မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Friday, December 4, 2009

ဘ၀လွတ်မြောက်ရေး...


မြတ်ဗုဒ္ဓက ဘယ်တုန်းကမှ သူဟာ လောကကြီးတစ်ခုလုံးမှာရှိတဲ့ သတ္တ၀ါအားလုံးကိုကယ်တင်တော်မူမည့် ကယ်တင်ရှင် ဘုရားဖြစ်တယ်လို့ဟောကြားတော်မူခဲ့ခြင်းမရှိပါ။ မြတ်ဗုဒ္ဒအနေနဲ့ မိမိကိုယ်ကို မြတ်သောမဂ္ဂင်လမ်းကြောင်းအတိုင်း ကျင့်ကြံပြီး ၀ဋ်ဒုက္ခသံသရာကြီးထဲက ထွက်မြောက်ခြင်းကို အလိုရှိကြတဲ့ အကျင့်၊ သီလ၊ စရဏနှင့်ပြည့်စုံပြီးဖြစ်တဲ့ ဝေနေယျများကိုကူညီပေးဖို့အတွက်သာပွင့်တော်မူလာခြင်းဖြစ်တယ်။
မြတ်ဗုဒ္ဒဟောကြားတော်မူသော မူလဒေသတော်ထဲတွင် 'ကယ်တင်ခြင်း' ဆိုသောစကားလုံးပင်မပါချေ။ မြတ်ဗုဒ္ဓ၏မိတ်ဆက်နည်းလမ်းထဲတွင် လူတိုင်းလူတိုင်းသည် မိမိတို့ဘာသာကိုယ့်ကိုယ့်ကိုယ်သန့်ရှင်းစင်ကြယ်အောင် လေ့ကျင့်အားထုတ်ခြင်းဖြင့်သာ မိမိ၏ဘ၀လွတ်မြောက်ရေးကို ကိုယ်တိုင် မြတ်ဗုဒ္ဓ၏လမ်းညွှန်သောအဆုံးအမ အတိုင်းလိုက်နာလုပ်ဆောင်ကြဖို့သာပါတယ်။ မြတ်ဗုဒ္ဓ၏ ဆုံးမတော်မူသော အောက်ပါသြ၀ါဒကို မမေ့မလျော့သတိချပ် သင့်တယ်။
"သင်တို့သည် ကိုယ်တိုင်အားထုတ်ကြကုန်လော့။ ဘုရားရှင်တို့သည် လမ်းမှန်ကို ညွှန်ကြာရုံမျှဖြစ်၏။ ကျင့်ကြံကုန်၍ ကိလေသာကို ရှို့မြှိုက်ကြကုန်သောသူတို့သည်သာ မာရ်နတ်မင်းအနှောင်အဖွဲ့မှလွတ် မြောက်နိုင်ကုန်၏"



(ဓမ္မပဒ - ၂၇၆)

ဆန်းလွင်(ရှင်အာဒိစ္စရံသီ) "ဗုဒ္ဓဘ
ာသာကိုးကွယ်


zawtk...

1 comments:

ZeroX said...

သိပ်မှန်တာပေါ့ဗျာ.

 
^ထိပ်ဆုံးသို့