်
> အမာသဘောကိုဆောင်လို့ သူနဲ့တွဲရမဲ့ accessories တွေဆိုရင်
> ဆွဲကြိုးဆိုသံထည် 925 မှ ဘာမှနဲ့ သတ်မှတ်ထားတာတွေရှိတယ်၊၊
> ဖတ်ပါ fashion စာအုပ်တွေ၊၊ဒါ့ကြောင့် အလိမ္မာ စာမှာရှိတဲ့၊၊ စာမှာ
> ဘာမဆိုရှိတယ်၊၊
> fashion ဆိုတာ သူများမ၀တ်တာကိုဝတ်တာ fashionမဟုတ်ဘူး၊၊
> ကိုယ်နဲ့လဲလိုက်ရမယ်၊ဆန်းလဲဆန်းသစ်ရမယ်၊အရောင်စပ်ဟပ်မှု၊
> accessories ချင်းဆက်စပ်ရာမှာ လိုက်ဖက်မှု ဒါတွေနဲ့ပေါင်းမှfashionပါ၊၊
> အဲ့တော့ မြန်မာနိုင်ငံက ရပ်ပါတွေရဲ့ဝတ်တာစားတာတွေဟာ
> အတုယူသင့်သလားဆိုတာကိုစဉ်းစားပါ၊၊
> အကောင်းဆုံးက သူများကိုလိုက်တုမဲ့အစားကိုယ်ပိုင်ထွင်တာပိုကောင်းပါတယ်၊၊
> သူများstyleကိုလိုက်တုတယ်ဆိုတာရှက်စရာကောင်းပါတယ်၊၊
> ခုဆိုကြည့် အကယ်ဒမီမင်းသားချင်းအတူတူ လူမင်းက ဘောင်းဘီမှာ ကြိုးတပ်ဝတ်တာနဲ့ပဲ
> မင်းမော်ကွန်းကလိုက်တုပြီး ဘောင်းဘီမှာကြိုးတပ်ဝတ်တယ်၊၊
> ကြိုးတပ်ဝတ်တဲ့ဘောင်းဘီက
> ဂျင်းရိုးရိုး၊အောက်ကညှပ်ဖိနပ်၊အပေါ်ကြည့်လိုက်တော့ ဂျင်းဂျာကင်ကို
> လက်အဖျားခေါက်ဝတ်ထားတယ်၊၊
> မင်းသမီးဆိုရင် အိန္ဒြာကျော်ဇင်တို့ဝတ်တာစားတာတွေကြည့်ပါ၊၊ သိပ်ပြီး fashion
> ကျတယ်၊၊
> ဒါ့ကြောင့် သူများ style တွေ သူများနိုင်ငံတွေကို
> နေရင်းထိုင်ရင်အထင်ကြီးအတုယူနေမဲ့အစား
> ကိုယ်ပိုင် ကြိုးစားဖတ်မှတ်ပြီးသင်ယူကြပါ ပြီးရင် တီထွင်ကြပါ၊၊ပြီးရင်
> underground အက၊၊ဟိုက သူတို့ရဲ့
> ပါရာနာဝေးသိုင်းနဲ့တွဲပြီးက သွားကြတာ၊၊ကြည့်ကောင်းတယ်၊၊
> တို့ဆီကဘိန်းစားလက်မောင်းနဲ့ ပုလွေရိုးခြေသလုံးပိုင်ရှင်တွေက
> လိုက်ကတာဘယ်လိုနေလဲ၊၊
>
>
> (ဂ)
> ထက်မြက်ပြီးတော်သောလူငယ်များမှာစီးပွားရေးကြောင့်ဖြစ်စေ၊
> အကြောင်းအမျိုးမျိုးကြောင့် ဖြစ်စေပေါ်ထွက်လာနိုင်ခြင်းမရှိပဲ
> အလကားအကျိုးမရှိသော လူပိုများသာ
> ငွေဂုဏ်ကြောင့်ဖြစ်စေ၊ လာဘ်ထိုးပြီးဖြစ်စေပေါ်ထွက်လာခြင်း၊၊
>
>
> (ဃ)
> ယနေ့ INTERNET ကိုတော်တော်များများသုံးနေကြပါပြီ၊၊
> သို့သော်ဝမ်းနည်းစရာကောင်းသည်မှာ
> အကျိုးရှိသည့်နေရာတွင် အသုံးမချပဲ ရည်းစားရှာဖို့၊ Sexy Words
> တွေပြောပြီး ကျေနပ်ဖို့
> စတဲ့မဟုတ်တဲ့နေရာတွေမှာအသုံးချနေကြတာပါပဲ၊၊မြန်မာရဲ့ အဓိကအားနည်းချက်က
> အဲ့ဒါပဲ၊၊မဟုတ်တဲ့နေရာမှာသိပ်ပြီး ချွန်တယ်၊၊ ၁ နာရီမှ
> ၂၀၀-၃၀၀လောက်ပေးရသော INTERNET ကို
> အကျိုးရှိရှိအသုံးချမယ်ဆိုရင်ရတနာသိုက်ကြီးပါ၊၊ လိုချင်တာလေ့လာချင်တာ
> အကုန်ရတယ်၊၊
> ရှာစမ်းပါ GOOGLE ကနေ၊၊စာအုပ်တွေရှာ ဖတ်၊လေ့လာ၊၊လုပ်စမ်းပါ၊၊ အလိမ္မာ
> စာမှာရှိတဲ့၊၊
> ခုတော့အဲ့လိုမဟုတ်ဘူး၊၊ ၃-၄-၅ နာရီလောက်  ထိုင်ပြီး
> တွေ့သမျှ(စော်-ဘဲ)နဲ့ထိုင်ချက်နေကြတယ်၊၊
> အသက်အရွယ်ကြီးပြီးတောင်းစားနေတဲ့အဘိုးကြီးအဘွားကြီးတွေကိုကျတော့
> လာတောင်းရင်မရှိဘူး
> ပြောလွှတ်ရတာနဲ့၊အစုတ်ဆုံးနဲ့ တန်ဖိုးအသေးဆုံးပိုက်ဆံကိုရွေးပြီး  ထည့်ရတာနဲ့ ၊၊
> ဘယ်နိုင်ငံမှာမှ အဲ့လိုမချက်ပါဘူး၊၊ ချက်ဖို့လဲ အချိန်မပေးပါဘူး၊၊
> အလုပ်ချိန်မှာ  အလုပ်လုပ်တယ်၊၊ နားချိန်မှာ ကောင်းကောင်းနားတယ်၊၊
> မြန်မာနိုင်ငံကလွဲလို့ ကျန်တဲ့နိုင်ငံတွေမှာNET အရမ်းကောင်းပါတယ်၊၊
> သို့သော် သူတို့တွေ ဒို့ဆီက မြန်မာတွေလိုမချက်ပါဘူး၊၊ လိုအပ်မှ သုံးပါတယ်၊၊
> ဒို့မြန်မာတွေကတော့ အဲ့လိုမဟုတ်ပါဘူး၊၊နားကြပ်ကြီးတွေ တပ်ပြီး တစ်နေကုန်
> ဖင်ပူအောင်ထိုင်၊ တွေ့သမျှ ဆန့်ကျင်ဘက်(gender ) များနဲ့ချက် နေလိုက်ကြတာကို
> လေယဉ်မောင်းနေတဲ့ပိုင်းလော့ကြီးတွေ ကျနေတာပဲ၊၊ တစ်ချို့ဆိုရင် အဲ့ဒီ INTERNET
> ဆိုင်ကရောင်းတာကိုစားပြီး တစ်နေကုန်ထိုင်ချက်ပါတယ်၊၊
> လက်တွေ့နားနဲ့ဆက်ဆက်ကြားနေရတာတွေရှိပါတယ် နစ်ကိုကြိုက်တဲ့အချိန်ဖွင့်၊
> အမြဲတမ်းအွန်လိုင်းပဲ၊၊ပြီးရင် စကားကို အကောင်းမပြောဘူး၊၊
> နှမရှိတဲ့ ကျွန်တော့်အနေနဲ့ ကိုယ့်နှမသာဆိုရင်ဆိုတာတွေးတောင်မတွေးရဲပါဘူး၊၊
> လူတစ်ယောက်ချက်တာကို ဘေးကနေနားထောင်နေတာ သူတို့မှာ
> အွန်လိုင်းကနေ လေဥဥပြီးမွေးတာနဲ့ကို သားသမီးရတနာ ၁၀ ယောက်မကတော့ဘူး၊၊
> ကဲဘယ်လိုလုပ်ကြမလဲ  ၊၊ မြန်မာတွေဟာ မဟုတ်တဲ့ဘက်မှာ သိပ်ချွန်နေကြတယ်၊၊
> အချိန်တွေ ၊ အင်အားတွေ ဘယ်လောက်နှမြောစရာကောင်းလိုက်သလဲ ၊၊
> ရှက်သင့် ကြပါပြီ ၊ပြင်သင့်ကြပါပြီ ၊၊
> ကျွန်တော်တို့လေးစားရတဲ့
> ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်မြန်မာလူမျိုးတွေကို ပြောခဲ့တဲ့
> စကားတစ်ခွန်းရှိပါတယ်၊၊ ရိုင်းတယ်လို့တော့မထင်ပါနဲ့၊၊
> "ခင်ဗျားတို့ မြန်မာတွေ ဒီပုံအတိုင်းသာ ဆက်နေသွားမယ်ဆိုရင်...
> မြန်မာနိုင်ငံကဖာနိုင်ငံကြီးဖြစ်သွားလိမ့်မယ်တဲ့"၊၊
>
> ဒီ Mail အတွက်ကျွန်တော့်ကို မုန်းချင်မုန်းကြပါ နာချင်ရင်နာကြနိုင်ပါတယ်၊
> နာအောင်လဲ
> ရေးထားတာပါ၊၊ မှားနေကြတာတွေကို ပြင်စေချင်တဲ့စိတ်နဲ့၊အားလုံးကိုကိုယ့်နှမတွေလို
> မပေါင်းသင့်တဲ့သူတွေနဲ့မပေါင်းရအောင် ၊ အတုမယူသင့်တဲ့သူတွေကိုအတုမယူမိအောင်၊
> အားလုံးကို ကြိုးစားချင်စိတ်ရှိကြဖို့တွေအတွက်နာအောင်ရေးထားတာပါ၊၊
> နာပြီးတော့ အဲ့ဒီလူမျိုးတွေ၊အဲ့လိုကိစ္စတွေကိုရှောင်ပြီးဖြောင့်လာကြမယ်ဆိုရင်
> ကျွန်တော် အမုန်းခံရတာ တန်ပါတယ်၊၊
> အားလုံးပဲ Good luck ineverything!
> ဒီစာကို ထောက်ခံရင် မှန်တယ်ဆိုရင် သူငယ်ချင်းတွေကိုပါ ဖတ်ဖို့ပေးလိုက်ပါ၊၊
> မမှန်ဘူးလို့ယူဆရင်  ဒီစာရေးတဲ့သူကို မုန်းနိုင်ပါတယ်၊၊
> တစ်ခုပြောစရာရှိတာကအဲ့ထဲမှာရေးထားတဲ့
> မကောင်းသောယောင်္ကျားများ၊မိန်းမများဆိုတာအကုန်လုံးကိုပြောတာမဟုတ်ပါ၊၊
> အလွန်သိက္ခာရှိပြီး လေးစားဖွယ်၊ဂုဏ်ယူထိုက်သော
>့ မြန်မာအမျိုးသမီးကောင်းများစွာ၊အမျိုးသားကောင်းများစွာ ရှိပါသည်၊၊
> နာမည်တပ်ပြီးပြောရန်မဖြစ်ဘူးဆိုတာကိုတော့ အားလုံးနာလည်ကြမှာပါ၊၊

zawtk...

စိတ်ချမ်းသာဖို့

လူတိုင်းသည် ကိုယ့်ဘ၀ကို အောင်မြင်ဖို့ကြိုးစားနေကြတယ်
ဒါပေမယ့်လူတိုင်းမအောင်မြင်ကြဘူ
း။
ဘာကြောင့်လဲဆိုတော့ ကိုယ့်ဘ၀ကို ကိုယ်အရင်သိအောင်မလုပ်ကြဘူး၊
ကိုယ့်နဲ့သင့်တော်တဲ့အလုပ်၊ ကိုယ်ရရှိတဲ့ဝင် ငွေကိုလည်း
မချိန်တွယ်မစဉ်းစားတတ်ဘူး။
အောင်မြင်လိုလျင်အချက်(၄)ချက်ကို အရင်ကြည့်ရအောင် --

(၁) စဉ်းစားပါ--
ဘာကိုစဉ်းစားရမှာလဲ ?
အခုငါဘယ်ဘ၀ရောက်နေတာလဲ ? အခုငါသုံးနေတဲ့ငွေဟာ
ငါ့ဘ၀နဲ့ကိုက်ရဲ့လား? ငါ့အလုပ်ဝင်ငွေနဲ့ကိုက်ရဲ့လား?
ငါ့ဘ၀နဲ့သင့်တော်ရဲ့လားဆိုတာကိုပေါ့၊

(၂) ကြိုးစားပါ --
ကိုယ်လုပ်နေတဲ့အလုပ်ကို ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ
ကိုယ်လုပ်ရတဲ့အလုပ်ကို ကြိုးကြိုးစားစားလုပ်ရတယ်၊
ကိုယ်တတ်နိုင်သလောက်ပေါ့ ၊ ကိုယ်ကသူများဆီမှာလုပ်ရသည်ဖြစ်စေ
ကိုယ်ပိုင်ဖြစ်စေ
ကြိုးစားဖို့လိုအပ်တယ် အဓီကကတော့ သူများအလုပ်ဆိုရင်ပိုပြီးတော့အရေးကြီးတယ်၊
( ကြိုးစားသူအတွက်အခွင့်ရေးဟာ မလွဲမသွေရောက်လာမဲ့ အရာပါပဲ )

(၃) ယုံကြည်အောင်နေပါ --
ကိုယ်ကအလုပ်သမားဖြစ်ဖြစ် အလုပ်၇ှင်ဖြစ်ဖြစ်
ကိုယ့်ရဲ့အကြီးအကဲ ကိုယ့်လက်အောက်ငယ်သားတွေရဲ့ယုံကြည်မှုကို
ရဖို့လိုအပ်တယ် အဓိက၊ကတော့ ကိုယ်စိတ်ကိုကိုယ်က ယုံကြည်နေဖို့လိုအပ်တယ်
အလုပ်ရှင်အများစုဟာ ယုံကြည်မှုတွေနဲ့ပဲတည်ဆောက်တာများတယ် ဒါကြောင့်
ကိုယ်ရဲ့ ဂတိကို မဖျက်ဆီးပါနဲ့ ကိုယ်မပေးနိုင်တဲ့ဂတိကိုလည်း မပေးနဲ့
ပေးပြီး၇င်လည်းတည်အောင်လုပ်ဖို့အေ၇းကြီးတယ် ဒါမှယုံကြည်မှာလေ ၊

(၄) မျက်နှာထားကို ပြင်ပါ -
ကံ ခြင်းတူလျှင် ဥာဏ်ရှိသူက အမြဲအနိုင်ရတယ်၊ ဥာဏ်ခြင်းတူလျှင်
ဝိရိယရှိသူက အမြဲအနိုင်ရတယ်၊ ၀ီရိယရှိသူခြင်းတူလျှင် စည်းကမ်းရှိသူက
အမြဲအနိုင်ရတယ်၊ စည်းကမ်းရှိသူဖြင်းတူလျှင် စေတနာရှိသူက

အမြဲအနိုင်ရတယ်၊ စေတနာရှိသူခြင်းတူလျှင် ရိုးသားဖြောင့်မတ်သူက
အမြဲအနိုင်ရတယ်၊ ရိုးသားဖြောင့်မတ်သူခြင်းတူလျှင် အပြောချိုသာသူက

အမြဲအနိုင်ရတယ်၊ အပြောချိုသာဖို့ဆိုရင် မိမိမျက်နှာအများကြီးမူတည်တယ်လေ
ချိုသာတဲ့မျက်နှာနဲ့ပြောဆိုဆက်ဆံရင်(50%)က အလိုလို အောင်မြင်ပြီးသားပါ။

အလုပ်လုပ်နေတဲ့လူဟာ ကျရှုံးသည်ဖြစ်စေ ၊ အောင်မြင်သည်ဖြစ်စေ ၊ ဂုဏ်ယူနေရမယ်
၊ ကျရှုံးမှာကြောက်လို့ အလုပ်ကို မလုပ်တော့ဘူးဆိုရင်
ဘာမှလဲဖြစ်လာမှာမဟုတ်ဘူးလေ ၊ ´´သစ်ပင်မြင့်လေ လေတိုက်ခံရလေ´´ တဲ့

လေဆိုတဲ့လောကဓံကို ကြေက်နေရင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတာ
ပေါ်လာမှာမဟုတ်တော့ဘူးလေ ၊ လောကဓံကို ခံနိုင်အောင်မွေးမြူရမယ် ၊

ကိုယ်ကျရှုံးခဲ့ရင်တောင် ဘာတွေပဲရှုံးရှုံး အဲဒီအရှုံးထဲက အမြတ်ကို
ရှာဖွေတတ်ရမယ်လေ ၊ ကိုယ်လုပ်လိုက်တဲ့အမှား ကဘာလဲ နောက်တခါ
ဘယ်လိုမမှားအောင်လုပ်ရမလဲဆိုတာကို လေ့လာနေရမယ် ဘာကြေင့်လဲဆိုတော့
အရှုံးဆိုတာ အမြဲမှ မဟုတ်တာ ရှုံးတယ်ဆိုတာ အများအားဖြင့်ငွေကျေးပါပဲ၊
ဒါကြောင့်စိတ်ဓာတ်မကျပါနဲ့ ၊ စိတ်ဓာတ်ကျတယ်ဆိုတာ လူညံ့တွေအလုပ်ပါ ၊

ငွေကျေးရှုးတယ်ဆိုတာ အသေးအမွှားပါပဲ ငွေကျေးဆိုတာပြန်ရှာလို့ရတဲ့အရာပဲလေ ၊ အဓိက

ကတော့စိတ်ဓာတ် မကျဖို့ပဲ စိတ်ဓာတ်ကျရင်တော့ မင်းဘ၀ဟာ

ရေစုံမြောပြီသာမှတ်တော့ ၊ ဒီဂရီတွေရသည်ဖြစ်စေ မရသည်ဖြစ်စေ အခုလောလောဆယ်

ဘယ်လောက်အောင်မြင်နေသည်ဖြစ်စေ စိတ်ဓာတ်သာကျနေရင် အဲဒီလူရဲ့ဘ၀ဟာ
လုံးဝဆုံးရှုံးနေပြီလေ ၊ ကိုယ်ကစိတ်ဓာတ်ကျနေရင်
ကိုယ်စိတ်ဓာတ်ကျနေသည့်အတွက် ကိုယ်မှာစိတ်ချမ်းမှုဆိုတာ ဘယ်တော့မှ
မဖြစ်နိုင်တော့ဘူး ၊ ငွေကြေးအောင်မြင်ဖို့ဆိုရင် ကိုယ့်စိတ်ကို
ကြည်နေဖို့လည်းအရေးကြီးတယ်လေ။

လူ့ဘ၀ဆိုတာ
(၁) စိတ်ချမ်းသာဖို့
(၂) စိတ်ချမ်းသာဖို့
(၁) စိတ်ချမ်းသာဖို့

ကိုယ်စိတ်ချမ်းသာနေရင် ကိုယ်လုပ်တဲ့အလုပ်ကလဲ
အဆင်ပြေနေမှာပဲလေ အဆင်ပြေမှလဲ စိတ်ကချမ်းသာမှာမဟုတ်လား ?
ဘ၀ဆိုတာက တစ်ခါတလေ အရမ်းကိုပျင်းစရာကောင်းတယ်
ကိုယ်ဖြစ်ချင်တာတွေမဖြစ် လုပ်ချင်တာတွေမလုပ်ရနဲ့ပေါ့
ဒါပေမဲ့လူရယ်လို့ဖြစ်လာရင် တာဝန်ဆိုတာလဲရှိစမြဲ မဟုတ်လား ?
ကိုယ်ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ ကိုယ်လုပ်နေတဲ့အလုပ်ကိုတော့
အောင်မြင်အောင်လုပ်ရမှာဟာ လူ့ဘ၀ရဲ့တာဝန်ပါပဲ ၊
ဒါကြောင့်ကိုယ်လုပ်ချင်တာမလုပ်ရရင်
လုပ်ရတဲ့အလုပ်ကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားရမယ်လေ

အဲဒါဟာလူ့အရည်အချင်းပဲပေါ့ ၊ အရေအတွက်တွေဘယ်လောက်များ များ

အရည်ချင်းမရှိလျှင် အဲဒီလူရဲ့ဘ၀ဟာ အောင်မြင်ဖို့မလွယ်ပါဘူး ၊
နောက်ပြီးစိတ်ဓာတ်ကိုလဲ မာကြောအောင်လေ့ကျင့်ကြရမယ် ၊ ဥပမာပြောရရင်
သူ့အလိုလိုရှိနေတဲ့ (အပေါက်မရှိတဲ့) သစ်သားတစ်ခုဟာ သူထက်မာကြောတဲ့သံ
နဲ့တွေ့လျှင် နေရာဖယ်ပေးကြရတယ် အဲဒါဟာဘာကိုပြသလဲဆိုရင်

မာကြောတဲ့အရာနဲ့တွေ့ရင်ပျော့

ပြောင်းတဲ့အရာတွေဟာ အလိုလိုနောက်ဆုပ်ပြီးသားဖြစ်သွားကြတယ်မဟုတ်လား?
ဒါဟာလောက နိယာမပဲလေ ၊ နောက်ပြီးဘယ်လိုလူမျိုးဟာ ကိုယ်အပေါ်ကောင်းတယ်

အထောက်အပံ့ရတယ်ဆိုတာကိုလည်း ဝေဖန်ပိုင်းခြားတတ်ရမယ် တစ်ခါတစ်လေ

ကိုယ်ရဲ့အကြီးကျယ်ဆုံးရန်သူဟာ ကိုယ်နဲ့အနီးဆုံးလူဖြစ်နေတတ်တယ်။
ကိုယ်နဲ့အနီးဆုံးလူကြောင့်ကိုယ်ဘ၀တိုးတတ်နိုင်သလို ကိုယ်ဘ၀ကို

တစ်စစီချိုးဖျက်မဲ့သူလည်းဖြစ်နိုင်တယ်လေ၊

မြန်မာစကားပုံကတော့ ``ကျွန်ယုံတော့ တစ်ဖက်ကန်း သားသမီးယုံတော့
စုံလုံးကန်း´´ အဲဒါကိုယ်ပတ်ဝန်းကျင် ကိုယ်အနှီင်္းအနားမှာ ရှိတဲ့သူကပဲ

ကိုယ်ဘ၀ကို ဖျက်ဆီးနိုင်တယ်ဆိုတာပဲ ဒါကြောင့်ကိုယ့် ကိုယ်ကိုပဲ

ယုံကြည်ဖို့လိုတယ် တစ်ခါတစ်လေ
အကောင်းဆုံးသူငယ်ချင်းတွေကြောင့်ကိုယ့်ဘ၀ပြောင်းလဲတတ်ပါတယ် ဒါပေမယ်အဲဒါဟာ
အထောက်ပံ့မျှသာပါပဲ

အဓိကကတော့ ကိုယ်ဟာကိုကြိုးစားရမှာပဲလေ သူငယ်ချင်းဆိုတာ
အကောင်းအဆိုးကိုပဲ မျှဝေခံစားပေးလို့ရတယ် အဓိကကတော့
ကိုယ်သာကိုပဲမဟုတ်လား? ကိုယ်အောင်မြင်၇င် ကိုယ်ကအဓိကပဲခံစား၇တာ

ကျန်တဲ့မိဘသူငယ်ချင်းဆိုတာ အဖျားလောက်ပါပဲ -- ငါဝမ်းနည်းပါတယ်``
ဆိုတာလောက်ပဲပြောကြမှာလေ ၊

တကယ်တော့ ကိုယ်ဟာကိုပဲခံစားရမှာပဲလေ မဟုတ်လား?

နောက်ထက် ကိုယ့်ဘ၀ကို အကြီးကျယ်ဆုံးသောအမှားကတော့ အချစ်နောက်ကို
လိုက်ချင်းပဲ ၊ ချစ်တယ်ကြိုက်တယ်ဆိုတာ ကောင်းတဲ့အရာတစ်ခုဖြစ်ပေမယ့်
တစ်ခါတစ်ရံမှာ အဲဒီင်္အချစ်ကြောင့်ပဲ ဘ၀ပျက်ရတဲ့မိန်းကလေးတွေအများကြီးပဲ ၊
အဓီကကတော့ ကိုယ်ကမိန်းကလေးဖြစ်နေလို့ပဲလေ၊
ယောက်ကျားတွေဆိုတာ(ငါအပါအ၀င်ပေါ့) အခွင့်ယူချင်တတ်ကျတယ်၊ ဒါကလဲ
ကိုယ်ဘက်ကပြုမူဆက်ဆံတဲ့အပေါ်မှာလဲအများကြီးမူတည်တယ်လေ၊

နောက်တစ်ခုက မိန်းကလေးအများစုဟာ အလှအပကြိုက်ကြတယ် ဒါက သဘာဝပဲလေ
ဒါပေမယ့် သဘာဝထက်လွန်ကဲရင်တော့ ဒုက္ခရောက်တတ်တယ် ကိုယ့်မှာရှိနေတာနဲပဲ
လှပအောင်ဝတ် လှအောင်နေလို့ရတာပဲ၊ အဲဒီလိုနေနိုင်အောင်လဲကြိုးစားရမယ်၊
ကိုယ်မှာရှိတဲ့ပိုက်ဆံထက် ပိုပြီးတော့လိုချင်ရင်တော့
ဒုက္ခရောက်ဖို့လမ်းကို ရှာသလိုဖြစ်နေတော့မယ်၊

နောက်ဆုံးအောင်မြင်ဖို့လုပ်မယ်ဆိုရင်တော့ ကိုယ်ရတဲ့ဝင်ငွေ
ကိုယ့်မှာရှိတဲ့ဝင်ငွေ (၀င်ငွေ/ရငွေကို) ဘယ်လိုအသုံးချမလဲ
ဘယ်နေရာမှာဘယ်လိုသုံးရမလဲဆိုတာ စဉ်းစားဖို့လိုအပ်တယ် လိုအပ်တာကိုလည်း

ဝယ်ဖို့လိုအပ်သလို မ၀ယ်သင့်ရှောင်ကြဉ်သင့်တဲ့အရာတွေကိုလည်း

ရှောင်ကြဉ်ရမယ်လေ ၊ အဓိကကတော့ အသုံးနဲ့အဖြုန်းကို သေသေချာချာ
နားလည်ဖို့စဉ်းစားဖို့လိုအပ်တယ်

နောက်တစ်ခုက ကျမ္မာရေးကိုလည်း ဂရုစိုက်ဖို့လိုအပ်တယ်
ကိုယ်လိုအပ်တာတွေရဖို့ အောင်မြင်ဖို့ဆိုရင်လဲ ကျမ္မာရေးကို
လိုက်စားဖို့လိုအပ်တယ် အဓိကကတော့ပုံမှန်အိပ် ပုံမှန်စားပေါ့
ကိုယ်ကအမြဲတမ်းထိုင်ပြီးအလုပ်လုပ်၇တဲ့သူဆိုရင်နံနက်ဖြစ်စေ ညနေဖြစ်စေ
လမ်းလျှောက်ဖို့လိုအပ်တယ်

ကိုရီးယားစကားပုံလိုပြောရရင်တော့ `` ကိုယ်ကျရှုံးလဲကျခဲ့ရင်
အဲင်္ဒီလဲကျတဲ့နေရာကပဲ ကိုယ့်ဟာကို ထနိုင်အောင်ကြိုးစား၇မယ်´´ နောက်ပြီး
ကိုယ်ကျ၇ှုံးခဲ့တာတွေကို မေ့ဖျောက်ပြီး ဘ၀သစ်ကို
ထူထောင်အောင်ကြိုးစားရမယ်လေ၊

လူရယ်လို့ဖြစ်လာရင် အတိတ်ဆိုတာရှိစမြဲပဲလေ
ဒါပေမယ့်ကိုယ့်ဝဘတိုးတတ်ချင်ရင်တော့

အဲဒီမကောင်းခဲ့တဲ့အတိတ်တွေအားလုံးကို မေ့ဖျောက်ပြီး အခုလက်ရှိဘ၀ကို
သေသေချာချာကြိုးစားပြီးဘ၀ကိုတည်ဆောက်ကြပါ............။


မေးမှ ရရှိသော သုတလေးများ ကို စာဖတ်သူများသို့ ပြန်လည် မျှဝေလိုက်ခြင်းဖြစ်ပါတယ်။

zawtk...

Wednesday, December 23, 2009

သတ္တိ ဆိုတာ

.........

" အဲဒီတော့ ရှင်က ကျွန်မကို သတ္တိရှိတယ်လို့ ယူဆတယ်ပေါ့ " သူမက မေးသည်။

" ဟုတ်တယ် "

" အင်းလေ... ဟုတ်ချင်လဲ ဟုတ်မှာပေါ့၊ ဒါပေမဲ့ သတ္တိရှိတယ် ဆိုရင်လဲ အဲဒီလို ရှိလာအောင် နှိုးဆွပေးခဲ့တဲ့ ပုဂ္ဂိုလ် တစ်ယောက်အကြောင်း ကျွန်မ ပြောပြပါ့မယ်"

*****


" လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက ကျွန်မ စတင်းဖို့ဒ် ဆေးရုံမှာ စေတနာ့ဝန်ထမ်း အလုပ်လုပ်ခဲ့ဖူးတယ်၊ အဲဒီမှာ လီဇာဆိုတဲ့ လူနာမိန်းကလေးတစ်ယောက် ကျွန်မတွေ့ရတယ်၊ သူကလေးက အင်မတန်ဖြစ်ခဲတဲ့ ရောဂါဝေဒနာဆိုးတစ်မျိုးကို ခံစားနေရတာ၊ သူ နာလန်ပြန်ထူလာဖို့အတွက်က အသက်ငါးနှစ်ပဲ ရှိသေးတဲ့သူ့မောင်လေးဆီက သွေးကို သွင်းပေးတဲ့ နည်းလမ်းတစ်ခုပဲ ရှိတော့တယ်၊ ဒီမောင်လေးက သူကိုယ်တိုင် သူ့အစ်မရဲ့ ရောဂါမျိုး ဖြစ်ခဲ့ဖူးပြီး ထူးခြားအံ့သြဖွယ် ပြန်ကျန်းမာရှင်သန်လာခဲ့သူလေးပဲ။ အဲဒီရောဂါကို ခုခံတွန်းလှန်နိုင်တဲ့ ပဋိပစ္စည်းတွေလဲ သူရဲ့သွေးထဲမှာဖြစ်ပေါ်ခဲ့တယ်၊ဆရာဝန်က ဒီကလေးကို သူ့အစ်မရဲ့ ရောဂါ အခြေအနေအကြောင်းကိုရှင်းပြပြီး အစ်မအတွက် သူ့သွေးကို ပေးလိုတဲ့ ဆန္ဒရှိသလားလို့ မေးတယ်၊ ကောင်းလေးဟာ ခဏတော့ တွေသွားတာ ကျွန်မ သတိထားမိတယ်၊ အဲဒီနောက် သက်ပြင်းတစ်ချက် ရှိုက်ပြီး သူပြန်ဖြေတယ်၊ ' မမ အသက်ကို ကယ်နိုင်မယ်ဆိုရင် ကျွန်တော်ပေးပါ့မယ် ' တဲ့။


" အဲဒါနဲ့ သူ့ဆီက သွေးကို  သွင်းတဲ့အခါ အစ်မခုတင်ဘေးမှာ သူလဲ ခုတင်တစ်လုံးနဲ့ လှဲရင်း ကြည့်နေတယ်၊ ကောင်းမလေးပါးပြင်မှာ သွေးရောင်သန်းလာတော့ ကျွန်မတို့ကြည့်နေသူတွေအားလုံးနည်းတူ သူလဲပြုံးနေတာပဲ၊ အဲဒီနောက်တော့ သူ့မျက်နှာလေးက ဖြူရော်ရော်ဖြစ်လာပြီး အပြုံးလေးလဲ ပြယ်သွားတယ်၊ ပြီးတော့ ဆရာဝန်ကို မော့ကြည့် ပြီး တုန်တုန်ယင်ယင် အသံလေးနဲ့ သူ မေးရှာတယ်၊ ' ကျွန်တော် အခုတစ်ခါတည်း သေသွားတော့မှာလား ' တဲ့။


" ကလေးက ငယ်တော့ ဆရာဝန်ရှင်းပြတာကို ကောင်းကောင်းသဘောမပေါက်ဘူး၊ သူ့အစ်မအတွက် သွေးပေးရမယ်ဆိုတာ သူ့ သွေးအားလုံး ဖောက်ပေးလိုက်ရမယ်လို့ တင်ထားတာကိုး၊


" အဲဒါပါပဲ၊ သတ္တိစိတ် မွေးပေးတဲ့ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေ တွေ့ခဲ့ရဖူးလို့ ကျွန်မမှာလဲ သတ္တိဆိုတာ ရှိတတ်လာခဲ့တာပါ "


[ မူရင်း။  ။ Dan Millman ၏ On Courage ]


ဖေမြင့်၏

နှလုံးသား အာဟာရ စာအုပ်မှ

နောက်ထပ် ခေါင်းစဉ်များကို လည်း ဆက်လက် ရေးသား ဖော်ပြပေးသွားပါအုံးမယ်ခင်ဗျာ....

zawtk...

ငါသိတယ်၊ ငါလုပ်နိုင်ရမယ်

အဲသည်တုန်းက ရော့ကီး အသက် ငါးနှစ်။

သူ့မိခင် ကယ်လီက ပစ်ကပ် ထရပ်ကားလေးကိုမောင်းကာ သားအမိနှစ်ယောက် အယ်လဗားမား တောကျေးလက်ပိုင်းကို ဖြတ်သန်းလာခဲ့ကြသည်။ ရော့ကီးက သူ့အမေပေါင်ပေါ် ခြေတင်လျက် အိပ်ရင်း လိုက်ပါလာသည်။

အမ်းက ယဉ်ကြော နျစ်ခုစာလောက်သာ ကျယ် တောလမ်း။ အကွေ့ အ၀ိုက်တွေလည်းများသည်။ ကယ်လီက ကားကို ဂရုစိုက် မောင်းနှင်လာသည်။ သို့သော် တစ်နေရာတွင် လမ်းက ကွေ့သွားပြီး တံတားကျဉ်းကျဉ်းတစ်ခုထဲ ဆက်တိုက်ဝင်ရသည်။ သည်အချိန် ကားက ချိုင့်တစ်ခုထဲသို့ ဆောင့်ကျပြီး လမ်းဘေးဘက်ချောထွက်ာ ညာဘက်ရှေ့ဘီးက မြောင်းလို ဖြစ်နေသည့် ဘီးလမ်းကြောင်းရာ တစ်ခုထဲ ကျသည်။ ကား မှောက်မှာ စိုးသဖြင့် ကယ်လီက လီဗာကို ဖိနင်း၊ စတီယာရင်ကို ဘယ်ဘက်တအားလှည့်ပြီး ကားကို လမ်းပေါ် ကမန်းကတန်း ဆွဲတင်သည်။ သို့သော် ကံဆိုးချင်တော့ ရော့ကီ၏ ခြေထောက်က စတီယာရင်ဘီးနှင့် သူမ၏ ခြေထောက်ကြားမှာ ကန့်လန့်ခံနေသည်။ ပစ်ကပ်ကို သူ မထိန်းနိုင်တော့။

ကားက တစ်ပြန်နှစ်ပြန်လိမ့်ကာ ပေနှစ်ဆယ်ခန့်နက်သည့်ချောက်ထဲ ကျသွားသည်။ ချောက်ထဲ ကားရောက်တော့မှ ရော့ကီး နိုးလာသည်။

" မေမေ... မေမေ ၊ သားတို့ ကားဘီးတွေ မိုးပေါ်ထောင်နေပါလား " အမေ့အား သူ မေးသည်။

ကယ်လီ့မျက်စိနှစ်ဖက်လုံး သွေးတွေဖုံးနေသဖြင့် ဘာမှကို မမြင်ရ။ ဂီယာတံနှင့် ဆောင့်ထိုးမိသောဒဏ်ကြောင့် နှုတ်ခမ်းက ပါးအထိ ဟတ်တတ်ကွဲကာ မျက်နှာ တစ်ခုလုံး စုတ်ပြတ်ကြေမွနေသည်။ ပခုံးနှစ်ဖက်လုံးကျိုးကြေသွားပြီး ချိုင်းကြားတစ်ဖက်၌ အရိုးတစ်ချောင်း ဖောက်ထွက်နေသည်။ ပြီး ပိန်ချိုင့်သွားသည့် တံခါးကသူ့ခန္ဓာကိုယ်အား ဖိညှပ်ထားသလိုလည်းဖြစ်နေသည်။

" မေမေ့ကို သားဆွဲထုတ်ပေးမယ် " ရော့ကီးက ဆိုသည်။ အံ့သြဖွယ်ပင်သူက ဒဏ်ရာလုံးဝမရခဲ့။ သူ့အမေအောက်မှ တိုးဝှေ့ထွက်ကာ ပွင့်နေသော တံခါးပေါက်မှ သူလျှောဆင်းသည်။ ပြီးလျှင် မိခင်အား ဆွဲထုတ်နိုင်ရန် ကြိုးစားသည်။ သို့သော် သူ မည်မျှ အားစိုက်ဆွဲသော်လည်း ကယ်လီက နည်းနည်းမျှ မရွေ့။

" မေမေ ခဏအိပ်ပါရစေ သားရယ် " ကယ်လီကဆိုသည်။ သူက သတိလစ်တစ်ချက် မလစ်တစ်ချက် ဖြစ်နေသည်။

" ဟင့်အင်း မေမေ .... မေမေ မအိပ်ရဘူး" ရော့ကီးက လုံးဝငြင်းသည်။

ရော့ကီးက ကားထဲ ခဲခဲယဉ်းယဉ်းပြန်ဝင်ပြီး သူ့အမေကို သည်အထဲက မရမက တွန်းထုတ်သည်။ ပြီးနောက် အမေသည်နား ခဏနေခဲ့ ၊ သားလမ်းပေါ်တတ်ပြီး တွေ့တဲ့ကားကို အကူညီတောင်းမယ်ဟု ဆိုသည်။ မိခင်က စိတ်မချ။ မှောင်မှောင်မည်းမည်းထဲမှာ သူ့သားလေးကို ကားမောင်းသူတွေမြင်ချင်မှမြင်မှာဟု တွေးကာ သားတစ်ယောက်တည်း မသွားနဲ့ဟု ဆိုသည်။

အဲသည်နောက် သားအမိနှစ်ယောက် လမ်းဘေးကမ်းပါးယံကို ဖြည်းဖြည်းချင်း တွားတတ်ကြသည်။ ရော့ကီးက အလေးချိန် ပေါင် ၄၀ မျှရှိသည့်သူခန္ဓာကိုယ်လေးနှင့် ၁၀၄ ပေါင်လေးသော သူ့အမေကို တွန်းတင်သည်။ ခရီးက မတွင်နိုင်။ တစ်ကြိမ်မှာ တစ်လက်မနှစ်လက်မ လောက်စီပဲ ရွေ့သည်။ ဝေဒနာပြင်းထန်လွန်းသဖြင့် ကယ်လီလက်လျှော့ချင်လာသည်။ သို့သော်ရော့ကီးက မလျှော့ရ။

သူ့အမေ အားမလျှော့စေရန် ရော့ကီးက " မေမေ၊ မီးရထားလေးအကြောင်းသတိရ " ဟုဆိုသည်။ သူတို့ကလေးတွေ အလွန်နှစ်သက်သည့် 'စွမ်းဆောင်နိုင်သောစက်ခေါင်းလေး' ပုံပြင်ကို သူ ဆိုလိုခြင်းဖြစ်သည်။ စက်ခေါင်းလေးသည် မက်စောက်သော တောင်ကြီးကို မရ ရအောင် တတ်သွားသည်။ စက်ခေါင်းလေးအကြောင်း မိခင်အား သတိပေးဖော်ပေးနိုင်ရန်အတွက် ပုံပြင်ထဲမှာ ပါသည့် ' ငါ သိတယ်၊ မင်းတတ်နိုင်တယ်၊ ငါသိတယ်၊ မင်းတတ်နိုင်တယ်' ဆိုသည့် လှုံဆော်စကားလေးကို သူ့နှုတ်က တတွတ်တွတ် ရွတ်သည်။

နောက်ဆုံး လမ်းမပေါ် ရောက်ကြပြီး သူ့အမေ၏ မျက်နှာပေါ်မှ ရုပ်ပျက်ဆင်းပျက် ဒဏ်ရာများကို သေသေချာချာ မြင်ရတော့မှ ရော့ကီး ရှိုက်ကြီးတငင် ငိုလေသည်။ ထို့နောက် ထရပ်ကားတစ်စီး လာတာ မြင်တော့လက်နှစ်ဖက်ကို ဝှေ့ယမ်းကာ " ရပ်ပါခင်ဗျာ၊ ရပ်ပါခင်ဗျာ" ဟု အော်သည်။

" မေမေကို ဆေးရုံပို့ပေးပါ" ထရပ်ကား မောင်းသူအား သူ မေတ္တာရပ်ခံသည်။

ကယ်လီ၏ မျက်နှာကို ခွဲစိတ်ခန်းမှာ ရှစ်နာရီမျှကြာအောင် ပြန်လည်ပြုပြင်ယူရသည်။  စုစုပေါင်း ၃၄၄ ချက်တိတိ ချုပ်ခဲ့ရသည်။ သို့တိုင်အောင် ယနေ့သူ့မျက်နှာက ယခင်နှင့် တခြားစီဖြစ်နေသည်။ " အရင်တုန်းကဆိုရင် ကျွန်မ နှာတံလေးက သွယ်တန်းနေတာပဲ၊ နှုတ်ခမ်းက ပါးပါး၊ ပါးရိုးပေါ်ပေါ်နဲ့ပေါ့၊ အခုတော့ နှာခေါင်းပွပွ၊ နှုတ်ခမ်းထူထူ၊ ပါးရိုးချပ်ချပ်ဖြစ်နေပြီ"

သို့သော် ဘာပဲပြောပြော အမာရွတ်တော့ သိပ်မပေါ်ပေ။ ထိခိုက်ဒဏ်ရာတွေ အားလုံး ရှင်းရှင်းလင်းလင်း ပြန်ကောင်းသွားခဲ့သည်။

ရော့ကီး၏ စွမ်းဆောင်ပုံအကြောင်းသည် ဧရာမသတင်းကြီးတစ်ခု ဖြစ်သွားခဲ့သည်။ သို့သော် သတ္တိခဲ ချာတိတ်ကတော့ သူ လုပ်ခဲ့တာ ဘာမှထူးထူးခြားခြား ကြီးကြီးကျယ်ကျယ် မပါပါဟု ဆိုသည်။ " ဒီကိစ္စကြီးဖြစ်ပျက်ခဲ့တာကို ကျွန်တော် သဘောကျတယ်လို့မထင်ကြပါနဲ့နော်၊ မတော်တဆဖြစ်လာတော့ ကျွန်တော်လည်းလုပ်ရတာပေါ့၊ ဘယ်သူမဆို ဒီလိုကြုံရင် ဒီအတိုင်းလုပ်ကြမှာပဲ မဟုတ်လား"

သူ့ မိခင်ကတော့ ဆိုသည်။

" ရော့ကီးလေး ကယ်လို့သာပေါ့၊ မဟုတ်ရင် ကျွန်မ သွေးလွန်ပြီး သေမှာ " ဟူ၍။

[ မူရင်း။  ။ Michele Borba ၏ I Think I Can! ]

ဖေမြင့်၏

နှလုံးသား အာဟာရ စာအုပ်မှ

နောက်ထပ် ခေါင်းစဉ်များကို လည်း ဆက်လက် ရေးသား ဖော်ပြပေးသွားပါအုံးမယ်ခင်ဗျာ..

zawtk...

ညီအစ်ကို နှစ်ယောက်

မိသားစုပိုင် ယာမြေတစ်ခုကို ညီအစ်ကိုနှစ်ယောက် အတူတကွ လုပ်ကိုင်ကြသည်။ တစ်ယောက်က  အိမ်ထောင်သည်။ သူ့မိသားစုက ကြီးသည်။ နောက်တစ်ယောက်က လူပျိုလူလွတ်။

တစ်နေကုန် အလုပ်လုပ်ပြီးလျှင် လယ်ယာထွက်သီးနှံများနှင့် ရောင်းချရသည့် အမြတ်အစွန်းများကို ညီအစ်ကိုနှစ်ယောက် ညီတူညီမျှ ခွဲဝေယူကြသည်။

တစ်နေ့မှာတော့ တစ်ကိုယ်တည်းသမားက စဥ်းစြားသည်။ " လယ်ယာထွက်သီးနှံတွေ အကျိုးအမြတ်တွေ ကို ညီတူညီမျှ ခွဲဝေနေတာ မသင့်ဘူး၊ ငါက တစ်ယောက်တည်းသမား ၊ ငါ့လိုအပ်ချက်က နည်းနည်းလေး" သည်လိုတွေးကာ ညစဉ်ညတိုင်း သူ့စပါးကျီမှ စပါးတစ်အိတ်စီထမ်းကာ ကွင်းပြင်ကို တိတ်တဆိတ်ဖြတ်သန်းပြီး သူ့အစ်ကိုအိမ်က စပါးကျီထဲ သွားထည့်သည်။

သည်အတွင်း အိမ်ထောင်ရှင် အစ်ကိုကြီးကလည်း စဉ်းစားသည်။ " သီးနှံတွေ၊ ၀င်ငွေတွေကို ညီတူညီမျှဝေယူနေကြတာ မမှန်ဘူး၊ ငါက အိမ်ထောင်သည် ၊ ငါ့မှာ အသက်ကြီးတဲ့အချိန်ပြုစုစောင့်ရှောက်ဖို့ မိန်းမရှိတယ်။ သားထောက်သမီးခံ ရှိတယ်၊ ငါ့ညီမှာက တစ်ယောက်တည်း၊ မမာရေး မကျန်းရေး ဆိုရင်စောင့်ရှောက်မယ့်သူမရှိဘူး" သူ၍ တွေးကာ ညတိုင်း စ ပါးတစ်အိတ်စီ ထမ်းပြီး သူ့ညီစပါးကျီထဲ သွားထည့်သည်။

သည်လိုနှင့် နှစ်ချီ၍ ကြာလာလေသည်။ ကိုယ့်ကျီထဲက စပါးတွေ ညစဉ်ထုတ်ယူနေပါလျက် လျော့နည်းသွားခြင်း မရှိသည်ကို နှစ်ယောက်လုံးပင် စဉ်းစား မရဖြစ်နေကြသည်။

သို့သော် မှောင်မည်းမည်း ညတစ်ည၌ ညီအစ်ကိုနှစ်ယောက် ၀င်တိုက်မိကြသည်။ သည်တော့မှပင် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ဖြစ်ပျက်ပုံအလုံးစုံကို နှစ်ဦးသား သိမြင်သွားကြသည်။

စပါးအိတ်တွေ ပစ်ချကာ ညီအစ်ကိုတွေ တစ်ဦးကိုတစ်ဦး တင်းတင်းဖတ်ထားလိုက်မိကြလေသည်။

[ မူရင်း။   ။ More Sower's Seeds စာအုပ်မှအမည်မသိစာရေးသူ၏ Two Brothers ]

ဖေမြင့်၏

နှလုံးသား အာဟာရ စာအုပ်မှ

နောက်ထပ် ခေါင်းစဉ်များကို လည်း ဆက်လက် ရေးသား ဖော်ပြပေးသွားပါအုံးမယ်ခင်ဗျာ..

zawtk...

Tuesday, December 22, 2009

အောင်မြင်ရေး နည်းလမ်း ၁၀ ချက်

အာင်မြင်ရေး နည်းလမ်း ၁၀ခုကို မှတ်ရလွယ်အောင် အင်္ဂလိပ်လို စီ-ဆယ်လုံးလို့ သတ်မှတ်ပေးထားပါတယ်။ အဲဒါတွေကတော့-

၁။ Construction = တည်ဆောက်ခြင်း
၂။ Competence = အစွမ်းအစရှိခြင်း
၃။ Courage = သတ္တိရှိခြင်း
၎။ Communication = ဆက်သွယ်မှုရှိခြင်း
၅။ Charm = ဆွဲဆောင်မှုရှိခြင်း
၆။ Compassion = စာနာရိုင်းပင်းတတ်ခြင်း
၇။ Confidence = ယုံကြည်မှုရှိခြင်း
၈။ Control = ထိန်းချုပ်ခြင်း
၉။ Commitment = ကတိတည်ခြင်း
၁၀။ Contentment = ရောင့်ရဲမှုရှိခြင်း



ဒီကနေ့ ကာလ မှာတော့ အလုပ် ထဲမှာ ဖြစ်ဖြစ်၊ နေ့စဉ် ဘ၀ မှာပဲဖြစ်ဖြစ် အောင်မြင်ချင် တယ်ဆိုရင် ဒီပညတ်ချက် ၁၀ချက်နဲ့ ပြည့်စုံအောင်လုပ်ဖို့ လိုပါတယ်။ ဒါဟာ ပုံသေနည်း တစ်ခုပါ။ ဘယ်လို ရည်မှန်းချက် ပန်းတိုင် မျိုးကို မဆို ဒီအချက်တွေကို အသုံးချလို့်ရပါတယ်။ လုပ်ငန်းတစ်ခုကို အစပျိုးချင်တဲ့ ရည်မှန်းချက် မျိုး အတူလက်တွဲမယ့် အဖော် တစ်ဦးရှာတဲ့ ရည်ရွယ်ချက်၊ အသက်ကြီး နေပြီဖြစ်တဲ့ မိဘ တွေကို ပြုစု စောင့်ရှောက်ရေး လုပ်ငန်း ဒါမှ မဟုတ် ကလေးငယ် တွေကို ကြည့်ရှု့ စောင့်ရှောက် ရေးက အစ အိုလံပစ် အားကစား ပွဲတော်မှာ ရွှေတံဆိပ် ရရှိရေး ရည်မှန်းချက် မျိုးအထိ အသုံး တည့်ပါတယ်။

၁။ တည်ဆောင်ခြင်း

စီမံချက် တစ်ခု တည်ဆောက်ဖို့ လိုပါတယ်။ ဘယ်ကို သွားမှာလဲ၊ ဘယ်လို ရောက်အောင် သွားမလဲ ဆိုတာ ကွက်ကွက် ကွင်းကွင်း မြင်နေ ရပါမယ်။ ဒီတော့ စီပွားရေး လုပ်ငန်း စီမံကိန်း တစ်ခု ဒါမှမဟုတ် ပုဂ္ဂိုလ်ရေး ရည်မှန်းချက် တွေ ရေးဆွဲ ရေးဟာ ပထမ အဆင့်ပါ။ သင်သွားချင် တဲ့နေရာကို ရောက်အောင် သဘောထား တွေ ရွေးချယ်ဖို့ လိုအပ် ပါတယ်။ သင်လိုချင် တာကို မရခဲ့ရင် သဘောထား ကို ပြင်ရပါ မယ်။ ဒါမှသာ သွားချင်တဲ့ နေရာကို ရောက်မှာပါ။


၂။ အစွမ်းအစ ရှိခြင်း

ငါတော့ ပန်းချီ ဆရာ တစ်ယောက် ဒါမှ မဟုတ် တီးဝိုင်း အဆိုတော် တစ်ယောက်အဖြစ် ဘယ်တော့မှ မအောင်မြင်နိုင်ဘူးလို့ သံသယဖြစ်ခဲ့တယ်၊ နှစ်မျိုးလုံးမှာ အစွမ်းအစ မရှိဘူး။ လေ့ကျင့် ပေးမှုက အထောက် အကူ ရနိုင်ပေမယ့် ဒီလို အနုပညာ လုပ်ငန်း မျိုးမှာတော့ ပါရမီ ရှိဖို့ လိုအပ် ပါတယ်။ ဒါက ထင်ရှားပါတယ်။ ဒါပေမဲ့ နယ်ပယ် တစ်ခုမှာ ကျွမ်းကျင်မှု မရှိဘဲ အဲဒီ နယ်ပယ်မှာ အောင်မြင်မှု ရချင်တဲ့ လူတွေလည်း တွေ့ခဲ့ဖူးပါတယ်။ အခြေခံ ကျတဲ့ အစွမ်း အစ တွေ မရှိခဲ့ ရင်တော့ အပြင်း အထန် ကြိုးပမ်းဖို့ လိုပါ လိမ့်မယ်။ အခက်အခဲ အနည်းဆုံး နည်းလမ်း ဟာ လျှောက်လှမ်းရ လွယ်ကူ တာပေါ့။

စီးပွားရေး လုပ်ငန်း အသစ် တစ်ခုအတွက် စီမံချက် တစ်ခု ရေးဆွဲ ရာမှာ သင်ဘာ တော်သလဲ ဆိုတာ ချရေး ထားပါ။ ဘာကို လုပ်ရတာ ပျော်တယ် ဆိုတာ ကိုလည်း ချရေး ထားပါ။ အဲဒီ လုပ်နည်း လေးက ဈေးကွက် ထဲမှာ သင်ဖန်တီး ရယူနိုင်တဲ့ နေရာ တစ်နေရာကို သတ်သတ် မှတ်မှတ် လုပ်ပေး နိုင်ပါတယ်။ သင်က စားဖိုမှူး တစ်ယောက် ဖြစ်နေရင် ပြီးတော့ ပြင်သစ် ဘာသာ စကား သင်ချင်နေတယ် ဆိုမှတော့ ပြင်သစ် နိုင်ငံသွားပြီး ပြင်သစ် အစား အစာ တွေကို အထူးပြု ချက်ပြုတ် ပေတော့ပေါ့။

အသက်မွေး ၀မ်းကြောင်းမှု အားလုံးမှာ အဟန့် အတား တွေကတော့ ရှိစမြဲပါ။ အဲဒီ အခက် အခဲက အစွမ်းအစ၊ လေ့ကျင့်မှုနဲ့ အရည်အချင်း ပတ်ဝန်းကျင်မှာ ပုံမှန် အားဖြင့် အခိုင် အမာ အခြေစိုက်ပြီး ရှိနေ တတ်တယ်။ တကယ်လို့ သင်ဟာ အကျွမ်းကျင်ဆုံး နေရာမှာ အလုပ် လုပ်ရတာ ငြီးငွေ့ လာပြီဆိုရင် အဲဒီ အ၀န်းအ၀ိုင်း တွင်းမှာပဲ ပိုကျွမ်းကျင်တဲ့ ပညာကို သုံးပြီး ကြိုးစား ကြည့်ပါ။ ကိုယ့်ဘာသာ ကိုယ် ခြစ်ခြုတ်ပြီး ပြန်တီထွင် နေတာမျိုးကို ရှောင်လိုက်ရင် ပိုပြီး မြန်မြန် အောင်မြင် လာလိမ့်မယ်။

၃။ သတ္တိရှိခြင်း

သတ္တိက အကြီး အကျယ် အရေးကြီး ပါတယ်။ တစ်ခါ တစ်ရံမှာ သင်ဟာ စွန့်စားမှု ပြုဖို့ လိုအပ် ပါတယ်။ ဦးတည်ချက် ပြောင်းသင့်ရင် ပြောင်းရမယ်။ ဘောင်အပြင် ဘက်ထွက်ပြီး စဉ်းစားပါ။ အကြောင်း ကိစ္စဟောင်း ကိုပဲ နည်းလမ်း သစ်နဲ့ ကြိုးစား ကြည့်ပါ။ ဒါကြောင့် သင် မသက် မသာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သင် ဦးတည် ထားတဲ့ တူရူပြုမှုကို ယုံကြည်ရင် သင် ရှာနေတဲ့ ရလဒ် တွေကို ယုံကြည်ရင် သင့်အနေနဲ့ မမှိတ် မသုန် နှစ်နှစ် ကာကာ ယုံလိုက်ဖို့ သတ္တိ လိုအပ် ပါတယ်။

အခြေအနေတွေ ခက်ခက် ခဲခဲဖြစ်လာ ချိန်မျိုးမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ဟာ ပြင်းပြင်း ထန်ထန် ရှိနေဖို့နဲ့ သတ္တိရှိ နေဖို့ ဆိုတာ မရှိမဖြစ်တဲ့ အရာတွေပါ။ရိုးသား ဖို့ဆိုတာ သတ္တိက အရေးကြီးပါတယ်။ ကိုယ့်ဘာသာ ရယ်မော ပစ်နိုင်ဖို့လည်း သတ္တိက အရေးကြီး တာပါပဲ။ သင်မှားသွားတဲ့အခါမှာ သတ္တိရှိရှိ ၀န်ခံဖို့ ကလည်း မရှိမဖြစ် လိုအပ်ချက်ပါ။

၎။ ဆက်သွယ်မှုရှိခြင်း

ထိရောက်တဲ့ ဆက်သွယ်မှု မရှိရင် စီးပွားရေး လုပ်ငန်း ဖြစ်စေ၊ ပုဂ္ဂလိက ဆက်ဆံရေး မှာဖြစ်စေ အလုပ် မဖြစ်တဲ့ အထောက် အထားတွေ ရှိပါတယ်။ ဈေးကွက်၊သင့်လုပ်ဖော် ကိုင်ဖက်များနဲ့ မိတ်ဆွေ တွေက သင် ဘာဆက် လုပ်နေတယ် ဆိုတာ နားလည် နေဖို့က အဓိက ကျပါတယ်။

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အတွေး တွေကနေပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ တွေးတောမှုတွေ ထွက်ပေါ် လာပါတယ်။ ဒီအတွေး တွေဟာ ဆက်သွယ်မှု အားနည်းခြင်းနဲ့ နားလည်မှု လွဲမှားခြင်း တွေက ဖန်တီး ပေးလိုက်တာ ဒါမှမဟုတ် တွန်းအား ပေးလိုက်ခြင်းပါ။ ဆက်သွယ်မှုဟာ မဟာဗျူဟာ အောင်မြင်ခြင်း အတွက် လိုအပ်တဲ့ ပစ္စည်း ကိရိယာ တစ်ခု ဖြစ်ပါတယ်။

၅။ ဆွဲဆောင်မှုရှိခြင်း

ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဆွဲဆောင်မှု ရှိခြင်းက အောင်မြင်ခြင်းရဲ့ အရေးပါတဲ့ အကြောင်း တစ်ရပ်ပါ။ ဆွဲဆောင်မှု ဆိုတာ ငွေကုန် ကြေးကျခံပြီး ပြုပြင် မွမ်းမံ ထားတဲ့ အပေါ်ယံ အရည် အချင်းတွေ မဟုတ်ပါဘူး။ အပြုံးပန်း တစ်ပွင့်ပါ။ ရယ်စရာ မောစရာ တချို့တလေနဲ့ သူတစ်ပါးအပေါ် စစ်မှန်တဲ့ စိတ်ဝင်စားမှု တွေရှိရင် သင်ဟာ ဆွဲဆောင်မှု ရှိနေတယ်လို့ ပြောနိုင်ပါပြီ။ တခြား အောင်မြင်ခြင်း အမူ အရာ တွေအားလုံး လိုပဲ ဆွဲဆောင်မှုက အခြေ အနေနဲ့ ကိုက်ညီမှု ရှိရမယ်။ သင့် ဆွဲဆောင်မှုကို ရိုးသားမှုက ကျောထောက် နောက်ခံ ပြုထားရမယ်။ ပြီးတော့ ဒါဟာ သင့် ဥပဓိရုပ် တစ်ခုလုံး ရဲ့ အစိတ် အပိုင်းတစ်ခု ဖြစ်သင့်တယ်။ ဆိုးရွားတဲ့ ရောင်းဝယ်မှု ဒါမှ မဟုတ် တစ်ယောက် ယောက်ရဲ့ နောက်ကျော ကို ဓားနဲ့ထိုး တာမျိုး မလုပ်ခင်မှာ ဆွဲဆောင်မှု ရှိအောင် လုံးပမ်း တာမျိုးဆိုရင် တော့ သင်ဟာ ရေရှည်မှာ အောင်မြင်ခြင်းကို ရရှိနိုင်မှာ မဟုတ်ပါဘူး။

၆။ စာနာရိုင်းပင်းတတ်ခြင်း

လူသား တိုင်းလိုလို ဟာ အတူတူ ချည်းပါပဲ။ ဘယ်လို နေရာတွေမှာ တူသလဲ ဆိုရင် အမှားတွေ လုပ်ကြတယ်၊ ခွင့်လွှတ်ခြင်းနဲ့ စာနာ ရိုင်းပင်းခြင်း ကို လိုချင်ကြတယ်၊ တစ်ခါ တစ်လေမှာ ဒေါသ လိုမျိုး မကောင်းတဲ့ စိတ်ခံစားမှု တွေဟာ သင်တို့ကို ၀ါးမြို လောင်မြိုက် စေပါတယ်။ ပြီးတော့ အပြစ်တင် လွှဲချ တတ်တဲ့ လှည့်ကွက် ရောဂါ လက္ခဏာ ၀င်လာ တော့တာပါပဲ။ အတွေး တွေထဲမှာ လူတိုင်းက `ကျွန်တော့်ကို ဒေါသဖြစ်အောင်၊ မကျေ မချမ်းဖြစ်အောင် လုပ်နေတာ။ ဒါ ကျွန်တော့်အတွင်း သန္တာန်က ထွက်ပေါ် လာတာ မဟုတ်ဘူးလို့ စပြီး တွေးလာ ပါတယ်။ အဲဒီလို ရန်သူကို တရစပ် တုံ့ပြန်ဖို့ ရင်ဆိုင် လာရတဲ့ အခြေ အနေမျိုးမှာ ပင်ကို အသိစိတ်က ပြန်ချဖို့ (ဒါမှမဟုတ်) ခုခံတဲ့ အနေနဲ့ တုံ့ပြန်ဖို့ ကျွန်ုပ်တို့ကို ပြောပါတယ်။ တကယ်တော့ စာနာ ရိုင်းပင်း တတ်ခြင်းဟာ အားကောင်းတဲ့ လက်နက် တစ်ခုပါ။ လမ်းဆိုး တစ်ခုထဲ ရောက်နေသူ တစ်ဦး ဦးအတွက် စာနာ ရိုင်းပင်းတဲ့ စိတ်ခံစား လာရတာနဲ့ သင့်အတွက်ရော သူတို့ အတွက်ပါ အထောက် အပံ့ ဖြစ်သွား တာပါပဲ။ ဒီစကားရပ်ရဲ့ `စာနာ´ တယ်ဆိုတဲ့ သဘောက အကုန် အရေးကြီးတဲ့ သဘောပါ။ သင်လုပ်နေတဲ့ အလုပ်ကို သင်ကိုယ်တိုင် မယုံကြည်ရင် တော့ တခြား လူတွေ လုပ်ဖို့ဆို တာက ပိုခက်ခဲတာပေါ့။

၇။ ယုံကြည်မှုရှိခြင်း

ယုံကြည်မှု ရှိခြင်း ဟာ အရာဝတ္ထု အများ အပြား ကနေပြီး လာတာပါ။ သင့်ကိုယ်သင် သိထား ရမယ်ဆိုတဲ့ အကြောင်းအရာကို သိတာက စလာတာပါ။ တချို့ လူတွေဟာ ယုံကြည်ချက် အများ အပြားနဲ့ အတူ မွေးဖွားလာ သလားလို့ အောက်မေ့ ရပါတယ်။ ဒါက အခြေခံ ခိုင်ခိုင် မာမာ နဲ့လာတာဆိုရင် အပြု သဘော ဆောင်ပါတယ်။ ဒါပေမဲ့ ယုံကြည်ချက် လွန်ကဲ သွားပြန် ရင်တော့ မာနကြီး၊ စိတ်ကြီးဝင် (ဒါမှမဟုတ်) မိုက်မဲ တဲ့အသွင် ကို ဆောင်နိုင် ပါတယ်။ ယုံကြည်ချက်ဟာ အချက် အလက် ပေါ်မှာ အခြေပြုဖို့ လိုအပ် ပါတယ်။ ယုံကြည်ချက် တိုးလာတာနဲ့ ဆောင်ရွက်ဖို့ သင့်စွမ်းရည် လည်း တိုးလာမှာပါ။ ဆောင်ရွက်ဖို့ လိုအပ်တဲ့ သင့်စွမ်းရည် တိုးလာအောင်လုပ်ရင် သင့်ယုံကြည်ချက် လည်း တိုးပွား လာလိမ့်မယ်။ သူတို့က တိုက်ရိုက် ဆက်စပ် နေတာပါ။

၈။ ထိန်းချုပ်နိုင်ခြင်း

မှန်ကန် အားကောင်းတဲ့ တွေးခေါ်မှု ဟာ သင့်အတွေး တွေနဲ့ သင့်စိတ်ခံစားမှု တွေကို ထိန်းချုပ် ပေးနေတဲ့ အကြောင်းပါ။ သတိရဖို့က အတွေး တစ်ခု မရှိဘဲနဲ့ သင့်မှာ စိတ်ခံစားချက် တစ်ခု မရှိနိုင်ပါဘူး ။ စိတ်ခံစားမှုကို အသိ အမှတ် ပြုပြီး အတွေးကို ထိန်းချုပ်ရမှာ ။ စိတ်ခံစားမှု ပြောင်းဖို့ အတွက် အတွေးကို ပြောင်းပစ် ရပါမယ်။

၉။ ကတိတည်ခြင်း

တစ်ခါ တစ်ရံ အလွယ်ဆုံး ကိစ္စဟာ လက်မြှောက် အရှုံးပေး လိုက်တာပါ။ တစ်ခါ တစ်ရံ အဲဒါ မျိုးလုပ်ဖို့ လိုပါတယ်။ ဒါပေမဲ့ သင့်ရည်မှန်းချက်ကို သင်ယုံကြည်ရင် ပြီးတော့ အောင်မြင်အောင် အကောင် အထည် ဖော်ချင်ရင် သင်ဒီကိစ္စကို ကတိတည် ရမယ်။ ဆိုလို တာက အရှုံး မပေးရဘူး၊ တစ်ခါ တလေ သင် လက်မြှောက် အရှုံးပေးချင်စိတ် ပေါ်လာသည့် တိုင်အောင် အရှုံးမပေး မိစေဖို့ပါပဲ။ သင်ဟာ ရည်မှန်းချက် ရောက်အောင် သဘောထားနဲ့ အပြု အမူတွေ ပြောင်းဖို့ လိုအပ်ရင် လိုပါလိမ့်မယ်။ ဒါပေမဲ့ ဆက်ပြီး အကောင် အထည် ဖော်နေရ ပါမယ်။

၁၀။ ရောင့်ရဲမှုရှိခြင်း

ရောင့်ရဲမှု ရှိခြင်း ဆိုတာ လမ်းခရီးရဲ့ အတက် အကျ တွေကို သာယာ ကြည်နူးမှု ရှိတဲ့ အကြောင်းပါ။ ဘာမျှ မရှိတဲ့ တဒင်္ဂ အခြေအနေ မှာတောင် ရောင့်ရဲမှု ရှိရပါမယ်။ သင်ဦးတည် ထားတဲ့ ခပ်လှမ်းလှမ်း ကိုသာ အာရုံစိုက် နေပြီး လက်ရှိကြုံရတဲ့ အတက် အကျတွေကို မွေ့လျော်မှု မရှိရင် သင့်ဘ၀ တစ်လျှောက်မှာ အများကြီး လွတ်ကျခဲ့မယ့် အန္တရာယ်ရှိ တယ်။ ဦးတည်ချက် တစ်ခုကို သွားနေဖို့ လိုအပ် တယ်ဆိုရင် သွားနေတဲ့ ခရီးလမ်း တစ်လျှောက်မှာ သင်တွေ့ သမျှ တွေကို ကြည်နူး မွေ့လျော်ဖို့ ကလည်း အရေးကြီး ပါတယ်။ သူက ထပ်လာမှာ မဟုတ်တော့ပါဘူး။ အောင်မြင်ဖို့ ဆိုရင် သင့်မှာ ရှိတာ တွေကို တန်ဖိုးထား တတ်ရမယ်။ ပြီးတော့ သင့်မှာ မရှိတာတွေ အကြောင်းကို တွေးပြီး စိတ်မသက် မသာ ဖြစ်မနေ ရဘူး။

ဒီအချက်အလက်တွေကို သတိထားပြီး လုပ်ဆောင်နိုင် သည်နှင့်အမျှ အောင်မြင်ခြင်းကို လက်ဝယ် ပိုင်ပိုင် ရနိုင်မှာ အသေအချာပါ။
http://www.ourmandalay.net/ မှ ပြန်လည် ကူးယူ မျှဝေပါသည်.. .

zawtk...

Monday, December 21, 2009

ဆပ်ကပ်

ကျွန်တော် လူပျိုပေါက် အရွယ်လောက်က ဖြစ်သည်။ အဖေ နှင့် ကျွန်တော် ဆပ်ကပ်ပွဲအတွက် လက်မှတ်တန်းစီနေကြသည်။ အတော်ကြာ စောင့်ဆိုင်းပြီး သည့်နောက်တွင် စောင့်ဆိုင်းပြီးသည့်နောက်တွင် လက်မှတ်ပေါက်နှင့် ကျွန်တော်တို့ ကြာ်းမှာ မိသားစု တစ်ခုသာ ကျန်လေသည်။

သည်မိသားစုကို ကြည့်ပြီး ကျွန်တော် သဘောကျနေမိသည်။ ကလေးချည်း ရှစ်ယောက်ပါသည်။ တစ်ယောက်မျှ အသက် ၁၂ နှစ်ပြည့်သေးပုံမရပေ။ သူတို့ အသွင်အပြင်တွေကြည့်ယုံဖြင့်ပင် ငွေကြေးပြည့်ပြည့်စုံစုံထဲက မဟုတ်ကြောင်း သိနိုင်သည်။ အ၀တ်အစား တွေက အဖိုးတန်ထဲက မဟုတ်။ သို့သော်သပ်သပ်ရပ်ရပ်ရှိသည်။ ကလေးတွေ က အမူအရာယဉ်ကျေးသည်။ မိဘများနောက်မှာ နှစ်ယောက်တစ်တွဲ လက်ချင်းချိတ်ပြီးတန်းစီနေကြသည်။ သို့သော် နှုတ်ကမူ ညဘက်တွင် သူတို့ကြည့်ရမည့်ဆပ်ကပ်လူပြက်များ၊ ဆင်လိမ္မာများနှင့် အခြားပြကွက်များ အကြောင်းကို အားတက်သရော ပြောဆိုနေကြသည်။ သူတို့လေးတွေခမြာ ဆပ်ကပ်ပွဲ တစ်ခါမျှ ကြည့်ဖူးကြဟန်မတူ။ သည်ညကတော့ သူတို့ဘ၀မှာ တကယ့် အမှတ်တရည ဖြစ်တော့မည့်ပုံမျိုး။

အဖေနှင့်အမေက အုပ်စုထိပ်မှာ ၀မ်းမြောက်ဂုဏယူသည့် အသွင်အပြင်များဖြင့် ရပ်နေကြသည်။ ကလေး တွေ၏ မိခင်က ခင်ပွန်းသည်၏ လက်ကို ကိုင်လျှက် သူ့မျက်နှာကို ရွှန်းရွှန်းစားစား ကြည့်နေပုံမှာ " မေ့ချစ်သူ လူစွမ်းကောင်းကြီး " ဟု နှုတ်ခွန်းဆက်နေဘိသည့်အလား အထင်ကြီးမှု၊ လေးစားမှု လက္ခဏာတွေ အပြည့်ပါသည်။ ခင်ပွန်းသည်ကလည်း " အားကိုးစမ်းပါ အချစ်ရယ် " ဟု ခွန်းတုံ့ပြန်နေသည့်နှယ် ဂုဏ်ယူသော အပြုံးနှင့် ချစ်ကြည့်နူးစွာ ကြည့်သည်။

သည်အခိုက် လက်မှတ်ရောင်းသော အမျိုးသမီးက အဖေ လုပ်သူအား လက်မှတ် ဘယ်နှစ်စောင်ယူမလဲ လှမ်းမေးသည်။

"ကျွန်တော် ကလေး လက်မှတ် ရှစ်စောင်နဲ့ လူကြီးလက်မှတ် နှစ်စောင် လိုချင်ပါတယ်၊ အဲဒါ မှ ကျွန်တော်တို့တစ်မိသားစုလုံး လာလို့ရမှာ " သူက တက်တက်ကြွကြွပင် ဖြေသည်။

အမျိုးသမီးက လက်မှတ်ခ နှုန်းထားများ လှမ်းပြောသည်။

ဇနီးသည်က သူ့ခင်ပွန်း၏လက်ကို လွှတ်ချလိုက်ပြီး ခေါင်းလည်း ငုံ့သွားသည်။ အမျိုးသား၏ နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်လာသည်။ သူရှေ့သို့ အနည်းငယ်တိုးကာ " ဘယ်လောက်ဗျာ" ဟူး၍ မေးသည်။

လက်မှတ်ရောင်းသော အမျိုးသမီးက ဈေးနှုန်းတွေ ထပ်ပြောသည်။

အဖေ လုပ်သူမှာ ပိုက်ဆံ အလုံအလောက်မပါ။

သို့သော် သည်အချိန်ကျမှ သူနောက်ဘက်လှည့်ကာ ကလေးတွေကို အဖေ့မှာ ပိုက်ဆံ အလုံအလောက်မပါလို့ သည်ည ဆပ်ကပ် ကြည့်နိုင်မှာ မဟုတ်ဘူးဟု သူဘယ်သို့ ပြောထွက်နိုင်ပါမည်နည်း။

ဖြစ်ပျက်ပုံ အလုံးစုံကို မြင်ကာ ကျွန်တော့အဖေ အင်္ကျီအိပ်ထဲ လက်နှိုက်သည်။ ဒေါ်လာ ၂၀ တန် တစ်ရွက်ထုတ်လာပြီနောက် မြေကြီးပေါ် အသာပစ်ချသည်။ (ကျွန်တော်တို့လည်း ချမ်းသာသူများမဟုတ်ကြောင်း ကြားဖြတ်ပြောလိုပါသည်။) ထို့နောက် အဖေပဲ သည့်ပိုက်ဆံကို ပြန်ကောက်ကာ ကလေးမျာဖခင် ပခုံးကို သွားပုတ်ပြီးပြောသည်။ " ဒီမှာ ခင်ဗျ၊ စောစောကေ ခင်ဗျား အိတ်ထဲက ထွက်ကျသွားတယ် "

အဖေ ဘာလုပ်သည်ဆိုတာ ထိုပုဂ္ဂိုလ် ကောင်းစွာ နားလည်လိုက်ပါသည်။ ဘယ်သူ့ဆီမှာမှ သူလက်ဖြန့်တောင်းခံခဲ့သည်တော့မဟုတ်။ သို့သော် ဒီလို အသည်းအသန် အရေးကြီးအချိန်၊ ဖခင်တစ်ယောက်အနေနှင့် အရှက်ဘကီး ရှက်ရမည့် အ ဖြစ်မျိုး ကြုံရအံ့ဆဲဆဲ အချိန်တွင် မမျှော်ဘဲ ပေါ်ပေါက်လာသည့် သည်အကူအညီအတွက် သူတကယ်ပဲ ကျေးဇူးတင်သွားခဲ့သည်။ ဒေါ်လာ ၂၀ တန် ကိုင်ထားသော အဖေ့လက်ကိုသူ့လက်နှစ်ဖက်နှင့် ဖျစ်ညှစ်ဆုပ်ကိုင်ကာ တုန်ယင်သော နှုတ်ခမ်းများဖြင့် ကျေးဇူး တင်စကား ဆိုသည်။

" ကျေးဇး တင်ပါတယ်ဗျာ၊ တကယ့်ကို ကျေးဇူးပါပဲ၊ ကျွန်တော့အတွက်ရော ကျွန်တော့် မိသားစုအတွက်ပါ အဖိုးမဖြတ်နိုင်ပါဘူးဗျာ " သည်လိုပြောရင်း သူ့ပါးပြင်ပေါ်မှ မျက်ရည်တစ်ပေါက် လိမ့်ဆင်းကျလာသည်။

အဖေ နှင့် ကျွန်တော် ကားဆီသို့ လှည့်ပြန်ကာ အိမ်သို့ပဲ မောင်းလာခဲ့ကြသည်။ အဲသည်ည  ဆပ်ကပ်ပွဲသို့ကျွန်တော်တို့ မသွားကြပါ။ သို့သော် သည်ညသည်သာ အချည်းအနှီး ညတော့ လုံးဝ မဟုတ်ခဲ့။

မူရင်း။    ။ Dan Clark ၏ The Circus.

ဖေမြင့်၏

နှလုံးသား အာဟာရ စာအုပ်မှ

နောက်ထပ် ခေါင်းစဉ်များကို လည်း ဆက်လက် ရေးသား ဖော်ပြပေးသွားပါအုံးမယ်ခင်ဗျာ..

zawtk....

ဖြစ်အောင် လုပ်စမ်းပါ

၁၉၅၇ ခုနှစ်က ကယ်လီဖိုးနီးယားတွင် ဆယ်နှစ်ရွယ် ကောင်လေးတစ်ယောက် ရည်မှန်းချက် ပန်းတိုင်တစ်ခု ချသည်။

အဲသည်အချိန်က အမေရိကန်ကြေးစား ဘောလုံး(ရပ်ဂဘီ) လောကတွင် ဂျင် (မ)ဘရောင်းသည် အကျော်ကြားဆုံး နောက်တန်းအလယ်လူ ဖြစ်သည်။ ပိန်တာရိုးကောင်လေးက  သူ့အော်တိုလက်မှတ်လိုချင်သည်။ သည်ရည်မှန်းချက် အောင်မြင်ရေးအတွက် ကောင်လေးမှာ ကျော်လွှားရမည့် အခက်အခဲတချို့ ရှိနေသည်။

သူသည် လူမည်း ဆင်းရဲသားရပ်ကွက်တွင် ကြီးပြင်ရသူဖြစ်သည်။ သူ့ခမြာ ဘယ်တုန်းကမှ ၀၀လင်လင်မစားရ။ အာဟာရ ချို့တဲ့မှုကြောင့် အရိုးပျော့ရောဂါ ရနေသည်။ အရိုးပေါ် အရေတင်သည့် သူ့ခြေတောက်ခွင်လေးကို သံမဏိထိန်းနံများဖြင့် ကျားကန်ပေးထားရသည်။ လောလောဆယ်လည်း ပိုက်ဆံ မရှိသဖြင့် ဘောပွဲကြည့်ရန် လက်မှတ်မ၀ယ်နိုင်။ ထို့ကြောင့် ဂျင်(မ) ဘရောင်း ကစားပြီး၍ ပြန်တက်လာသည့်အချိန် တွေ့ဆုံရန် အ၀တ်လဲခန်းနားက စိတ်ရှည်လက်ရှည်စောင့်မျှော်နေရသည်။

ဂျင်(မ)ဘရောင်းနှင်တွေ့တော့ အော်တိုရေးပေးရန် ယဉ်ယဉ်ကျေးကျေး တောင်းခံသည်။ ဘရောင်း လက်မှတ်ထိုးနေ့အချိန် ကောင်လေးက ပြောပြသည်။

"မစ္စတာဘရောင်း........ခင်ဗျားပုံကို ကျွန်တော့်အခန်းနံရံမှာ ချိတ်ထားတယ်ဗျ၊ စံချိန်တွေအားလုံး ခင်ဗျားချိုးထားတာ ကျွန်တော်သိတယ် ၊ ခင်ဗျားက ကျွန်တော်ကြည်ညိုလေးစားဆုံး ပုဂ္ဂိုလ်ဗျ "

ဘရောင်းပြုံး၍ နားထောင်ပြီး သွားရန်ပြင်သည်။ သို့သော် ကောင်လေးက မပြီးသေး၊ " ကျွန်တော် တစ်နေ့ကျရင် မစ္စတာ ဘရောင်းတင်ထားတဲ့ စံချိန်တွေအားလုံးကို ချိုးမယ်ဗျ" သူက ရဲရဲဝံ့ဝံ့ ကြေညာသည်။

ဘရောင်း ဖြုံသွားသည်။ " သားနာမည် ဘယ်လိုခေါ်လဲကွ " သူ က မေးလိုက်မိသည်။

" အိုရင်သယ် ဂျိမ်း(စ) ပါ ၊ သူငယ်ချင်းတွေကတော့  အိုဂျေလို့ အတိုကောက်ခေါ်ကြပါတယ်" ကောင်လေးက ပြန်ဖြေသည်။

နောက်ပိုင်းတွင်မူ အိုဂျေ ဆင်မဆင်ဆိုသော ထိုအရိုးပျော့နှင့် ကောင်လေးသည် ထူးချွန်ထင်ရှားသော ဘောလုံးသမားတစ်ဦး တကယ်ဖြစ်လာခဲ့သည်။ထိခိုက်ဒဏ်ရာကြောင့် ဘောလုံးလောကမှ စောစီးစွာ နုတ်ထွက်ခဲ့ရသည့်အချိန်၌ ဂျင်(မ)ဘရောင်း တင်ခဲ့သည့်စံချိန် များအနက် သုံးခုမှအပ ကျန်အားလုံး ကို သူချိုးနိုင်ခဲ့သည်။

လူတစ်ယောက်ကို ထက်သန်တက်ကြွအောင် နှိုးဆွပေးသည့်နေရာ၌ ရည်မှန်းချက်ပန်းတိုင် ချမှတ်ခြင်းလောက် အင်အား ပြင်းသောအရာ မရှိပါ။ ထို့ကြောင့်

ပန်းတိုင် ခိုင်ခိုင်ချပါ ။ ပြီးလျှင် အဲသည်အတိုင်း တကယ်ဖြစ်အောင် စွမ်းဆောင်ပါ။

မူရင်း ။ ။ DAn Clark ၏ Make It Come True.

ဖေမြင့်၏

နှလုံးသား အာဟာရ စာအုပ်မှ

နောက်ထပ် ခေါင်းစဉ်များကို လည်း ဆက်လက် ရေးသား ဖော်ပြပေးသွားပါအုံးမယ်ခင်ဗျာ..

zawtk...

Sunday, December 20, 2009

ပြဿနာ ဖြေရှင်းပုံ

ပြဿနာ  ဖြေရှင်းပုံ(Problem Solving)နှစ်မျိုးရှိတယ်
တစ်မျိုးက "ပြသနာကို အဓိကထားတဲ့ နည်း(Problem Oriented Method)"ပါ။
နောက်တစ်မျိုးကတော့ . . . . .။
"အဖြေကို အဓိက ထားတဲ့ နည်း(Solution-Oriented Method)"ပါ။


ပထမနည်းက "ပြသနာကို အဓိကထားတဲ့ နည်း(Problem Oriented Method)"ပါ။

မိသားစုတစ်စု ရှိတယ်ဆိုပါကြပါစို့ ။
အဖေရယ်... အမေရယ်...အစ်မဖြစ်သူရယ်၊ မောင်လေးရယ်... ပေါ့။
မောင်လေးဖြစ်တဲ့ သူက အတော်ငယ်သေးတယ်။လမ်းလျှောက်တတ်
ခါစ ဆိုပါတော့...။
ဟိုဟိုဒီဒီ သွားရင်း ဟိုဟာ လှမ်းကိုင် ဒီဟာလှမ်းဆွဲ လုပ်ရင်း...
ဗြုန်းဆို . . . ရေအိုးစင်က ဖန်ခွက်ကို လှမ်းဆွဲ လိုက်မိတယ်။
"ခွမ်း"ခနဲ မြည်ပြီး ကြမ်းပေါ်မှာ ဖန်ခွက် အကွဲအကြေ အစအနတွေ ဖွေးသွားရော။
အစ်မ ဖြစ်တဲ့ သူက ကမန်းကတန်း ပြေးလာပြီး သူ့ မောင်လေးရဲ့  ကျောပြင်ကို
" ဗြန်း" " ဗြန်း" နဲ့ နှစ်ချက်လောက် စိတ်ရှိလက်ရှိ ရိုက်ပစ်လိုက်တယ်။
ဒီလောက်ဆော့ရပါ့မလား... ပေါ့လေ။
ပြောလဲ ပြော ၊ ရိုက်လဲ ရိုက်နဲ့ ...။ကလေးငိုသံ ကတော့ ကြွက်ကြွက်ညံရော...။
အဲဒီအချိန်မှာပဲ အမေလုပ်တဲ့သူက လက်လှမ်းမှီရာ သနပ်ခါးတုံးနဲ
့ သူ့ သမီးကို လှမ်းပစ်လိုက်တယ်...။"ကလေးကို ရိုက်မနေနဲ့ ... ညည်းကို က အသုံးမကျတာ။
ဖန်ခွက်ကို ကလေးမမှီတဲ့  နေရာမှာထားပါလို့ ငါ ဘယ်နှစ်ခါ ပြောရမလဲ။
စည်းကမ်း မရှိတဲ့ ဟာမ"
သမီး ကလည်း ခွန်းတုံ့ မခံဘူး။ အမေကို ကက်ကက်လန် ပြန်ရန်တွေ့ တယ်။
ဆူကြ၊ ရိုက်ကြနဲ့  ငရဲပွက်နေတုန်း...အဖေဖြစ်တဲ့ သူက မိန်းမကို အပြစ်တင်ပြန်ရော...
"ကလေးတွေက ဘာသိမှာတုန်း ။နင်က အဲသည်လို ကွဲတတ်မှန်းသိရင် ဘာလို့ ဖန်ခွက်ဝယ်သေးလဲ။
စတီးခွက်ဝယ်ပါလား နလပိန်းတုံးမရဲ့ "
"ရှင်ပေးတဲ့  ပိုက်ဆံက ဘယ်လောက်များ ရှိလို့  စတီးခွက် ၀ယ်နိုင်ရမှာလဲ...။
ပိုက်ဆံလေး ခြောက်ပြားတစ်ပဲ နဲ့  အလကား ဘာမှ သုံးမရတဲ့ ယောင်္ကျားကို ယူထားမိတာကိုး"
အဲသည်မှာတင် လင်နဲ့  မယား ထသတ်ပြီး ၀ုန်းဒိုင်းကြဲတော့တာပဲ။
ကဲ...ဒီအဖြစ်အပျက်ကနေ ကျွန်တော်တို့  ဘယ်လို အချက်တွေကို
သင်ခန်းစာ ယူနိုင်သလဲ။
ပြသနာကို ရှေ့ တန်းတင် ရင်းနဲ့  ဖြေရှင်းတဲ့ ဆီ မရောက်ပဲ တစ်ယောက်ကို တစ်ယောက်
အပြစ်တွေ တင်လိုက်တော့ ပြသနာတွေ ပိုပိုပြီး ပွားမလားဘူးလား။

နောက်တစ်နည်းက တော့ "အဖြေကို အဓိက ထားတဲ့ နည်း(Solution-Oriented Method)"ပါ။

ဥပမာ ကတော့ စောစောက မိသားစုနဲ့ တထပ်တည်းပဲ ဆိုပါတော့။
အဖေရယ် ၊ အမေရယ်၊ အစ်မရယ်၊ မောင်လေးငယ်ငယ်လေးတစ်ယောက်ရယ်...။
ဖြစ်ရပ်ကလဲ စောစောကအတိုင်းပဲ ။ ကလေးက ဖန်ခွက်ကို လှမ်းဆွဲတယ်...၊
ဖန်ခွက်ကျပြီးကွဲတယ်။
***(ဒီနေရာမှာ မတူညီတဲ့ ပြသနာဖြေရှင်းပုံကို သတိထားပြီး ကြည့်ရအောင်)
အစ်မဖြစ်တဲ့သူက ကမန်းကတန်းပြေးသွားပြီး...
"ဖယ်... ဖယ်...မောင်လေး ဖန်ကွဲစတွေ စူးမယ်"
လို့ ပြောရင်း ကလေးကိုပွေ့ ချီလိုက်သည်။ တစ်ဆက်တည်းမှာပဲ သူ့ အမေဘက်ကို
လှည့်ပြီး...
"မေမေ... မောင်လေးကို မရိုက်ပါနဲ့ ၊ သမီး ကိုယ်တိုင်က ဖန်ခွက်ကို
အစွန်မှာ တင်ထားခဲ့ မိလို့ ပါ"
"အို ...သမီးကလဲ စိတ်မကောင်း မဖြစ်ပါနဲ့ ၊ ဖန်ခွက်ဆိုတာ ကွဲ တတ်တဲ့ ပစ္စည်းပဲ ...၊
တစ်ချိန်မဟုတ် တစ်ချိန်မှာ ကွဲ မှာပဲ"
ပြောပြောဆိုဆိုနဲ့  အမေက တံမြက်စည်းတစ်ချောင်းကို ဆွဲယူပြီး
ဖန်ကွဲစတွေကို လှည်းကျင်းသိမ်းဆည်းလိုက်တယ်။
အဲဒီအချိန်မှာပဲ ဖခင်ဖြစ်တဲ့ သူက ...
"ဒီအတိုင်းဆို ကလေးအတွက် အန္တရာယ်ရှိတယ်အမေကြီးရေ...
ဖြစ်နိုင်ရင် တို့ တွေ ဖန်ခွက်အစား စတီးခွက် သုံးကြရအောင်၊ လောလောဆယ်
ပိုက်ဆံမလောက်သေးရင်လဲ ပလတ်စတစ်ခွက်ပဲ ၀ယ်ကြတာပေါ့။
အဓိက က မကွဲဖို့ ၊ မရှဖို့ ပဲ မဟုတ်လား"

ကျွန်တော်တင်ပြချင်တာက အဲဒါပါပဲ။
ဒီနည်းက အဖြေကို အဓိက ထားရှာဖွေတဲ့နည်း (Solution-Oriented Method)"ပါ။
အဲဒီ အိမ်ထောင်စု နှစ်ခုကို နှိုင်းယှဉ်ကြည့်ပါ။ပြီးတော့....
ပြသနာဖြေရှင်းတဲ့ နည်း (၂) နည်းအနက် ဘယ်နည်းကိုသုံးရင် ကောင်းမယ်ဆိုတာ
ကိုယ့်ဘာသာကိုယ်ပဲ တွေးကြည့်ကြစေချင်ပါတယ်။


မင်းခိုက်စိုးစန်

ကလေးအတွေး စာအုပ်မှ . . . .


zawtk...

ဘယ်အချိန်ထိ လျှို့ဝှက်ထားသင့်လဲ

တစ်ယောက်ယောက်ကို ချစ်နေတဲ့အခါ  ဘယ်အချိန်ထိ လျှို့ဝှက်ထားသင့်လဲလို့ မိတ်ဆွေထင်ပါသလဲ?

တောင်တန်းတစ်ခုလုံးကို အဖြူရောင်နှင်းတွေနဲ့ ဖုံးလွှမ်းထားတယ်။
လေတစ်ချက်အဝေ့မှာ နှင်းမှုန်တွေက စက်ဝိုင်းသဏ္ဍာန် ဘယ်ညာယိမ်းကလို့...
လူသူအရောက်အပေါက်နည်းတဲ့ ဒီတောင်ကို နှင်းတွေက ကြီးစိုးချင်သလို
ကြီးစိုးဝါးမြိုထားကြတယ်။

မတ်စောက်တဲ့ တောင်စောင်းတစ်နေရာမှာ လူနှစ်ယောက် ဖြေးဖြေးချင်း
ရွေ့လျားနေတယ်။ သူတို့က တောင်တက်သမားတွေဖြစ်ပြီး လမ်းတစ်ဝက်မှာ
နှင်းမုန်တိုင်းမိခဲ့လို့ လမ်းမှားလာကြသူတွေ ဖြစ်တယ်။ သူတို့က
တစ်ဦးအပေါ်တစ်ဦး တိတ်တခိုး ချစ်ကြိုက်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေ
ဖြစ်တယ်။ တောင်တက်တဲ့ ခရီးစဉ်ကို ကောင်လေးစခဲ့တာဖြစ်တယ်။

နှင်းမိုးက ရွာလေသည်းလေဖြစ်နေတယ်။ ခြေတစ်လှမ်းတိုင်း သူတို့ အားအင်တွေ
စိုက်ထုတ်နေရတယ်။ သူတို့နှစ်ယောက် လက်ချင်းတွဲပြီး ဒူးဆစ်ထိနက်တဲ့
နှင်းထဲကနေ ရှေ့ကိုဆက်သွားနေခဲ့တယ်။

နှင်းတွေနဲ့ သူတို့အဝတ်အစားတွေ စိုရွဲနေခဲ့တယ်။ လေအေးတစ်ချက်တိုက်တိုင်း
ပြာနှမ်းနေပြီဖြစ်တဲ့ နုတ်ခမ်းနဲ့ သူတို့ခိုက်ခိုက်တုန်အောင်
အေးခဲနေခဲ့တယ်။ လမ်းပျောက်တာ သုံးရက်ရှိပြီဖြစ်ပေမယ့် ထွက်ပေါက်ကို
သူတို့ရှာမတွေ့ခဲ့ဘူး။ အင်အားတွေလည်း ကုန်ခမ်းနေပါပြီ။ အဆိုးဆုံးက
အစားအစာတွေ မလုံလောက်တာဖြစ်တယ်။ ကောင်လေးက စားစရာအားလုံးကို ကောင်မလေးရဲ့
အိတ်ထဲထည့်ပြီး တစ်နေ့တာရဲ့ အစာကို ထိန်းချုပ်စေခဲ့တယ်။

တောအုပ်တစ်ခုအဖြတ်မှာ ကောင်မလေးချော်လဲပြီး ခြေထောက်ကို
ထိခိုက်မိသွားခဲ့တယ်။ ခန္ဓာကိုယ်ကို အနိုင်နိုင် သယ်ထားရတဲ့ ကောင်လေးက
ကောင်မလေးကို ကျောပိုးပြီး ရှေ့ဆက်ဖို့ ဘယ်လိုမှ မတတ်နိုင်ခဲ့ဘူး။
ကောင်လေးတစ်ယောက်တည်း ရှေ့ဆက်ပြီး ထွက်ပေါက်တွေ့မှ ကောင်မလေးကို
ပြန်လာကယ်ဖို့က လွဲပြီး တစ်ခြားနည်းမရှိခဲ့ဘူး။ ကောင်မလေးအတွက်
ရွက်တဲတစ်ခုကို ကောင်လေးဆောက်ပေးလိုက်တယ်။

အစာစားချိန်မှာ ကောင်မလေးက ကောင်လေးကို "ကိတ်ခြောက် ၈ချပ်ကျန်သေးတယ်။
တစ်ယောက် ၄ချပ်စီ စားရအောင်.. ရေနွေးကြိုလိုက်ပါလား" လို့ ပြောလိုက်တယ်။
ကောင်လေး ရေကြိုနေတုန်းမှာ ကောင်မလေးက ကိတ်ခြောက်တွေကိုခွဲပြီး
အိတ်ကိုယ်စီထဲ ထည့်လိုက်တယ်။ တအောင့်ကြာမှာ ကောင်လေး ပြန်ဝင်လာပြီး
ကောင်မလေးကို "ငါ ချက်ချင်း ပြန်လာခဲ့မယ်။ စောင့်နေနော် " လို့မှာပြီး
ထွက်သွားခဲ့တယ်။

အဲဒီအချိန်ထိ သူတို့ဟာ တစ်ယောက်ကိုတစ်ယောက် ချစ်ကြောင်း
ဖွင့်မပြောကြသေးဘူး။ ဒီလိုအခြေအနေမျိုးမှာ တစ်ယောက်ယောက်က ခွဲထွက်သွားရင်
ဒီခွဲခွာခြင်းက ဘယ်တော့မှ ပြန်မဆုံနိုင်တဲ့ ခွဲခွာခြင်းပဲဖြစ်တယ်။
တကယ်လို့ ရင်ထဲက အချစ်တွေကို ဖွင့်ပြောပြီးမှ သူတို့နှစ်ယောက်ထဲက
တစ်ယောက်ပဲ အသက်ရှင် ကျန်ရစ်နိုင်မယ်ဆိုရင် ကျန်ရစ်ခဲ့သူက
ဘဝတစ်လျှောက်လုံးမှာ သွားလေသူကို အောင်းမေ့တမ်းတနေတော့မယ်။ ရင်ထဲက
အချစ်တွေကို ထုတ်ဖော်မပြောဘဲ ခွဲထွက်သွားရင် ပိုကောင်းလိမ့်မယ် ထင်ပါတယ်။
ကောင်မလေးအတွက် အိပ်ရာအိတ်ကို ကောင်လေးဖြန့်ခင်းပေးပြီး နေရာကနေ
သူလှည့်ထွက်လာခဲ့တယ်။ ကောင်မလေးကို ပြန်လာကယ်ဖို့ လမ်းနေရာတိုင်းကို
ကောင်လေး အမှတ်အသားလုပ်ခဲ့တယ်။

နှင်းတောထဲမှာ စမ်းတဝါးဝါး ရှေ့ဆက်ရင်း နောက်ဆုံးမှာ ကောင်လေး
အားပြတ်ပြီး လဲကျသွားခဲ့တယ်။ သတိမလစ်ခင်မှာ ကောင်မလေးကို သူသတိရနေမိတယ်။

"သူ့အစာရေစာတွေ လုံလောက်ပါ့မလား? သူတောင့်ခံနိုင်ပါ့မလား?"

သတိရလို့ နိုးလာတဲ့အချိန် ကယ်ဆယ်ရေး ရွက်တဲထဲ သူရောက်နေတာကို
ကောင်လေးသတိထားလိုက်မိတယ်။ တောင်တက်ဖို့ ထွက်သွားပြီး ရက်အတော်ကြာ
ပြန်မလာတဲ့ သူတို့ကို မိတ်ဆွေတွေက ကယ်ဆယ်ရေးအကူနဲ့ နှင်းတောထဲ
ဝင်ရှာခဲ့တာဖြစ်တယ်။ ကယ်ဆယ်ရေးအဖွဲ့က ကောင်မလေးကို အရင်ရှာတွေ့တာဖြစ်ပြီး
ကောင်လေးအမှတ်အသား လုပ်ခဲ့တဲ့ လမ်းနောက် လိုက်ခဲ့လို့
သေလုမျောမျောဖြစ်နေတဲ့ ကောင်လေးကိုတွေ့ခဲ့တာဖြစ်တယ်။

ကယ်ဆယ်ရေးအဖွဲ့ရဲ့ ကုသပြုစုမှုကြောင့် ကောင်လေးရဲ့ကိုယ်အပူချိန်တွေ
တက်လာခဲ့တယ်။ သတိရရချင်း ကောင်မလေးကို သူမေးခဲ့တယ်။ ဘယ်သူကမှ သူ့အမေးကို
ပြန်မဖြေခဲ့ကြဘူး။ နောက်ဆုံးမှာ အဖွဲ့ခေါင်းဆောင်က စိတ်မကောင်းတဲ့
လေသံနဲ့
"သူမရှိတော့ဘူး... ရေကြိုဖို့ထွက်သွားပြီးနောက် တဲထဲကို ပြန်ဝင်ဖို့
သူအားပြတ်ခဲ့တယ် ထင်တယ်။ နှင်းပြင်မှာ အေးခဲပြီးသေနေတာကို ကျွန်တော်တို့
တွေ့လိုက်ရတယ်" လို့ ပြောလိုက်တယ်။

အဖြစ်အပျက် ၃နှစ် လွန်မြောက်ပြီးနောက် တခြားကောင်မလေးတစ်ယောက်နဲ့
ကောင်လေး မင်္ဂလာဆောင်ခဲ့တယ်။ နှင်းတောထဲမှာ သေဆုံးခဲ့တဲ့ ကောင်မလေးကြောင့်
စိတ်ထိခိုက်ခဲ့တဲ့ ကောင်လေးကို ဒီကောင်မလေးက အားပေးဖေးမခဲ့တာဖြစ်တယ်။
ကောင်လေးကို ကယ်ဆယ်ခဲ့တဲ့ ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင်လည်း ဒီမင်္ဂလာပွဲကို
လာခဲ့ပါတယ်။ မင်္ဂလာပွဲပြီးနောက် အဖွဲ့ခေါင်းဆောင်က သင်္ချိုင်းတစ်ခုကို
ရောက်လာခဲ့တယ်။ အုတ်ဂူတစ်ခုရှေ့ရပ်ပြီး ဂူပေါ်မှာကပ်ထားတဲ့ ဓာတ်ပုံကို
သူကြည့်လိုက်တယ်။ ဓာတ်ပုံထဲက ပြုံးရွှင်နေတဲ့ ကောင်မလေးကို ကြည့်ပြီး.....

"စိတ်ချပါတော့..သူမင်္ဂလာဆောင်သွာ
းပါပြီ။ သူပျော်ရွှင်နေပါတယ်...
ကောင်းကင်ဘုံမှာ စိတ်ချချ နေပါတော့ကွယ်" လို့ ပြောလိုက်တယ်။

တကယ်တော့ ကောင်မလေးက အေးခဲပြီး သေသွားတာ မဟုတ်ပါဘူး။ ကယ်ဆယ်ရေးအဖွဲ့
ရောက်သွားချိန် ရွက်တဲအိပ်ရာထက်မှာ သူလဲလျောင်းနေတာကို တွေ့ခဲ့ရတယ်။
ကောင်လေးခင်းပေးခဲ့တဲ့ အိပ်ရာထက်မှာ သူတစ်ဖဝါးမှ မခွါရက်ခဲ့ပါဘူး။
ဆာလောင်ပြီး သူသေဆုံးခဲ့တာဖြစ်တယ်။ သူ့အိတ်ထဲ ရှာဖွေကြည့်တော့
ကိတ်ခြောက်အစား ကျောက်ခဲတစ်ချို့ပဲ တွေ့ခဲ့ရတယ်။ တကယ်ဆို ကိတ်ခြောက်တွေက
၈ချပ်မကျန်ဘဲ ၄ချပ်ပဲ ကျန်ခဲ့တာဖြစ်တယ်။ ကောင်လေးကို သူတကယ်
ချစ်မြတ်နိုးခဲ့မိလို့ ကိတ်ခြောက်အားလုံး ကောင်လေးကို
ခွဲဝေပေးခဲ့တာဖြစ်တယ်။

ကယ်ဆယ်ရေးခေါင်းဆောင် သူ့ကိုတွေ့ခဲ့ချိန်မှာ သူတစ်ကိုယ်လုံး
အေးစက်တောင့်တင်းနေပါပြီ။ သူ့လက်ထဲမှာ စာရွက်တစ်ရွက်ကို တင်းတင်းလေး
ဆုတ်ကိုင်ထားတယ်။

"သူပြန်လာချိန်ထိ ကျွန်မတောင့်ခံနိုင်တော့ မဟုတ်ဘူး။ သူ့ကို
ပြောမပြပါနဲ့... သူ့ဘဝနဲ့သူ ပျော်ရွှင်နေပါစေ"

အချစ် ဘာကြောင့် လှပရသလဲ?

အချစ်လှပရခြင်းက မပြည့်စုံခြင်းကြောင့် ဖြစ်မယ်ထင်တယ်။

လူတစ်ချို့က လျှို့ဝှက်ချက်တစ်ခုကို ဘဝတစ်ခုလုံးနဲ့ သိမ်းပိုက်ထားခဲ့တယ်....

မူလစာရေးသူကိုလေးစားလျှက်


zawtk...

Saturday, December 19, 2009

သမုဒယသစ္စာ

သတ္တ၀ါတို့သည် အနိစ္စကို နိစ္စထင်၍ မာန၀င်နေကြသည်။ ဒုက္ခကို သုခထင်၍ တဏှာလောဘ ဖြစ်နေကြသည်။ အနတ္တကို အတ္တထင်၍ ဒိဠိဝင်နေကြသည်။ "တဏှာ၊ မာန၊ ဒိဠိ " ဟူသော ပပဉ္စ (သံသရာချဲ့ထွင်ရေး)တရား သုံးပါးကြောင့်သာ သတ္တ၀ါတို့ သံသရာလည်မှု ရှည်လျားနေကြရသည်ဟု ဟောတော်မူသည်။

ပပဉ္စ(သံသရာနယ်ချဲ့)တရား သုံးပါးတွင်သာမက အာသ၀၊ သြဃ၊ ယောဂ၊ နီဝရဏ၊ဥပါဒါန်၊  သံယောဇဉ်၊ ကိလေသာ စသည်တို့တွင်လည်း တဏှာလောဘသည်အဓိကဖြစ်သည်။ တစ်ဖန် လောဘနောက်တွင် အရိပ်ပမာကပ်လျက်ပါနေသော မောဟ(အ၀ိဇ္ဇာ)ကလည်း ပုလင်းမည်းအရောင်ကြောင့် ပိုမှောင်သည့်သဘာဝအတိုင်း လောဘအရောင်ကြောင့်ပှိုပိတ်မှောင်လောက်အောင် ဖုံးကွယ်ပေးနေပြန်သည်။

ထို့ကြောင့် အ၀ိဇ္ဇာ(မောဟ) နှင့်တဏှာ(လောဘ)တရား နှစ်ပါးသည် သံသရာနယ်ချဲ့ရာ၌ အရင်းခံမူလတရား နှစ်ပါးဖြစ်လာရတော့သည်။ ယင်း နှစ်ပါးအနက် အ၀ိဇ္ဇာ(မောဟ)တရားသည် အရိပ်ပမာတရားဖြစ်၍ မထင်ရှားဘဲ၊ တဏှာ(လောဘ)သာ မားမားမားမားနှင့် ထင်ရှားနေရတော့သည်။ ထို့ကြောင့် မကောင်းတရားများ၏  အခေါင်အချုပ်ကား လောဘပင်ဖြစ်တော့သည်။ ဗုဒ္ဓမြတ်စွာဘုရားက သတ္တလောကတွင် တဏှာ(လောဘ) သည် သတ္တ၀ါတို့ ဒုက္ခ ဖြစ်ခြင်း၏ အကြောင်းမှန် " သမုဒယသစ္စာ " မည်ကြောင်း ဟောတော်မူသည်။
ဦးစိန်ဝင်း (မာမက-သုတေသီ)  ၏

" ကမ္ဘာပတ်၍ဘုရားရှာခြင်း"

မှ ကောက်နှုတ်ဖော်ပြသည်။

zawtk...

တစ်ကြိမ်မှာ တစ်ခု

ကျွန်တော်တို့ မိတ်ဆွေတစ်ယောက်က လူသူရှင်းသော မက္ကဆီကို ကမ်းခြေတစ်နေရာမှာ သူတွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်တစ်ခုကို ပြောပြသည်။

နေ၀င်ဆည်းဆာအချိန်ကမ်းခြေ မှာ သူတစ်ယောက်ထည်း လျှောက်သွားရင်းက ဟိုအဝေးဆီမှာ လူတစ်ယောက်လှမ်းမြင်ရသည်။ နည်းနည်းနီးလာတော့ ဒေသခံ တစ်ယောက်ဖြစ်ကြောင်း သတိပြုမိသည်။ သည်လူက ကမ်းခြေသောင်စပ်မှာ ကုန်းကုန်း ကုန်းကုန်းနှင့်သွားနေရာက တစ်စုံတစ်ရာကို ငုံ့ကောက်ကာ ပင်လယ်ရေထဲလွှင့်ပစ်သည်။ သည့်နောက် အဲသည်လိုပဲ နည်းနည်းလျှောက်သွားလိုက် တစ်ခုခုတွေ့လျှင် ကောက်ယူလိုက် လွှင့်ပစ်လိုက် လုပ်နေသည်။

ကျွန်တော်တို့ မိတ်ဆွေ သူ့အနားရောက်သွားပြီး သေသေချာချာ ကြည့်တော့ လှိုင်းနှင်ပါလာပြီး သဲသောင်ပြင်ပေါ် တင်ကျန်နေသည့် ကြယ်ငါးတွေကို ရေထဲ ပြန်ပစ်ထည့်ပေးနေခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။

သည်လူ ဘရည်ရွှယ်ချက်နှင့် လုပ်နေသလဲ ကျွန်တော်တို့မိတ်ဆွေ စဉ်းစားမရဖြစ်သွားသည်။ သို့နှင့် သူ့ကိုနှုတ်ဆက်ပြီး တည့်တည့်ပင် မေးကြည့်သည်။ " မသိလို့မေးပါရစေဗျာ၊ မိတ်ဆွေ ဘာလုပ်နေတာပါလိမ့်"

" ကြယ်ငါးတွေ သမုဒ္ဒရာထဲ ပြန်ပို့ပေးနေတာလေ၊ ခင်ဗျား မြင်တဲ့အတိုင်း ပဲ ၊ အခု ဒီရေကျချိန် သောင်ပြင်ပေါ်မှာ တင်ကျန်ခဲ့တဲ့ကောင်တွေဟာ ရေတက်တဲ့ အချိန်ရောက်အောင် ဒီမှာ အကြာကြီးစောင့်နေရမှာ ၊ ဒါပေမယ့် အဲဒီလောက်ကြာရင် အောက်ဆီဂျင်ပြတ်ပြီး သေမှာပဲ"

" ဟုတ်ကဲ့၊ အဲဒါတော့ ကျွန်တော်လဲ သဘောပေါက်ပါတယ်"  ကျွန်တော်တို့ မိတ်ဆွေက ဆိုသည်။ " ဒါပေမယ့် ဒီကမ်းခြေတစ်လျှောက်မှာ ကြယ်ငါးတွေ ထောင်ချီပြီးရှိနေမှာပေါ့ဗျာ.၊ အဲဒီကောင်တွေအားလုံး ခင်ဗျား ဘယ်လိုလိုက်ကောက်မလဲ၊ တစ်ယောက်ထည်း မနိုင်နိုင်ဘူးလေဗျာ၊ ပြီးတော့စဉ်းစားကြည့်၊ ဒီကမ်းရိုးတန်း တစ်လျှောက်လုံးဆိုရင် ခုလို သဲသောင်ပြင်ပေါင်း ရာချီရှိမှာပေါ့၊ ဒီသောင်စပ်တိုင်းမှာ ရှိနေမယ့် ကြယ်ငါးတွေ ဘယ်လိုလုပ်မလဲ၊ သူ့သဘာဝနဲ့သူ ဖြစ်နေတာ ခင်ဗျားတစ်ယောက်ကြောင့် ဘာတွေ ထူးခြား ပြောင်းလဲသွားနိုင်မလဲ"

ဒေသခံပုဂ္ဂိုလ်က ပြုံးသည်။ နောက်ထပ် ကြယ်ငါးတစ်ကောင် ကောက်သည်။ ထို့နောက် " တခြားကောင်တွေအတွက် မထူးခြားပေမယ့် ဟောဒီ ကြယ်ငါးတစ်ကောင်အတွက်တော့ ထူးခြားသွားတာပေါ့ဗျာ" ဟုတ် ဆိုကာ ပင်လယ်ရေထဲ လှမ်းပစ်ထည့်လိုက်လေသည်။......

မူရင်း ။   ။ Jack Canfield နှင့် Mark V. Hansen တို့၏ One At Time.

ဖေမြင့်၏

နှလုံးသား အာဟာရ စာအုပ်မှ

နောက်ထပ် ခေါင်းစဉ်များကို လည်း ဆက်လက် ရေးသား ဖော်ပြပေးသွားပါအုံးမယ်ခင်ဗျာ..

zawtk...

အဲသည်လို အစ်ကိုမျိုး

ကျွန်တော့်သူငယ်ချင်း ပေါလ်မှာ ခရစ္စမက် လက်ဆောင်အဖြစ် သူ့အကိုကြီးထံမှ ကားတစ်စီး ရသည်။

ခရစ္စမတ် အကြိုနေ့မှာ သူ့ရုံးခန်းက ထွက်လာတော့ လမ်းဘေးမှာ ကောင်လေးတစ်ယောက်က တောက်ပသော သူ့ကားသစ်ကြီးကိုသဘောကျစွာ လှည့်ပတ်ကြည့်နေတာ မြင်ရသည်။ ကြည့်ရုံနှင့် အားမရသေးဟန်ဖြင့် ကောင်လေးက မေးသည်။

" ဒါ အစ်ကို့ကား " တဲ့ ။

ပေါလ်က ခေါင်းညိတ်ပြီး " အေးကွ၊ ငါ့အစ်ကိုက ခရစ္စမတ် လောက်ဆောင်ပေးတာ" ဆိုတော့ ကောင်လေး အံ့အားသင့်သွားသည်။

" ဟာ.. ခင်ဗျားအစ်ကိုက ခင်ဗျားကို အလကား ပေးတာ.. ဟုတ်လား၊ ခင်ဗျား ပိုက်ဆံ တစ်ပြားမှ မကုန် ဘူးပေါ့၊ ဟာဗျာ... ကျွန်တော်သာ ဆုတောင်းလို့ရမယ် ဆိုရင်..." ဆိုပြီး ကောင်လေး ရပ်နေသည်။

သို့သော် ကောင်လေးထံမှ နောက်ထပ်ကြားလိုက်ရသောစကားကြောင့် ပေါလ် ကြက်သီးမွေးညင်း ထသွားသည်။

" ကျွန်တော် အဲဒီလို အစ်ကိုမျိုး ဖြစ်ချင်လိုက်တာဗျာ " တဲ့။

ကောင်လေး ကို သူ အံ့အားသင့်စွာ ငေးကြည့်နေမိသည်။ ထို့နောက်မှ ရုတ်တရက် ဘယ်လိုဖြစ်သွားသည်မသိ။ "မင်း ငါ့ကား လိုက်စီးကြည့်မလား " ဟုမေးမိသည်။

"ဟုတ်ကဲ့၊ စီးချင်တာပေါ့ခင်ဗျာ"

ကားစီးပြီး ခဏလေး ကြာတော့ ကောင်လေး က ပေါလ်ဘက်သို့ လှည့်ကာ " အကိုရေ..ကျွန်တော်တို့ အိမ်ဘက် လှည့်မောင်းပေးလို့ ရမလားဗျ" ဟုမေးသည်။

သူ့မျက်လုံးတွေ တောက်ပနေတာ ကြည့်ပြီး ပေါလ် ပြုံးမိသည်။ ကောင်လေး စိတ်ထဲ ဘာရှိနေသလဲ သူတွေးမိသည်။ သူ ကားသစ်ကြီးစီးပြီး အိမ်ပြန်လာတာ အိမ်နီးနားချင်းတွေကို ကြွားချင်ပုံပဲ။

သို့သော် သည်တစ်ခါလည်း ပေါလ် မှားပြန်ပါသည်။

" ဟိုလှေကားနှစ်ဆင့်  နဲ့ အိမ်ရှေ့ ရပ်ပေးပါဗျာ" ကောင်လေး က ဆိုသည်။

လှေကားထစ်တွေ သူပြေးတက်သွားသည်။ ခဏလေးကြာတော့ ပြန်လာနေသံ ကြားရသည်။ တက်သွားတုန်းကလိုမမြန်။ သူက ကလေး တစ်ယောက်ကို ချီယူလာခြင်း ဖြစ်သည်။ ခြေမသန်သော သူ့ညီလေး။ သူက ညီလေးကို အောက်ဆုံးလှေကားထစ်မှာ ထိုင်ခိုင်းသည်။သူ့လက်တစ်ဖက်က ညီလေးကို တင်းတင်းဖက်ထားပြီး ကားကို ပြသည်။

"ဟောဒီမှာ တွေ့လား ညီလေး၊ အပေါ်ထပ်မှာတုန်းက အစ်ကိုကြီး ပြောတာလေ၊ ဒါသူ့အစ်ကိုကြီးက ခရစ္စမတ်လက်ဆောင်ပေးတာတဲ့၊ သူ့ပိုက်ဆံ တစ်ပြားမှ မကုန်ဘူး၊ နောက်ကျရင် အစ်ကိုကြီးလည်း ညီလေးကို ဒါမျိုးကား တစ်စီး ၀ယ်ပေးမယ်။ အဲဒီအခါကျတော့ ညီလေးကို အစ်ကိုကြီးပြောတဲ့ ခရစ္စမတ် အရာင်းဆိုင်တွေမှာ ပြထားတဲ့ အလှအပပစ္စည်းမျိုးစုံတွေ  ညီလေးလိုက်ကြည့်နိုင်မှာပေါ့ကွ" တဲ့၊ သူက အားပါးတရပြောနေသည်။

ပေါလ် ကားထဲက ထွက်လာပြီး ခြေမသန်သော ကလေးငယ်လေးကိုချီ၍ ကားရှေ့ခန်းထဲထည့်သည်။ အကိုလုပ်သည့်ကောင်လေးက ၀မ်းသာအားရ သူ့ညီလေးဘေးမှ ၀င်ထိုင်လိုက်သည်။

အဲသည့်နေ့က သူတို့ သုံးယောက် လျှောက်လည်ကြသည့် အတွေ့အကြုံမှာ သုံးယောက်လုံး အတွက် တစ်သက် မမေ့နိုင်စရာ ဖြစ်ခဲ့သည်။

အထူးသမြင့် ပေါလ်အဖို့ သင်ခန်းစာ တစ်ခု မှတ်မှတ်သားသား ရခဲ့သည်။ ယူရခြင်းအရသာထက် ပေးရခြင်းကြောင့် ဖြစ်သော ပီတိက ပို၍ နှစ်သက်ဖွယ် ချိန်မြိန်လှ၏ ..... ဟူသော အသိတရား..။

မူရင်း။   ။ DAn Clark ၏ A Brother Like That.

ဖေမြင့်၏

နှလုံးသား အာဟာရ စာအုပ်မှ

နောက်ထပ် ခေါင်းစဉ်များကို လည်း ဆက်လက် ရေးသား ဖော်ပြပေးသွားပါအုံးမယ်ခင်ဗျာ..

zawtk…

ကောင်လေးနဲ့ ခွေးကလေး

စတိုးဆိုင်ပိုင်က ဆိုင်တခါးဝမှာ ဆိုင်းဘုတ်အသစ်တစ်ခု ထပ်ချိတ်သည်။

"ခွေးပေါက်ကလေးများ ရောင်းရန်ရှိသည်" တဲ့။

သည်ကြော်ငြာမျိုးကို ကလေးတွေ အလွန် စိတ်ဝင်စားသည်။  သူတို့က ခွေးချစ်တက်သူများ မဟုတ်လား။ ခဏအကြာမှာပင် ကလေးတစ်ယောက် ဆိုင်ပေါက်ဝသို့ ရောက်လာသည်။

" ခွေးလေးတစ်ကောင် ဘယ်လောက် ရောင်းသလဲ ခင်ဗျ" သူက မေးသည်။

"ဒေါ်လာ ၃၀ က ၅၀ အထိဈေးအစားစားရှိတယ်" ဆိုင်ရှင်က ဖြေသည်။

ကောင်လေးက သူ့အိတ်ထဲမှာ ရှိသည့် ပိုက်ဆံ အကြွေတွေ နှိုက်ထုတ်သည်။ " ကျွန်တော့မှာ ၂ ဒေါ်လာနဲ့၃၇ ဆင့်ပဲ ရှိပါတယ်၊ ခွေးလေးတွေ ကို ကျွန်တော်ကြည့်လို့ရမလားခင်ဗျ"

ဆိုင်ရှင်က ပြုံးသည်။ ထို့နောက် ခွေးအိမ်ထဲမှာ ရှိနေသည့် ခွေးမကြီးကို လေချွန်ပြီးခေါ်လိုက်သည်။ ခွေးမကြီးဆိုင်ခန်းထဲ ပြေးဝင်လာတော့ သူ့နောက်က ခွေါ်ပေါက်ကလေး ငါးကောင် တန်းစီ၍ လိုက်ပါလာသည်။ ပိစိကွေးလေးတွေ၊ အမွေးက သိပ်ရှည်တော့ တစ်ကိုယ်လုံး အမွှေးတွေ ဖုံးကာလုံးနေသည်။ အဲသည်အထဲမှ တစ်ကောင်က ဟိုးနောက်မှာ ပြတ်ကျန်ခဲ့သည်။ သူက ထော့တီး ထော့နဲ့နှင့် လမ်းမလျှောက်တက်သလို။

ကောင်လေးက သည်ဟာလေး မြင်တော့ ချက်ချင်း စိတ်ဝင်စား သွားသည်။

" ဒီခွေးလေးက ဘာဖြစ်တာလဲ ဟင်"

ခွေးလေး မှာ မွေးကတည်းက တင်ပါးဆုံ အရိုးခွက်ပါမလာသဖြင့် တစ်သက်လုံး ခြေထော့နဲ့ဖြစ်နေမည်ဟု တိရစ္ဆာန်ဆေးကု ဆရာဝန်က ပြောဆိုသည့်အကြောင်း ဆိုင်ရှင်ကြီးက ရှင်းပြသည်။

ကောင်လေး ပို၍ စိတ်ဝင်စားသွားသည်။

" ဒီခွေးလေး ကျွန်တော် ၀ယ်ချင်တယ်ဗျာ"  သူက ဆိုသည်။

" ဟာ... မ၀ယ်ပါနဲ့ကွ၊ မင်း တကယ်လိုချင်ရင် ငါပေးပါ့မယ်"

သည်စကားကြားတော့ ကောင်လေးမျက်နှာပျက်သွားသည်။ သူက မကျေနပ်သည့် အမူအရာမျိုးနှင့် ဆိုင်ရှင်ကြီးကို မော့ကြည့်ပြီးပြန်ပြောသည်။

" အလကားပေးတာ ကျွန်တော်မလိုချင်ဘူး ခင်ဗျ၊ ဒီခွေးလေးလဲ ကျန်တဲ့ခွေးတွေနဲ့ တန်းတူတန်ဖိုးရှိတာပဲ၊ တစ်ပြားသားမှ မလျှော့ပါဘူး၊ ကျွန်ေတေ တန်ဖိုး အပြည့်ပဲ ပေးမယ်၊ ဒါပေမဲ့ ကျွန်တော့်မှာ လောလောဆယ် ၂ ဒေါ်လာနဲ့ ၃၇ဆင့်ပဲ ပါတယ်၊ အခု အဲဒါယူထားပါ၊ နောက်ကို တစ်လ ဆင့်ငါးဆယ်စီ ကျေတဲ့အထိ ကျွန်တော်ဆက်ပေးပါ့မယ်"

သို့သော် စတိုးဆိုင်ရှင်က အလျှော့မပေး။

" မ၀ယ်ပါနဲ့ ကလေးရ၊ နောက်ကျတော့ မင်းစိတ်ပျက်သွားလိမ့်မယ်၊ ဒီခွေးလေးက ပြေးနိုင်လွှားနိုင်မှာ မဟုတ်ဘူး၊ မင်းနဲ့ခုန်ပေါက်ကစားနိုင်မှာမဟုတ်ဘူး"

သည်အခါကျတော့မှ ကောင်လေးက ဆိုင်ရှင်ကြီးကိုမော့ကြည့်ကာ သူ့ဘောင်းဘီအောက်နားစကို လှန်၍ ပြရင်း လေသံတိုးတိုးနှင့် ပြောသည်။

" ကျွန်တော်လဲ ကောင်းကောင်း မပြေးနိုင်ပါဘူးဗျာ၊ ပါပီလေးခမြာ မှာ သူ့ကို ကိုယ်ချင်းစာမယ့်လူတစ်ယောက်တော့ ရှိဖို့လိုမှာပေါ့" တဲ့။

ကောင်လေး၏ ဘယ်ခြေထောက်ကလေးက အတော်ဆိုးဆိုးဝါးဝါးပင် သိမ်နေ ကောက်နေကာ လမ်းလျှောက်နိုင်ရန်အတွက် သတ္တုချုပ်တံများဖြင့် အားဖြည့်ပေးထားရလေသည်။..........

မူရင်း။  ။ Dan Clark ၏  Puppies for Sale.

ဖေမြင့်၏

နှလုံးသား အာဟာရ စာအုပ်မှ

နောက်ထပ် ခေါင်းစဉ်များကို လည်း ဆက်လက် ရေးသား ဖော်ပြပေးသွားပါအုံးမယ်ခင်ဗျာ..

zawtk...

Thursday, December 17, 2009

အဘက လည်း မြင်းတစ်ကောင်ပေးလိုက်တယ်


ပုံပြင်လေးကိုသဘောကျလို့ တောသူမလေး ဘလော့မှ ကူးယူပြီး စာဖတ်ပရိတ်သတ်ကို ပြန်လည် မျှဝေလိုက်ခြင်းဖြစ်ပါတယ်။





တစ်ခါက ရွာလေးတစ်ရွာမှာ လင်မယားနှစ်ယောက်ဟာ အသက်ကြီးလာမှ သမီးလေးတစ်ယောက်ရတယ်. . . . သမီးလေးတစ်ယောက်ရတယ်. . . . သမီးလေးဟာ ငယ်ငယ်လေးကတည်းက ချူချာလှတယ်. . . . မိခင်ဖခင်တို့ ဟာ သမီးလေးကို အရိပ်တကြည့်ကြည့်နဲ့ ပေါ့. . . သမီးလေးအတွက် ကြိုးစားလုပ်ကိုင်ရင်း သူတို့ဟာ စီးပွားတက်လာသတဲ့ . . . ဒါကြောင့် သမီးလေးကို ဖူးဖူး မှုတ်ထားကြတာပေါ့. . .

ပိုသမျှ ငွေတွေကိုလည်း ရွှေတွေ ၀ယ်ပြီး သူ့ အတွက် လက်ဝတ်ရတနာ လုပ်ထားပေးတာ တစ်ဆင်စာတောင် ပြည့်သွားတာပေါ့. . . တောရွာမှာ ဒီလောက်ဟာ အတော်ချမ်းသာတဲ့ သူတွေ တတ်နိုင်ကြတာကိုး . . . ဒါပေမယ့် သူတို့ အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေတဲ့ သမီးလေးဟာ အပျိုဖြစ်ခါမှ ဆုံးပါးသွားသတဲ့. . . အဖေကြီးဟာ လည်း ၀မ်းနည်းသလို၊ အမေကြီးဟာလည်း ဖြေမဆည်နိုင်ဘူးတဲ့. . .

“သြော်သမီးလေး ၊ လက်ဝတ်ရတနာတွေကိုသော်မှ မ၀တ်သွားရပါကကော “ဆိုပြီးငိုတာပေါ့. . . .
ရက်တွေ အတော်ကြာလာပေမဲ့ အမေကြီးဟာ သမီးကို မမေ့နိုင်ဘူး ၊ နေ့စဉ် ငိုကြွေးနေတာပဲတဲ့. . . ဒါကို ကြားသိတဲ့ အကြံသမားတစ်ယောက်ဟာ အခြေအနေကို အကဲခတ်နေတာပေါ့. . . .

တစ်ရက်မှာ အကြံသမားဟာ အဘိုးကြီးအပြင်သွားနေတုန်း အမယ်ကြီးထံကိုလာသတဲ့ . . သူဟာရိုးရိုးမလာဘူး . . . ဇာတ်ထဲက နတ်ဝတ်တန်ဆာတွေ ငှားဝတ်ခဲ့ပြီး ခပ်တည်တည်နဲ့ အိမ်ထဲဝင်ခဲ့ပါသတဲ့. . . . . အိမ်ထဲရောက်တော့ ငိုကြွေးနေတဲ့ အမယ်ကြီးကို “ဟယ် သင်လူသား ၊ သင်၏ သမီး အမှာစကားရှိခဲ့တာကြောင့် ငါရောက်လာရတယ်. . . .” လို့ ဇာတ်သံနဲ့ပြောတာပေါ့. . .

ဒီတော့ အမယ်ကြီးက “ဘာများမှာလိုက်လဲ အရှင်နတ်မင်း . . “. . . “တခြားတော့မဟုတ်ပါဘူး . . သင်၏ချစ်မငြီး ထိုသမီးလေးဟာ နတ်ပြညနတ်ရွာခြောက်ထပ်မှာ ကောင်းမွန်စွာနေထိုင်နေကြောင်းပါ.” . . “သို့သော် သူ့မှာ လက်ဝတ်ရတနာရွှေငွေတွေ မပါခဲ့တာကြောင့် ကျွန်ုပ်အား လူကြုံပါး၊ အဲလေ နတ်ကြုံပါးပြီး ယူခိုင်းလိုက်ပါတယ်. ”

ဒီတော့ အမယ်ကြီးဟာ အဟုတ်မှတ်ပြီး သမီးလေးအတွက် ရည်ရွယ်လုပ်ကိုင်ထားတဲ့ လက်ဝတ်လက်စား အစုံလိုက်ကို ပေးလိုက်လေသတဲ့. . . အကြံသမားဟာ ပစ္စည်းရရခြင်း ရွာတောင်ဘက်ကို ထွက်ပြေးသွား လေသတဲ့. . . အတော်လေးကြာတော့ အဘိုးကြီးပြန်ရောက်လာတယ်. . . . ဒီအခါ အမယ်ကြီးက “သတင်းကောင်းပြောရဦးမယ်တော်ရေ ၊ ကျုပ်တို့သမီးလေးက နတ်ပြည်ရောက်နေတယ်. “. . . “ဟင်ဘယ်လိုလုပ်သိလဲ ရှင်မရယ်. “. . “စောစောကပဲ နတ်သားတစ်ပါးလာပြောသွားတယ် . . ကျုပ်တောင်မှ သမီးမှာလိုက်တဲ့ လက်ဝတ်လက်စားတွေ ထည့်ပေးလိုက်သေးတယ်. . . ”

ဒါကိုကြားတော့ အဘိုးကြီးက အလိမ်မိပြီဆိုတာကို ချက်ခြင်း ရိပ်မိတာပေါ့. . ဒါပေမယ့် အမယ်ကြီးစိတ်မကောင်း ဖြစ်မှာစိုးလို့ ဘာမှာ မပြောဘဲ “ဘယ်ဘက်ကိုသွားသလဲလို့ သာ “မေးတယ် . . တောင်ဘက်ကို လို့ အဘွားကြီး က ဖြေတော့ အဘိုးကြီးက တောင်ဘက်ကို မြင်းဒုန်းစိုင်းစီးကာ လိုက်သွားလေတယ်. . . ဒီလိုနဲ့ ခပ်လှမ်းလှမ်းမှာ သုတ်ခြေတင်နေတဲ့ နတ်ဝတ်နတ်စားနဲ့ လူတစ်ယောက်ကို လှမ်းတွေ့တာပေါ့

အဲဒီလူက နောက်ကမြင်းနဲ့လိုက်လာတဲ့ အဘိုးကြီးကိုလည်းတွေ့ရော ပြေးတော့တာပဲ တဲ့ . . အဘိုးကြီးကလိုက် . . . သူက ပြေးပေါ့လေ. . . ဒါပေမယ့် မြင်းကလူထက်မြန်တော့ မလွတ်နိုင်မှန်း သိပြီ ချုံတောထဲဝင်ပြေးပြီး ပုန်းနေလိုက်သတဲ့. . အဘိုးကြီး ဟာ အဲဒီလူ ဒီနားမှာတင် ပျောက်သွားတာ သိတော့ မြင်းပေါ်က ဆင်းပြီး ဘေးနားက ချုံထဲကို ဖြဲရှာတာပေါ့. .

ဒီအခါ ပုန်းနေသူက ချုံတစ်ဖက်ကထွက်လာပြိး အဖိုးအို ရဲ့ မြင်းကိုစီးကာ ထွက်ပြေးသွားလေသတဲ့. . . မြင်းနဲ့ပြေးသွားတဲ့ လူလိမ်ကို မမှီနိုင်တော့တဲ့အတွက် အဖိုးအိုဟာ စိတ်ပျက်လက်ပျက်နဲ့ လှမ်းအော်လိုက်သတဲ့

“သမီးကို ပြောလိုက်ပါ. . သမီးအတွက် အဘလည်း မြင်းတစ်ကောင် ပေးလိုက်ပါတယ်လို့ ”

“မိမိရဲ့ အားနည်းချက်ကို တစ်ဖက်သားသိအောင် မလုပ်ပါနဲ့ ”

“ဒါကို အခွင့်အရေး ယူပြီး မိမိကို နင်းတတ်တယ်”

“သဘာဝကို မလွန်စေနဲ့ ”

“သဘာဝလွန်ဆိုတာ တကယ်တော့ မရှိဘူး အလိမ်ခံရတတ်တယ်”

မြန်မာ့ရိုးရာ ပုံပြင်များ


ဲ( မြန်မာသူငယ်ချင်းများနေ့မှ သူငယ်ချင်း ကေခမ်းပို့ပေးတဲ့ ပုံပြင်လေးပါဖတ်ကောင်းတာနဲ့ ပြန်မျှဝေလိုက်ပါတယ်ရှင့်..)


အားလုံးကိုချစ်ခင်လေးစားလျှက်…


zawtk...



လောကနီတိ ၁၅

* အကြီးအမှူးလူကြီးမိဘတို့၏ နာယကဂုဏ် (၆) ပါးသည်ကား. . . . .
(က) သည်းခံခြင်း
(ခ) နိုးကြားခြင်း
(ဂ) ထကြွလုံ့လရှိခြင်း
(ဃ) ဝေဖန်ပိုင်းခြားတတ်ခြင်း
(င) သနားကြင်နာခြင်း
(စ) အမြော်အမြင်ကြီးခြင်း . . . . . တို့ပေတည်း။

* Patience
* Alertness
* Tenacity
* Reasoning
* Compassion
* Farsightedness are the parental and leadership virtues.


* စကားကို ဗလောင်းဗလဲမပြောမဆိုရာ။
* ဟုတ်တိုင်းမှန်ရာ တည်ကြည်စွာလျှင် တသမတ်တည်း ပြောဆိုရာ၏။
* မင်းသည်လည်းကောင်း၊ ရဟန်းသည်လည်းကောင်း၊ ပညာရှိ သူတော်ကောင်းတို့သည် လည်းကောင်း ဖြောင့်မှန်စွာလျှင် တသမတ်တည်းသာ စကားဆိုကြကုန်၏။
*ဤသဘောတရားသည်ကား ရှေးရှေးသူတော်ကောင်းတို့၏ လမ်းစဉ် လမ်းဟောင်း အကျင့်ကောင်းပေတည်း။

* Do not speak words in changing moods.
* Say truly in straight and consistent way.
* Kings, monks or the virtuous speak truly and consistently.
* This is the old traditional way of noble practice followed by ancient sages.

zawtk...

လောကနီတိ ၁၄

* ပျင်းရိသောသူ အတတ်ပညာမရနိုင်။
* အတတ်ပညာ မရှိသူ ဥစ္စာစီးပွားမရနိုင်။
* ဥစ္စာစီးပွားမရှိသူ အဆွေခင်ပွန်းကောင်း မရနိုင်။
* အဆွေခင်ပွန်းကောင်းမရှိသူ ချမ်းသာ သုခမရနိုင်။
* ချမ်းသာသုခမရှိသူ ကောင်းမှုကုသိုလ် မရနိုင်။
* ကောင်းမှုကုသိုလ်မရှိသူသည် နိဗ္ဗာန်ကို အဘယ်မှာ မျက်မှောက်ပြုနိုင်အံ့နည်း။

*One who is lazy gains no knowledge.
*One who has no knowledge gains no wealth
*One who has no wealth has no good companion.
*One who has no good companion has no solace.
*One who has no solace cannot gain merit.
*How can one find the way to Nirvana without good deeds?

zawtk...

ဦးထုပ်ထဲကနွေ

လူမမာတစ်ယောက်လိုပါပဲ။
ကမ္ဘာကြီးရဲ့ လျှာအောက်က သာမိုမီတာ ထိပ်ဖျား….
ပြဒါးတွေ
ပေါက်ထွက် လျှံကျလာတော့မတတ်
ကောင်းကင်ကြီး စုတ်ပြတ်သွားအောင် ပူတဲ့ ‘နွေ’။
အပြင်မှာ
ဖုန်မှုန်ဝါညစ်ညစ်၊ ပိုးလောက်လန်း ထူလပျစ်ထ၊
ခြောက်သွေ့ပွရှုပ်၊ သစ်ရွက်ကွဲစုတ် ဖုတ်ကပ်ပေလူး၊ စိတ်ကူးတွေဖြူဖတ်ဖြူရော်ဖြစ်၏။
အခန်းကျဉ်းလေးထဲ ညှီစို့ပူနွေး
လေအဟောင်းအဆွေးတွေ၊ ပိတ်ညပ်။
အ… သက်… ရှူ… ရ… ကျပ်… တယ်။
ငါရယ်
ပုပ်ရိနေတဲ့ ငါ့အလောင်းရယ်….။
အင်း! ထိုင်နေဖို့ပဲ ကောင်းတဲ့ ‘နွေ’။
နွေဟာ
ရန်ကုန်နဲ့မန္တလေးမြို့ကြီးနှစ်မြို့ကို
‘ရုတ်တရက်’ သုံးလက်မလောက် ပုဝင်သွားစေခဲ့။
ပြီးတော့မှ၊ ….အပူဆန့်ကိန်း နိယာမနဲ့
ပျော်ကြပြန့်ထွက်၊ ပက်လက်ကြီးတွေ စီးဆင်းကြ….။
ပြောပြစမ်းပါ
ငါ့သူငယ်ချင်းတွေ ဘယ်ရောက်နေပြီလဲ???
နွေဟာ
သူ့ဘောင်းဘီအိတ်ထဲ
ကြေကွဲခြင်းနဲ့နောင်တတွေ အပြည့်အသိပ်ထည့်ယူပြီး
ငါ့အခန်းထဲ တိတ်တိတ်ကလေး ၀င်လာခဲ့
ဟေ့… ငါ လှည့်ပြီး ဖမ်းလိုက်ရမလား။
ကောင်မလေးရေ
တစ်ခုခု အယုယခံချင်နေတဲ့ နွေဥတုအဖို့
ငါတို့ ဘာများလုပ်ပေးရင် ကောင်းမလဲ?
… … …
တောက်! နည်းနည်းတော့ နောက်ကျသွား
တကယ်ဆို၊ အားနာပါးနာပဲဖြစ်ဖြစ်
မင်းနဲ့ငါနဲ့ ချစ်ခဲ့ကြဖို့ ကောင်းတာ….
မေ၊၁၉၉၄


မင်းခိုက်စိုးစံ

zawtk...

သေးချင်းဆိုးမလေး

မင်းစိုက်စိုးစံ ရဲ့ ကဗျာလေး နှစ်ပုဒ်ကို ကဗျာ ချစ်သူတို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။

ကြည့်ကြ!!! ဟောဒါ. . .
ငါ့ရဲ့ ချစ်လှစွာသော သေချင်းဆိုးမလေး ဖြစ်ပေရဲ့။
ဘ၀ကို ...
ပေါ့ပေါ့ပါးပါး ခံယူလိုက်ပုံများ ...
မြင်လား!!! “သူမ” တစ်ကိုယ်လုံးတောင်မှ
ပါးပြီး ပေါ့နေတဲ့ပုံ။
(အဲဒီ သေချင်းဆိုးမလေးက)
“မျှော်လင့်ချက်”ဆိုတာကိုလည်း အယုံအကြည် မရှိပေဘူး။
နောက်ပြီး... သူမက
“အရူး”နဲ့ “နတ်ဘုရား”တွေကိုလည်း
အတူတူလို့ သဘောထားတတ်သေး...။
အဲဒီ သေချင်းဆိုးမလေးပေါ့!!!
ဘ၀ဟာ...
ဝမ်းနှုတ်ဆေး တစ်ခွက်လောက်တောင်မှ
အာမခံချက် မပေးနိုင်ဘူးလို့ ယူဆ၊
(အဲဒီ သူမက)
လမ်းမှာ ခဏခဏ ပြုံးပြနေတတ်သူတွေကိုလည်း
“အာရုံကြောရောဂါ ရနေတယ်”လို့ လှောင်တတ်သူ ...
အဲဒီ သေချင်းဆိုးမလေးပေါ့!!!
လောကကြီးရဲ့ အယုယခံဘို့ရာ
နေရာတစ်နေရာ ရှာရမှာကို ရှက်တတ်၊
ကြယ်သရဖူတွေ
ခြေမနဲ့ ညှပ်ပြီး ကောက်ဆောင်းဘို့ကို
ပျင်းရိတတ်သူ...။
အဲဒီ သေချင်းဆိုးမလေးပေါ့!!!
ဈေးပေါပေါ ဆက်ဆံမှုတွေကို ရွံရှာ
“မင်္ဂလာ နံနက်ပါ”လို့ နှုတ်ဆက်ခံရတာကို မုန်း၊
ကိုယ့်မျက်လုံး ကိုယ်တံခါးပိတ်ပြီး
နေမြင့်တဲ့အထိ အိပ်တတ်သူ...။
အဲဒီ သေချင်းဆိုးမလေးပေါ့!!!
တစ်နေ့ တစ်နေ့... ၂၄ နာရီပြည့်အောင် စောင့်ရတာကို စက်ဆုပ်
ထမင်းနှစ်ခါတောင် စားနေရတာကို
အလုပ်ရှုပ်တယ်လို့ ထင်တဲ့သူ...။
အဲဒီ သေချင်းဆိုးမလေးပေါ့ !!!
သူမရဲ့ အင်္ကျီလက်ရှည်အဖျားတွေကိုတောင်
အောင်အောင်မြင်မြင် မခေါက်တင်တတ်
ကြောင်ကလေးတစ်ကောင်ကို အ၀တ်ပတ်သလို
ဖိုသီဖတ်သီ နေထိုင်
(သူမ ကိုယ်တိုင်က...)
“ဘ၀”ကို ကြယ်သီးအပြည့်တပ်ပြီး ၀တ်ဆင်ရာမှာ
ကျဉ်းကျပ်တယ်လို့ ထင်တဲ့သူ။
သူမရဲ့ ဘ၀မှာ...
အချစ်ဆိုတာ ဘယ်ရှိနိုင်မလဲ !!!
မြို့ထဲက ပလက်ဖောင်းတွေပေါ်မှာ
လမ်းလျှောက်တဲ့ အခါမျိုးတောင်မှ
မျက်နှာချင်းဆိုင်က လာတဲ့သူတွေကို ရှောင်...ရှောင်ပေးရတာ
(သူမဘက်က) လိုအပ်တာထက် ပိုကျဆုံး
အတ္တတွေ ဘုန်းနိမ့်ကုန်ပြီလို့ ထင်တဲ့ မိန်းမ...။
မျက်နှာပေါ် ဆံပင်တွေ ၀ဲကျ
အဲဒီ ဖရိုဖရဲလေးပေါ့...။
(သူမက ခေါင်းဖီးရတာကို အလုပ်ပိုလို့ထင်တယ်)
“ကမ္ဘာမြေဆွဲငင်အားရှိမှတော့
ဆံပင်တွေ အောက်ကိုကျနေတာ
ဘာ မကျေနပ်စရာ ရှိသလဲ” လို့လည်း မေးရဲ့။
အဲဒီ သေချင်းဆိုးမလေးပေါ့ !!!
“နစ်ရှေး”ရဲ့ အတွေးအခေါ်ကျမ်းကို ဆွဲဆုတ်
ပလက်ဖောင်းပေါ်က ဖုန်တွေကို
အဲဒီစက္ကူနဲ့ သုတ်ပြီး ထိုင်တဲ့သူ...။
“ကျွန်မက...
ဘယ်သူ့ကို လက်ဆွဲနှုတ်ဆက်ရမှာလဲ
ဒါမှမဟုတ်.. ဘယ်သူ့ကို အမြီးနှံ့ပြရမှာလဲ..”
ကဲ!!!
အဲဒီသေချင်းဆိုးမလေးပေါ့
သူမက စိတ်အလိုမကျရင်လည်း
“ဆဲ”တတ်သေးတယ်...။
အဲဒီ သေချင်းဆိုးမလေးပေါ့...။
စိတ်ကူးနဲ့ လွမ်းရတာက
တစ်ကမ္ဘာလုံးကို ထမ်းထားရတာထက်
...ပိုလေးတယ်လို့ ယူဆ။
တစ်စုံတစ်ယောက်ကို သတိရဘို့
ဘယ်တုန်းကမှ မတက်ကြွခဲ့သူ
အဲဒီ သေချင်းဆိုးမလေးပေါ့...
“သိမ်းဆည်းစရာတွေ များလွန်းနေတဲ့ဘ၀မှာ...
ကျွန်မက... ကိုယ့်ကိုကိုယ်တောင်
သိမ်းမထားချင်တဲ့...ကောင်”လို့ ပြောခဲ့။
တကယ့်သေချင်းဆိုးမလေးပေါ့...
ဟောဒီမှာ ... မလှုပ်မယှက်ခေါက်ခွေ
အဲသည်လို နေရုံသက်သက်ကလေး နေ နေလိုက်ပုံက
ဘ၀ကို အ၀တ်ရုပ်တစ်ရုပ်လို ယူဆ
တစ်စုံတစ်ဦးက သူမကို ပစ်ချခဲ့တဲ့အတိုင်းပါပဲ...။
သူမက လောကကြီးကို ခါးပြီး
အဲဒီ ခါးသီးတဲ့ အရသာကပဲ
သူမကို ပြန်ခါးတယ်...။
နားလည်ပေးလိုက်ပါ... လောကကြီးရေ။
“ဘာများ အရေးကြီးလို့လဲ”ဆိုတဲ့ လှောင်ကြည့်နဲ့
ခင်ဗျားကို ရိသဲ့သဲ့ ပြုံးပြနေတဲ့ မိန်းမ...
သူမကတော့ မတောင်းပန်တတ်တာ သေချာတယ်။
နားသာလည်ပေးလိုက်ပါ .. လောကကြီးရေ
ဒါမှမဟုတ်.. သူမကို ခွင့်လွှတ်ပါ..။
လောကကြီးရေ...
ဒါမှမဟုတ် ... သူမကို ဦးညွှတ်ဂုဏ်ပြုပါ...
ဒါမှမဟုတ် ... သူမကို တစ်ခုခု ပြစ်ဒဏ်ခတ်ပါ...
ဒါမှမဟုတ် ...
လောကကြီးရေ... အဲဒီ သေချင်းဆိုးမကို
ပစ်သာချထားလိုက်ပါ။
“သူမ”ပေါ့...
...........
နတ်ဆိုးတစ်ပါးလည်း ဖြစ်၊
ကောင်းကင်တမန်လည်းဖြစ်၊
(အဲဒီ သေချင်းဆိုးမလေးကိုမှ)
ငါက...
လည်ပင်းညှစ်သတ်ချင်လောက်အောင်
ချစ်နေမိခဲ့တာပေါ့ကွယ်...။

မင်းခိုက်စိုးစံ



zawtk..

လောကနီတိ ၁၃


  • ဆူးကို အဘယ်သူချွန် ၍ ထက်သနည်း၊

  • သမင်မျက်လုံးကို အဘယ်သူ မျက်စဉ်းခတ်၍ကြည်လင်သနည်း၊

  • ရွှံညွန် ၌ပေါက်သော ကြာပန်းကို အဘယ်သူ ရနံ့ထည့်၍ ထုံမွှေးသနည်း။

  • သူ့သဘာဝအလျောက်သာဖြစ်ကြကုန်၏။



  • အမျိုးကောင်းသားအမျိုးကောင်းသမီးတို့မည်သည်သူတစ်ထူးအကူမရ မူလည်း

  • မိမိဘာသာကြိုးအားထုတ်ရာ၏။

  • Who sharpens the thorne to be pointed?Who put eyedrops the deer's

  • eye to be shiny? Who put scent in the lily growing in mud to

  • be fragrant?

  • Those may happen by nature.

  • The good descendents should themselves try without help.





  • ကျီးတို့ ၏ အလယ်၌ ရောနှောခြင်းဖြင့် ဟသာင်္မင်းအတွက် မတင့်တယ်။

  • နွားအုပ်အတွင်း ရောနှောနေ ခြင်းဖြင့် ခြင်္သေ့မင်းအတွက် မတင့်တယ်။

  • မြည်းအုပ်အတွင် ရောနှောနေခြင်းဖြင့် သိန္ဒောမြင်းအတွက် မတင့်တယ်။

  • သူမိုက်တို့ အလယ်၍ ရောနှောနေခြင်းဖြင့် ပညာရှိသူတော်ကောင်း အတွက် မတင့်တယ်။

  • A hamsa is out of place among crows.

  • A lion is out of place among cattle.

  • A horse is out of place among donkeys.

  • A learned man is out of place among the bad.





  • အရသာပျက်ကြောင်းတရားလေးပါ။ တို့သည်ကား-

  • ထုံးမပါသောကွမ်း။

  • ဆားမပါသောဟင်း၊

  • ဥစ္စာပစ္စည်းမရှိဘဲ ၀တ်စားတန်ဆာ ပလွှားမော်ကြွား ၀တ်ဆင်ခြင်း၊

  • ပညာမတတ်ဘဲ ပျို့၊ ကဗျာ ၊ လင်္ကာ ဖွဲဆိုခြင်းတို့ ပေတည်း။

  • What causes unsavouriness are:-

  • A betel-quid without lime.

  • Curry without salt.

  • Dressing up flauntingly without wealth.

  • Composing verse without education.





  • အကြီးအမှုး လူကြီးမိဘ တို့၏ နာယက ဂုဏ်ခြောက်ပါးသည်ကား-

  • က) သည်းခံခြင်း၊

  • ခ) နိုးကြားခြင်း၊

  • ဂ) ထကြွလုံလရှိခြင်း၊

  • ဃ) ဝေဖန်ပိုင်းခြားတတ်ခြင်း၊

  • င) သနားကြင်နာခြင်း၊

  • စ) အမြော်အမြင်ကြီးခြင်း တို့ပေတည်း။

  • Patience,

  • aLertness,

  • tenacity,

  • reasoning,

  • compassion,

  • farsightedness are the parental and leadership virtues.


လောကနီတိ ၁၂


  • တောင်တိုင်းတွင်ပတ္တမြားမရှိ။

  • ဆင်တိုင်းတွင် အမြုတေမရှိ။

  • တောတိုင်းတွင် စန္ဒကူးမရှိ။

  • အရပ်ဌာနတိုင်းတွင်လည်း ပညာရှိသုခမိန်မရှိ။



  • There is no ruby in every mountain.

  • There is no pearl in every elephant.

  • There is no sandalwood in every forest.

  • There is no sage in every place.



  • ပညာလိုလားသူသည် ပညာရှိပုဂ္ဂိုလ်ထံအရောက်သွားပြီး ပညာကိုကြိုးစား၍ဆည်းပူး သင်ယူရာ၏။



  • One who wants knowledge should get to the wise and learn seriously.




  • စည်သည်တီးမှ မြည်သကဲ့သို့ ပညာရှိ သည်လည်း သူမေးလာသောအခါမှသာ ဖြေကြားပြောဆိုလေ့ ရှိ၏။

  • သူမိုက်သည်ကား သူတစ်ပါးမေးသည်ဖြစ်စေ မမေးသည်ဖြစ်စေ လွန်မင်းစွာ ပြောဟော တတ်ပေသည်။



  • As a drum emits sound when struck the learned responds only when asked.

  • Asked or not, the uneducated speaks too much.




  • ပေပုရပိုက်စာရွက်၌ ရေးထားအပ်သော အတတ်ပညာကို ကိုယ့်အတတ်ပညာဟု မမှတ်ယူကောင်း။

  • ထို့အတူသူတစ်ပါးလက်ဝယ်၌ ရှိသော ဥစ္စာကိုလည်း ကိုယ့်ဥစ္စာဟု မမှတ်ယူကောင်း။



  • Chronicled knowledge shall not be regraded as one's own.

  • Property in the hands of other shall not be regarded as one's own.




  • လိမ္မာယဉ်ကျေးရှိမရှိကို ကိုယ်အမူအရာ နှုတ်အမူအရာအားဖြင့် သိနိုင်၏။

  • ပညာရှိသည်မရှိသည်ကို ပြောဆိုသောစကားကို ထောက်ချင့်၍ သိနိုင်၏။



  • Being cultured or not can be known by behavior.

  • Being learned or not can be known by speech.

လောကနီတိ ၁၁


  • ပထမအရွယ်ပညာရှာ၊

  • ဒုတိယအရွယ် ဥစ္စာရှာ၊

  • တတိယအရွယ် တရားရှာ။



  • Pursue education in early age.

  • Pursue wealth in middle age.

  • Purse Dhamma in old age.



  • အတတ်ပညာ မရှိသူသည် သူတစ်ပါး၏ ၀န်ကိုထမ်းရ၏။

  • အတတ်ပညာရှိသူသည် သူတစ်ပါး၏ ဂုဏ်ပြုခြင်းကို ခံရ၏။

  • ထို့ကြောင့် နေ့စဉ်နေ့တိုင်း အတတ်ပညာကို ရအောင်ကြိုးစား သင်ယူပါလော့။



  • One without knowledge has to carry other's burden.

  • One who has knowledge is honoured by others.

  • So strive daily to get knowledge.



  • မိဘတို့သည် သားသမီးကို ငယ်စဉ်ကပင် အတတ်ပညာကို သင်ပေးရ၏။

  • အတတ်ပညာကို သင်မပေးခဲ့မူ ဟင်္သာတို့ အလယ်၌ ဥဗျိုင်းငှက်သည် မတင့်တယ်သကဲ့ ပရိတ်သတ်ဗိုလ်ပုံ အလယ်၌ မတင့်တယ်ဖြစ်ရာ၏

  • အတတ်ပညာ ကင်းမဲ့သောကြောင့် သားနှင့်သမီး မိဘတို့သည် ရန်သူသဖွယ် ဖြစ်လာရ၏။


  • Parents must educate the children while young.

  • If not, they will be unbecoming-bird is unbecoming among hams as.

  • For not being educated, son and parents can turn out to be an enemy.
  • story လေးပါ

    အေးချမ်းတဲ့ မြို့လေးတစ်မြို့မှာ တစ်ဦးကိုတစ်ဦး အရမ်းချစ်ကြတဲ့
    ချစ်သူနှစ်ဦးရှိတယ်။ သူတို့ဟာ အမြဲမခွါ တစ်တွဲတွဲပဲ နေ့တိုင်း
    ပင်လယ်ဘေးကို သွားပြီး နေထွက်၊ နေ၀င်ချိန်ကို သွားကြည့်ကြတယ်။ သူတို့က
    မြင်သူတကာ အားကျတဲ့ စုံတွဲလေးပါ။

    ဒါပေမဲ့ တစ်နေ့မှာ မတော်တဆ ကားတိုက်မှုကြောင့် ကောင်မလေး အပြင်းအထန်
    ထိခိုက်ဒဏ်ရာ ရပြီး မေ့မျှောသွားခဲ့တယ်။ အိပ်ရာထဲမှာပဲ ငြိမ်သက်စွာ
    လဲလျောင်းနေရတယ်။ နေ့ဖက်ဆိုရင် ကောင်လေးက ကောင်မလေးနားမှာနေပြီး
    သူ့နာမည်ကို တတွတ်တွတ် ရွတ်ခေါ်တယ်။ ညဖက်ဆိုရင် ဘုရားကျောင်းသွားပြီး
    ကောင်မလေး ကျန်းမာလာစေဖို့ ဘုရားသခင်ထံ ဆုတောင်းတယ်။ အချိန်တွေ တဖြေးဖြေး
    ကုန်လွန်သွားခဲ့ပြီး ကောင်လေးခမျာ ငိုရလွန်းလို့ မျက်ရည်တွေတောင်
    ခမ်းလုနီးနေပြီ။ ကောင်မလေးက မေ့မျှောနေဆဲပဲ။ ဒါပေမဲ့ ကောင်လေး
    လက်မလျှော့ခဲ့ဘူး။ ဘုရားသခင်ထံ ဆုတောင်းမြဲ ဆုတောင်းတယ်။

    ဒီလိုနဲ့ တစ်ညမှာ ဘုရားသခင်က ကောင်လေးရဲ့ မလျှော့တဲ့ ဇွဲနဲ့
    ကောင်မလေးအပေါ်ထားတဲ့ မေတ္တာတရားကြောင့် သူ့အပေါ် သနားသက်ဝင်ပြီး
    မျှော်လင့်ချက် တစ်ခုပေးလိုက်တယ်။ ဘုရားသခင်က ကောင်လေးကို " ကောင်မလေးရဲ့
    အသက်ကို ကိုယ့်ဘ၀နဲ့ လှဲလှယ်နိုင်မလား" လို့ မေးတယ်။ ကောင်လေးက
    တွေဝေမနေဘဲ လှဲလှယ်နိုင်ကြောင်း ချက်ချင်းပြန်ဖြေတယ်။

    "ဒါဆိုကောင်းပြီ။ ကောင်မလေး အမြန်နှိုးလာဖို့ အသင် ပုစဉ်းဘ၀နဲ့
    သုံးနှစ်အသွင်ပြောင်းရမယ်။ သဘောတူနိုင်လား" လို့ ဘုရားသခင်က မေးပြန်တယ်။
    ကောင်လေးက မဆိုင်းမတွဘဲ သဘောတူကြောင်း ချက်ချင်း ပြန်ဖြေလိုက်တယ်။

    မိုးလင်းတာနဲ့ ကောင်လေးဟာ ပုစဉ်းတစ်ကောင် အသွင်ပြောင်းသွားခဲ့တယ်။
    ပုစဉ်းလေးက ဆေးရုံဖက်ကို အလျှင်အမြန် ပျံလာတယ်။ လူနာခန်းထဲ ၀င်ကြည့်တော့
    ကောင်မလေးက နှိုးနေပြီး ဆရာဝန်တစ်ဦးနဲ့ စကားပြောနေတာကို တွေ့တယ်။
    သူတို့ပြောနေတာတွေကို ပုစဉ်းက မကြားရဘူး။ တစ်ပတ်၊ နှစ်ပတ်နေတော့
    ကောင်မလေး ကျန်းမာလာပြီး ဆေးရုံက ဆင်းခဲ့တယ်။ ဒါပေမဲ့ သူမပျော်ဘူး။
    နေရာအနှံ့ ကောင်လေးကို လိုက်စုံစမ်းတယ်၊ လိုက်ရှာတယ်။ ကောင်လေး
    ဘယ်ပျောက်သွားမှန်း ဘယ်သူမှ မသိကြဘူး။ ကောင်လေးက ပုစဉ်းအသွင်နဲ့
    ကောင်မလေးဘေးမှာ ရစ်ဝဲ ပျံသန်းနေပေမဲ့ ကောင်မလေးကို သူခေါ်လို့ မရဘူး။
    ပွေ့ဖက်လို့ မရဘူး။ ကောင်မလေးကိုပဲ ငေးစိုက်ကြည့်နေခဲ့ရတယ်။

    ဒီလိုနဲ့ နွေရက်တွေ တဖြေးဖြေး ကုန်လွန်ပြီး ဆောင်းဦးကို ရောက်လာခဲ့တယ်။
    ဆောင်းလေညင်းတွေကြောင့် သစ်ရွက်တွေ တဖြုတ်ဖြုတ် ကြွေကုန်တယ်။ ပုစဉ်း
    ဒီနေရာက ခွာရတော့မယ်။ နောက်ဆုံးအကြိမ်အဖြင့် ကောင်မလေးရဲ့
    ပုခုံးထက်နားကို သူအရဲစွန့်ပြီး သွားနားလိုက်တယ်။ နူးညံ့တဲ့ တောင်ပံနဲ့
    ကောင်မလေးရဲ့ ပါးပြင်ကို ထိလိုက်တယ်။ သေးငယ်တဲ့ ပါးစပ်နဲ့ ကောင်မလေးရဲ့
    ပုခုံးသားကို ရှိုက်နမ်းလိုက်တယ်။ ကောင်မလေး သတိမထားမိခင်မှာ သူတိတ်တဆိတ်
    ထပျံလာခဲ့တယ်။

    မျက်စိတမှိတ်အတွင်းမှာပဲ နွေဦးရာသီကို ရောက်လာခဲ့တယ်။ နွေရောက်တာနဲ့
    ချက်ချင်းပဲ ပုစဉ်းဟာ ကောင်မလေးနားကို အရောက်ပျံသန်းလာခဲ့တယ်။ ဒါပေမဲ့
    သူရင်းနှီးတဲ့ ကောင်မလေးရဲ့ဘေးမှာ ခန့်ညားတဲ့ သူစိမ်းကောင်လေးတစ်ယောက်ကို
    သူ တွေ့လိုက်တော့ ပျံသန်းနေတဲ့ သူ့တောင်ပံတွေ လေဟာနယ် တ၀က်တပျက်မှာ
    အရပ်တန့်ခံလိုက်ရတယ်။

    လူတွေက ကောင်မလေး ကားတိုက်ခံရတာ ဒဏ်ရာတွေ ဘယ်လောက် ပြင်းထန်ကြောင်း၊
    ဒဏ်ရာတွေကို ကုသပေးတဲ့ ဆရာဝန်ဟာ ကောင်မလေးအပေါ် ဘယ်လောက် ဂရုစိုက်ကြောင်း၊
    သူတို့ရဲ့ အချစ်တွေက စံတင်ထိုက်တဲ့အကြောင်း၊ ကောင်မလေး ဘ၀က အရင်လို
    ပျော်ရွှင်ချမ်းမြေ့ နေပြီဖြစ်တဲ့အကြောင်း ပြောသံတွေကို
    ပုစဉ်းကြားလိုက်ရတယ်။ ပုစဉ်း ရင်ကွဲရပြန်တယ်။ ဆရာဝန်ကောင်လေးနဲ့
    ကောင်မလေး ပင်လယ်ဘေးသွားပြီး နေ၀င်၊ နေထွက်ကြည့်တာကို သူအမြဲတွေ့နေရပေမဲ့
    တစ်ခါတလေ ကောင်မလေးရဲ့ ပုခုံးထက်မှာ ခဏသွားနားတာကလွဲလို့ သူဘာမှ
    မတတ်နိုင်ခဲ့ဘူး။

    ပုစဉ်းလေးဟာ ရင်ထဲက ဝေဒနာတွေကို ကြိတ်မှိတ်ခံစားရင် ဒီနှစ်နွေဟာ
    ခါတိုင်းနွေထက် ပိုရှည်လျှားနေတယ်လို့ ထင်မိတယ်။ ကောင်မလေးနားမှာ
    ရစ်ဝဲပျံသန်းဖို့လည်း သူမှာ ခွန်အားတွေ ဆုတ်လျော့နေတယ်။
    ဆရာဝန်ကောင်လေးနဲ့ ကောင်မလေးရဲ့ တီးတိုးစကားပြောသံနဲ့ ရယ်သံတွေက သူ့ကို
    အသက်ရှုကျပ်စေတယ်။

    သုံးနှစ်မြောက် နွေရာသီမှာတော့ ပုစဉ်းဟာ ကောင်မလေးကို ခဏခဏ
    သွားမကြည့်တော့ဘူး။ သူနားနေကျ ကောင်မလေးရဲ့ ပုခုံးကို ဆရာဝန်ကောင်လေးက
    တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်။ သူ့တောင်ပံနဲ့ ထိနေကျ ကောင်မလေးရဲ့
    ပါးပြင်ဟာလည်း ဆရာဝန်ကောင်လေးက တယုတယနမ်းနေတယ်။ ပုစဉ်းရင်ကွဲတစ်ကောင်က
    သူ့တို့ဘေးမှာ ရစ်ဝဲနေတယ်ဆိုတာကို ချစ်တင်းနှောပြီး ကြည်နှုးနေတဲ့
    သူတို့နှစ်ယောက် သတိထားမိမှာ မဟုတ်ဘူး။ ကောင်မလေးကလည်း အတိတ်ဆိုတာကို
    လုံးဝ သတိမေ့သွားခဲ့ပြီလေ။

    သတ်မှတ်ထားတဲ့ (၃)နှစ်ဆိုတဲ့ အချိန်ကိုရောက်ဖို့ တစ်ရက်အလိုမှာ
    ကောင်မလေးနဲ့ ဆရာဝန်ကောင်လေးတို့ လက်ထပ်လိုက်ကြတယ်။ ဘုရားကျောင်းထဲ
    သူပျံဝင်ပြီး ကောင်မလေးရဲ့ ပုခုံးထက်မှာ နားလိုက်တယ်။ ကောင်မလေးနဲ့
    ဆရာဝန်ကောင်လေးရဲ့ ဘုရားသခင်ထံ သစ္စာခံယူနေတဲ့ အသံကို သူကြားလိုက်တယ်။
    ဆရာဝန်ကောင်လေးက ကောင်မလေးရဲ့ လက်ကို လက်ထပ်လက်စွပ် စွပ်ပေးပြီး
    နမ်းလိုက်တာကို သူငေးကြည့်နေမိတယ်။ သူ့ပါးပြင်ငယ်ပေါ်မှာ မျက်ရည်တွေ
    စီးကျလာခဲ့တယ်။

    "အသင် နောင်တရပြီလား" ဘုရားသခင်က ပုစဉ်းကို မေးတယ်။
    "နောင်တ လုံးဝမရပါဘူး" မျက်ရည်တွေကို သုတ်ရင်း သူပြန်ဖြေတယ်။
    "မနက်ဖြန်ဆို လူ့ဘ၀အသွင် ပြောင်းလို့ရပြီ" ဘုရားသခင်က ပြောတော့ ပုစဉ်းက
    ခေါင်းခါပြီး "ပုစဉ်းအဖြစ်နဲ့ ကျွန်တော်တစ်သက်လုံး နေပါရစေတော့။
    တစ်ချို့ကံတရားက လက်လွတ်ဆုံးရှုံးဖို့ စီရင်လာပြီးသားပါ။ တစ်ချို့ဖူးစာက
    ပေါင်းစပ်ဖို့ ကံပါမလာခဲ့ဘူး။ လူတစ်ယောက်ကို ချစ်တာ ရယူပိုင်ဆိုင်မှ
    မဟုတ်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ကို ရယူပိုင်ဆိုင်ပြီးရင်တော့
    ကောင်းကောင်း တန်ဖိုးထား ချစ်တတ်ရမယ်"

    သင့်ရဲ့ ပုခုံးပေါ်မှာရော ပုစဉ်းလေးတစ်ကောင် နားခဲ့ဖူးသလား....?
    သင်ကော ပုစဉ်းလေးတစ်ကောင် ဖြစ်ခဲ့ဖူးသလား......?

    ဟိုး...အရင်တုန်းက forword mail မှာဖတ်ခဲ့ရတဲ့ပုံပြင်လေးကို သိမ်ထားမိရာကနေ ပြန်လည်ဖတ်မိတဲ့အတွက် ပြန်လည်မျှဝေလိုက်ခြင်းဖြစ်ပါတယ်။

    zawtk..

     
    ^ထိပ်ဆုံးသို့