မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Monday, December 21, 2009

ဆပ်ကပ်

ကျွန်တော် လူပျိုပေါက် အရွယ်လောက်က ဖြစ်သည်။ အဖေ နှင့် ကျွန်တော် ဆပ်ကပ်ပွဲအတွက် လက်မှတ်တန်းစီနေကြသည်။ အတော်ကြာ စောင့်ဆိုင်းပြီး သည့်နောက်တွင် စောင့်ဆိုင်းပြီးသည့်နောက်တွင် လက်မှတ်ပေါက်နှင့် ကျွန်တော်တို့ ကြာ်းမှာ မိသားစု တစ်ခုသာ ကျန်လေသည်။

သည်မိသားစုကို ကြည့်ပြီး ကျွန်တော် သဘောကျနေမိသည်။ ကလေးချည်း ရှစ်ယောက်ပါသည်။ တစ်ယောက်မျှ အသက် ၁၂ နှစ်ပြည့်သေးပုံမရပေ။ သူတို့ အသွင်အပြင်တွေကြည့်ယုံဖြင့်ပင် ငွေကြေးပြည့်ပြည့်စုံစုံထဲက မဟုတ်ကြောင်း သိနိုင်သည်။ အ၀တ်အစား တွေက အဖိုးတန်ထဲက မဟုတ်။ သို့သော်သပ်သပ်ရပ်ရပ်ရှိသည်။ ကလေးတွေ က အမူအရာယဉ်ကျေးသည်။ မိဘများနောက်မှာ နှစ်ယောက်တစ်တွဲ လက်ချင်းချိတ်ပြီးတန်းစီနေကြသည်။ သို့သော် နှုတ်ကမူ ညဘက်တွင် သူတို့ကြည့်ရမည့်ဆပ်ကပ်လူပြက်များ၊ ဆင်လိမ္မာများနှင့် အခြားပြကွက်များ အကြောင်းကို အားတက်သရော ပြောဆိုနေကြသည်။ သူတို့လေးတွေခမြာ ဆပ်ကပ်ပွဲ တစ်ခါမျှ ကြည့်ဖူးကြဟန်မတူ။ သည်ညကတော့ သူတို့ဘ၀မှာ တကယ့် အမှတ်တရည ဖြစ်တော့မည့်ပုံမျိုး။

အဖေနှင့်အမေက အုပ်စုထိပ်မှာ ၀မ်းမြောက်ဂုဏယူသည့် အသွင်အပြင်များဖြင့် ရပ်နေကြသည်။ ကလေး တွေ၏ မိခင်က ခင်ပွန်းသည်၏ လက်ကို ကိုင်လျှက် သူ့မျက်နှာကို ရွှန်းရွှန်းစားစား ကြည့်နေပုံမှာ " မေ့ချစ်သူ လူစွမ်းကောင်းကြီး " ဟု နှုတ်ခွန်းဆက်နေဘိသည့်အလား အထင်ကြီးမှု၊ လေးစားမှု လက္ခဏာတွေ အပြည့်ပါသည်။ ခင်ပွန်းသည်ကလည်း " အားကိုးစမ်းပါ အချစ်ရယ် " ဟု ခွန်းတုံ့ပြန်နေသည့်နှယ် ဂုဏ်ယူသော အပြုံးနှင့် ချစ်ကြည့်နူးစွာ ကြည့်သည်။

သည်အခိုက် လက်မှတ်ရောင်းသော အမျိုးသမီးက အဖေ လုပ်သူအား လက်မှတ် ဘယ်နှစ်စောင်ယူမလဲ လှမ်းမေးသည်။

"ကျွန်တော် ကလေး လက်မှတ် ရှစ်စောင်နဲ့ လူကြီးလက်မှတ် နှစ်စောင် လိုချင်ပါတယ်၊ အဲဒါ မှ ကျွန်တော်တို့တစ်မိသားစုလုံး လာလို့ရမှာ " သူက တက်တက်ကြွကြွပင် ဖြေသည်။

အမျိုးသမီးက လက်မှတ်ခ နှုန်းထားများ လှမ်းပြောသည်။

ဇနီးသည်က သူ့ခင်ပွန်း၏လက်ကို လွှတ်ချလိုက်ပြီး ခေါင်းလည်း ငုံ့သွားသည်။ အမျိုးသား၏ နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်လာသည်။ သူရှေ့သို့ အနည်းငယ်တိုးကာ " ဘယ်လောက်ဗျာ" ဟူး၍ မေးသည်။

လက်မှတ်ရောင်းသော အမျိုးသမီးက ဈေးနှုန်းတွေ ထပ်ပြောသည်။

အဖေ လုပ်သူမှာ ပိုက်ဆံ အလုံအလောက်မပါ။

သို့သော် သည်အချိန်ကျမှ သူနောက်ဘက်လှည့်ကာ ကလေးတွေကို အဖေ့မှာ ပိုက်ဆံ အလုံအလောက်မပါလို့ သည်ည ဆပ်ကပ် ကြည့်နိုင်မှာ မဟုတ်ဘူးဟု သူဘယ်သို့ ပြောထွက်နိုင်ပါမည်နည်း။

ဖြစ်ပျက်ပုံ အလုံးစုံကို မြင်ကာ ကျွန်တော့အဖေ အင်္ကျီအိပ်ထဲ လက်နှိုက်သည်။ ဒေါ်လာ ၂၀ တန် တစ်ရွက်ထုတ်လာပြီနောက် မြေကြီးပေါ် အသာပစ်ချသည်။ (ကျွန်တော်တို့လည်း ချမ်းသာသူများမဟုတ်ကြောင်း ကြားဖြတ်ပြောလိုပါသည်။) ထို့နောက် အဖေပဲ သည့်ပိုက်ဆံကို ပြန်ကောက်ကာ ကလေးမျာဖခင် ပခုံးကို သွားပုတ်ပြီးပြောသည်။ " ဒီမှာ ခင်ဗျ၊ စောစောကေ ခင်ဗျား အိတ်ထဲက ထွက်ကျသွားတယ် "

အဖေ ဘာလုပ်သည်ဆိုတာ ထိုပုဂ္ဂိုလ် ကောင်းစွာ နားလည်လိုက်ပါသည်။ ဘယ်သူ့ဆီမှာမှ သူလက်ဖြန့်တောင်းခံခဲ့သည်တော့မဟုတ်။ သို့သော် ဒီလို အသည်းအသန် အရေးကြီးအချိန်၊ ဖခင်တစ်ယောက်အနေနှင့် အရှက်ဘကီး ရှက်ရမည့် အ ဖြစ်မျိုး ကြုံရအံ့ဆဲဆဲ အချိန်တွင် မမျှော်ဘဲ ပေါ်ပေါက်လာသည့် သည်အကူအညီအတွက် သူတကယ်ပဲ ကျေးဇူးတင်သွားခဲ့သည်။ ဒေါ်လာ ၂၀ တန် ကိုင်ထားသော အဖေ့လက်ကိုသူ့လက်နှစ်ဖက်နှင့် ဖျစ်ညှစ်ဆုပ်ကိုင်ကာ တုန်ယင်သော နှုတ်ခမ်းများဖြင့် ကျေးဇူး တင်စကား ဆိုသည်။

" ကျေးဇး တင်ပါတယ်ဗျာ၊ တကယ့်ကို ကျေးဇူးပါပဲ၊ ကျွန်တော့အတွက်ရော ကျွန်တော့် မိသားစုအတွက်ပါ အဖိုးမဖြတ်နိုင်ပါဘူးဗျာ " သည်လိုပြောရင်း သူ့ပါးပြင်ပေါ်မှ မျက်ရည်တစ်ပေါက် လိမ့်ဆင်းကျလာသည်။

အဖေ နှင့် ကျွန်တော် ကားဆီသို့ လှည့်ပြန်ကာ အိမ်သို့ပဲ မောင်းလာခဲ့ကြသည်။ အဲသည်ည  ဆပ်ကပ်ပွဲသို့ကျွန်တော်တို့ မသွားကြပါ။ သို့သော် သည်ညသည်သာ အချည်းအနှီး ညတော့ လုံးဝ မဟုတ်ခဲ့။

မူရင်း။    ။ Dan Clark ၏ The Circus.

ဖေမြင့်၏

နှလုံးသား အာဟာရ စာအုပ်မှ

နောက်ထပ် ခေါင်းစဉ်များကို လည်း ဆက်လက် ရေးသား ဖော်ပြပေးသွားပါအုံးမယ်ခင်ဗျာ..

zawtk....

2 comments:

thawzin said...

အရမ်းကောင်းတဲ့ ပို့စ်လေးပါဗျာ။ မှတ်သားလောက်ပါတယ်။ အဲလိုမျိုး ပရဟိတစိတ်လေးတွေ လူတိုင်းမှာ ရှိကြရင် ဘယ်လောက်ကောင်းလိုက်မလဲနော်။ အဲဒီ ကလေးရှစ်ယောက်အဖေဘယ်လောက် ကျေနပ်ဝမ်းသာ ကျေးဇူးတင်မယ်တော့မသိဘူး။ ကျွန်တော် စာဖတ်သူကပါ အဲဒီကူညီလိုက်တဲ့ သားအဖကို ကျေးဇူးအရမ်းတင်ပြီး လေးစားမိပါတယ်ဗျာ။

Logan said...

usa, buy alesse, 879996, albuterol no prescription, %P, abilify without prescription , 629539, low cost albuterol sulfate, 461159, buy aleve, pozjgo, allegra-d online, >:-P, albuterol, :-D, actos online buy, :-]]], aldactone price, =))), buy albuterol sulfate, 409, buy generic aleve, 8-)), buy generic accupril online, dngcg,

 
^ထိပ်ဆုံးသို့