မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Sunday, December 13, 2009

လောကနီတိ ၎


  • တတ်လှစွာသော စောင်းသမားသည် စောင်းနှင့်ငါးရက် ကင်းကွာမူ စောင်းတီးပျက်တတ်၏။

  • တတ်လှစွာသော လေးသမားသည် လေးနှင့် ခုနှစ်ရက် ကင်းကွာမူ လေးမြားချိန်သား ပျက်တတ်၏။

  • အိမ်သူမယားကောင်းသည် လင်နှင့် တစ်လကင်းကွာမူ အမူအကျင့်ဖောက်ပြားတတ်၏။

  • တပည့်တို့သည်ကား ဆရာနှင့် တစ်လခွဲမျှ ကင်းကွာမူ ပညာရည်ပျက်တတ်၏။





  • A good harpist may lose skill after separation of five days from harp.

  • A good archer may lose skill after separation of seven days from bow.

  • A good wife may lose in the haviour after separation of one month from her husband.

  • Pupils may lose in qualification after separation of about half a month from teacher.





  • ကျွဲသည် ရွံ့ညွန်၌သာ မွေ့လျော်၏။

  • ဟင်္သာသည် ရေကန်၌သာ မွေ့လျော်၏။

  • မိန်းမသည် ယောကျာ်း၌သာ မွေ့လျော်၏။

  • ရဟန်းသည် တရား၌သာ မွေ့လျော်၏။





  • Buffalo delights in mud.

  • Duck delights in pond.

  • Woman delights in man.

  • Priest delights in virtue. (Dhamma)





  • ထမင်းကို အစာကြေမှ ချီးမွမ်းရာ၏။

  • မယားကို အရွယ်လွန်မှ ချီးမွမ်းရာ၏။

  • စစ်သည် ရဲမက်ကို စစ်အောင်ပြီးမှ ချီးမွမ်းရာ၏။

  • ကောက်နှံစပါးကို ကျီသို့ရောက်မှ ချီးမွမ်းရာ၏။





  • One should praise meal after being digested.

  • One should praise wife after she is over age.

  • One should praise solider after winning battle.

  • One should praise paddy after being harvest and stored in ware-house.


zawtk...

0 comments:

 
^ထိပ်ဆုံးသို့