မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Wednesday, December 2, 2009

စကားဆုံးအောင်ပြောခွင့်ပေးပါ

ပုံပြင်လေးတစ်ပုဒ်က ဒီလိုဆိုပါတယ်။

ငါးနှစ်အရွယ် သားငယ်ကို မိခင်ဖြစ်သူက "သား.. သားနဲ့မေမေတို့ အပြင်ထွက်လည်ကြတဲ့အချိန် မေမေတို့ ရေအရမ်းငတ်ပြီး ရေဗူးလဲမပါခဲ့ဘူးဆိုပါစို့။ ဒါပေမယ့် သားလွယ်အိတ်ထဲမှာ ပန်းသီးနှစ်လုံး ရှိနေခဲ့တယ်ဆိုရင် သားဘာလုပ်မလဲ?" လို့ မေးခဲ့တယ်။

"ပန်းသီးနှစ်လုံးကို သားတစ်ကိုက်စီ ကိုက်ပစ်မယ်" သားက ခေါင်းလေးစောင်းပြီး စဉ်းစားရင်း ပြန်ဖြေတယ်။

သားအဖြေက မိခင်ဖြစ်သူကို မျှော်လင့်ချက်မဲ့စေတယ်ဆိုတာကို မပြောလည်း သိကြပါလိမ့်မယ်။ မိခင်က တစ်ခြားမိဘတွေလို သားကိုအပြစ်တင်စကားပြောမယ်၊ နောက်ပြီး သားကို ဘယ်လိုလုပ်သင့်တယ်လို့ ပြောဆိုဆုံးမမယ်လို့ စိတ်ကူးပြီး စကားစဖို့ပြင်တယ်။ ဒါပေမယ့် စကားမစခင် မိခင်ကရုတ်တရက် အကြံပြောင်းသွားပြီး သားမျက်နှာကို ပွတ်သပ်ရင်း ပြန်မေးတယ်။

"သား... သားဘာဖြစ်လို့ ဒီလိုလုပ်ရသလဲဆိုတာ မေမေကိုပြောပြနိုင်မလား?"

"ဟို.. ဟို အချိုဆုံးတစ်လုံး မေမေ့ကိုပေးမလို့ပါ" သားက မျက်လုံးလေးပုတ်ခတ် ပုတ်ခတ်နဲ့ အပြစ်ကင်းကင်း ပြန်ဖြေတယ်။

မိခင်ရဲ့မျက်လုံးအိမ်ထဲမှာ ဝမ်းသာတဲ့မျက်ရည်တွေ လက်ခနဲ့ထသွားခဲ့တယ်။

အဲဒီမိခင်ကို ကံကောင်းတဲ့မိခင်လို့ မြင်မိတယ်။ ဘာဖြစ်လဲဆိုတော့ သူ့ရဲ့ယုံကြည်ခွင့်လွတ်စိတ်နဲ့ သားရဲ့အချစ်ကို ခံစားခဲ့မိလို့ဖြစ်တယ်။ သားကိုလည်း ကံကောင်းသူအဖြစ် မြင်မိတယ်။ စကားကို ဆုံးအောင်ပြောခွင့်ပေးတဲ့ မိခင်ကြောင့် သူ့ရင်ထဲက ရိုးသားမှုတွေကို ထုတ်ဖော်ခွင့်ရခဲ့လို့ဖြစ်တယ်။

http://www.duwenzhang.com 让孩子把话说完

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

zawtk...

1 comments:

htoo ei khin said...

အချိန်သည်ကျွန်ကောင်းဖြစ်သော်လည်းသခင်ဆိုးဖြစ်သည်။ လူတိုင်း၏ဘ၀တွင်အခွင့်အေ၇းသည်သုံးကြိမ်သုံးခါတံခါးခေါက်သည်။ ပျော့ညံ့သူအတွက်ဘ၀သည်ဝန်ထုပ်ဖြစ်သည်။ကြံ့ခိုင်သူအတွက်ဘ၀သည်စိန်ခေါ်ချက်ဖြစ်သည်။
မျက်စိကွယ်သူအတွက်နေသာသည်မသာသည်ကအကြောင်းမဟုတ်ချေ။
လူတိုင်းအတွက်အကောင်းဆုံးရေမွှေးကားနာမည်ကောင်းတစ်ခုပင်ဖြစ်သည်။
ဝေဒနာခံစားရခြင်းသည်ဘ၀၏အစိပ်အပိုင်းတစ်ခုဖြစ်သော်လည်းမည်သည့်အခါမှာမှသူတစ်ပါး၏အသည်းကိုမခွဲပါနဲ့။
ဘ၀အချိန်အလွန်နှောင်းသောအခါမှလူသည်သူလျှောက်သင့်ခဲ့သည့်ပိုကောင်းသောလမ်းကိုမြင်လေ့ရှိသည်။
လူအလူနအဖြစ်နေထိုင်မည့်အစားသေသော်မှကောင်း၏။
လူသည်အကျပြင်းထန်လေအထက်မြင့်မြင့်တက်လေဖြစ်သည်။သို့သော်သူ့အနေဖြင့်နာတတ်ရန်လိုအပ်သည်။
ပန်းတိုင်မရှိသောလူသည်တက်မပါသောသင်္ဘောနှင့်တူသည်။
သင်အမှတ်ရသည့်အရာများကအရာဝင်သည်မဟုတ်ချေ။သူတစ်ပါးအမှတ်ရသည့်အရာများကအရာဝင်သည်။
ချိုသာသောစကားလုံးများပြောဆိုသူကိုသတိထားပါ။
သင့်ရန်သူများကိုအချစ်ဖြင့်လွှမ်းမိုးအနိုင်ယူပါ။
အချစ်သည်အသည်းနှလုံးကိုပွေ့ဖက်ပိုက်ထွေးတတ်သည်။ထို့နောက်ဖျစ်ညှစ်သောခံစားချက်ဖြစ်သည်။
ချစ်နေကြသူများအတွက်အခြားမည်သည့်အကြောင်းတရားများမှအရာမ၀င်ချေ။
အချစ်ခံရန်မျှော်လင့်သူသည်မှန်ကန်စွာချစ်တတ်နည်းပထမသိရန်လိုအပ်သည်။
အကောင်းဆူံးနှင့်ဈေးအချိုဆုံးလက်ဆောင်ကားအချစ်ပင်။
အရိုင်းဆုံးသားကောင်ပင်အချစ်လိုအပ်သည်။
အချစ်သည်ထိန်းသိမ်းရန်အခက်ခဲဆုံးသောလျှို့ဝှက်ချက်ဖြစ်သည်။
အချစ်သည်အမှတ်တမဲ့ပြုလုပ်သည့်အရာလေးများတွင်တည်ရှိသည်။
စကားလုံးအားလုံးထဲတွင်အချစ်သည်အင်အားအကြီးဆုံးဖြစ်သည်။
တစိမ်းကိုမည်သည့်အခါမှမချစ်ပါနဲ့။
အချစ်တွင်မျက်စေ့မရှိပါ။
အချစ်ဖြင့်မူးယစ်နေခြင်းသည်အရက်ဖြင့်မူးယစ်နေခြင်းထက်ဆိုးဝါးသည်။
ယောကျာ်းများအတွက်အချစ်သည်အဖြစ်အပျက်တစ်ခုသာဖြစ်သည်။
မိန်းမများအတွက်အချစ်သည်ဘ၀တစ်ခုဖြစ်သည်။
ဆာလောင်မွတ်သိပ်မှုကအိမ်ရှေ့တံခါးမှဝင်လာသည်နှင့်အချစ်သည်အိမ်နောက်ဖေးတံခါးမှထွက်သွားသည်။
အချစ်သည်ထာဝရတည်ရှိကြောင်းအရူးအမိုက်များသာယုံကြည်သည်။
အချစ်ပြင်းထန်လျှင်အမုန်းပြင်းထန်သည်။
အချစ်ကိုအပြည့်အ၀နားလည်သူတစ်ဦးတစ်ယောက်မျှမရှိချေ။
အချစ်ကိုတွန်းလှန်ပစ်နိုင်သောသူတစ်ဦးတစ်ယောက်မျှမမွေးဖွားသေးချေ။
ချစ်ရသည်ထက်အချစ်ခံရသည်ကအကောင်းဆုံးဖြစ်သည်။

 
^ထိပ်ဆုံးသို့